သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၆ ခုနှစ်၊ ဧပြီ ၂၄ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် မတ် ၆ မှ ဧပြီ ၂၄ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ သွန်သင်သည့်အခါ အကြောင်းအရာပြောင်းလဲမှုတစ်ခုစီအတွက် အဘယ်ကြောင့် ရပ်တန့်သင့်သနည်း၊ သို့သော် ထိုသို့ပြုရာတွင် အဘယ်အရာက ကျွန်ုပ်တို့ကို အဟန့်အတားဖြစ်စေနိုင်သနည်း။ [ပက စ. ၉၈ အပိုဒ် ၃-၄]
၂။ အခြားသူများကိုသက်သေခံသည့်အခါ ရပ်တန့်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၉၉ အပိုဒ် ၅–စ. ၁၀၀ အပိုဒ် ၄]
၃။ ဟောပြောချက်ပေးသည့်အခါ ဆိုလိုရင်းသဘောပေါက်အောင် အလေးပေးမှုပြုခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ ဆိုလိုရင်းသဘောပေါက်အောင် လျောက်ပတ်သောအလေးပေးမှုကို ကျွန်ုပ်တို့ မည်သို့ကျင့်ယူနိုင်သနည်း။ [ပက စ. ၁၀၁ အပိုဒ် ၁-၅၊ လေးထောင့်ကွက်]
၄။ လူအများရှေ့ဖတ်ရှုသည့်အခါ အကြောင်းအရာ၏ အဓိကအယူအဆများကို အလေးအနက်ပြုကြောင်း မည်သို့သေချာစေနိုင်သနည်း။ [ပက စ. ၁၀၅ အပိုဒ် ၁-၆]
၅။ သွန်သင်သည့်အခါ သင့်တော်သောအသံပမာဏသည် အဘယ်ကြောင့် အရေးကြီးသနည်း။ အသုံးပြုရန် အသံပမာဏကို မည်သို့သတ်မှတ်ဆုံးဖြတ်နိုင်သနည်း။ [ပက စစ. ၁၀၇-၈]
တာဝန်နံပါတ် ၁
၆။ ယနေ့ ခရစ်ယာန်များ၏အခြေအနေသည် ဧသတာနှင့် မော်ဒကဲတို့၏အခြေအနေနှင့် မည်သို့ဆင်တူသနည်း။ သူတို့၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ [ဘကမ-၀၁ စ. ၁၆ အပိုဒ် ၁၇]
၇။ “အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏” ဟုဆိုရာတွင် ရှောလမုန် အဘယ်အရာကို ပြောနေခြင်းဖြစ်သနည်း။ (ဒေ. ၂:၁၁) [က၀၄ ၁၀/၁၅ စ. ၄ အပိုဒ် ၃-၄]
၈။ ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့ မည်သို့ပျိုးထောင်နိုင်သနည်း။ (မာ. ၁၂:၃၀) [က၀၄ ၃/၁ စစ. ၂၀-၂၂]
၉။ ဝိညာဉ်ရေးအဖိုးတန်ရာများနှင့် စည်းစိမ်ဥစ္စာစုဆောင်းခြင်းတို့တွင် အဘယ်ခြားနားမှုများရှိနိုင်သနည်း။ [က၀၄ ၁၀/၁၅ စစ. ၅-၇]
၁၀။ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတွင် စိတ်မပျံ့လွင့်ဘဲနားထောင်ရန် အဘယ်အရာက အကူအညီဖြစ်စေနိုင်သနည်း။ [ပက စစ. ၁၅-၁၆]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဟာမန်၏မျက်နှာကို အဘယ်ကြောင့် ဖုံးသနည်း။ (ဧသ. ၇:၈)
၁၂။ ဧလိဖတ်၏အတွေးအခေါ်ကို အဘယ်ဝိညာဉ်သတ္တဝါက လွှမ်းမိုးခဲ့သနည်း။ (ယောဘ ၄:၁၅၊ ၁၆) [က၀၅ ၉/၁၅ စ. ၂၆ အပိုဒ် ၂]
၁၃။ ယောဘ ၇:၉၊ ၁၀ နှင့် ယောဘ ၁၀:၂၁ ပါဖော်ပြချက်များက ယောဘသည် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြောင်း ပြသလော။
၁၄။ “ငါ့သွား၏အရေပြားသာပါလျက် ငါပြေးလွတ်ရ၏” ဟုဖော်ပြရာတွင် ယောဘ ဘာကိုဆိုလိုခြင်းဖြစ်နိုင်သနည်း။ (ယောဘ ၁၉:၂၀၊ ကဘ)
၁၅။ “ငါ့သမာဓိကိုမစွန့်လွှတ်” ဟုပြောသည့်အခါ ယောဘ အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (ယောဘ ၂၇:၅၊ ကဘ)