ကြေညာချက်များ
◼ ဧပြီနှင့်မေ တွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ ဇွန်– ကြီးမြတ်သောဆရာထံမှ သင်ယူလော့ [လိပ်] စာအုပ်ကိုဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် မိသားစုပျော်ရွှင်မှု စာအုပ်ကို ဝေငှပါ။
◼ အသင်းတော်အတွင်းရေးမှူးများသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205) နှင့် အရန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205b) ပုံစံများအလုံအလောက်ရှိထားသင့်သည်။ ယင်းတို့ကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့်မှာယူနိုင်သည်။ အနည်းဆုံးတစ်နှစ်စာရှိထားသင့်သည်။ မှန်မှန်ရှေ့ဆောင်လျှောက်လွှာပုံစံများကို ဌာနခွဲသို့မပို့မီ ယင်းတို့ကို ပြည့်စုံစွာဖြည့်စွက်မှုရှိမရှိ သေချာစေသင့်သည်။
◼ ဌာနခွဲရုံးသည် ဦးစီးကြီးကြပ်မှူးနှင့် အတွင်းရေးမှူးအားလုံး၏ လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးအချက်အလက်များကို သိမ်းဆည်းထားရန် လိုအပ်သည်။ တစ်ချိန်ချိန်တွင် အပြောင်းအလဲရှိလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ဦးစီးကြီးကြပ်မှူး/အတွင်းရေးမှူးလိပ်စာပြောင်းခြင်း (S-29) ပုံစံကို ဖြည့်စွက်လက်မှတ်ရေးထိုးကာ ဌာနခွဲရုံးသို့ ချက်ချင်းပို့သင့်သည်။ ယင်းတွင် မည်သည့်တယ်လီဖုန်းသင်္ကေတ အပြောင်းအလဲမဆို ပါဝင်သည်။