ကြေညာချက်များ
◼ မတ်– စောင့်နေကြလော့! ဘရိုရှာကိုဝေငှပါ။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုစတင်နိုင်ရန် ကြိုးစားသင့်သည်။ သင်နှင့်ကျမ်းစာလေ့လာနေသူများကို ထိုစာအုပ် ဝေငှနိုင်သည်။ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့် နိုးလော့! နှစ်မျိုးစလုံးကိုဝေငှပါမည်။ အောက်မေ့ရာပွဲနှင့် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုစတင်နိုင်ရန် ကြိုးစားပါ။
◼ အသင်းတော်များသည် ကင်းမျှော်စင် နှင့် နိုးလော့! နောက်ဆုံးထုတ်များကို ရရှိသည်နှင့် ချက်ချင်းဖြန့်ဝေပေးသင့်သည်။ ဤသို့ပြုခြင်းဖြင့် ကြေညာသူများသည် လယ်ကွင်းလုပ်ငန်းတွင် မဂ္ဂဇင်းများမဝေငှမီ ပါရှိသည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိမည်ဖြစ်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ စစ်ဆေးပြီးသောအခါ ယင်းကို နောက်စာရင်းအင်းအစီရင်ခံစာနှင့်အတူ အသင်းတော်အား ကြေညာပေးသင့်သည်—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) ကိုရှု။