လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁၅ ကင်းမျှော်စင်နှင့် မေလထုတ် နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။
၁၅ မိ– ဘုရားသခင့်စကားတော် သွန်သင်သူများအဖြစ် အပြည့်အဝပြင်ဆင်လေ့ကျင့်ခံရ။ ၂၀၀၂၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၄-၈ ကိုအခြေခံ၍ ဟောပြောရန်။ ခရစ်ယာန်အချို့သည် ကျမ်းစာသင်အံမှုကျင်းပရန် အရည်အချင်းမပြည့်မီဟု ခံစားရသဖြင့် စိတ်ဝင်စားသူများကို သင်အံမှုကမ်းလှမ်းရန် တွန့်ဆုတ်ကြသည်။ သို့သော် ယေဟောဝါသည် မိမိ၏နှုတ်မြွက်တော်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အဖွဲ့အစည်းအားဖြင့် ကျွန်ုပ်တို့ကို ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းပြည့်မီစေသည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ စာပေများ ဝေငှရန်သာ မဟုတ်ပါ။ လူတို့ကို သွန်သင်ပေးရန် ကြိုးပမ်းသင့်သည်။ (မ. ၂၈:၁၉၊ ၂၀) ထို့ကြောင့် ကျမ်းစာသင်အံမှုစတင်ရန်ပန်းတိုင်ကို စိတ်စွဲမှတ်ထားဖို့ ကြေညာသူများကို အားပေးပါ။
၂၀ မိ– ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ အခန်း ၁၃ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။
သီချင်း ၁၄၄ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၁၅ မိ– သင်မှတ်မိသလော။ ၂၀၀၇၊ ဧပြီ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၉ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၀ မိ– “ယေဟောဝါ၏အမှုတော်တွင် ကျွန်ုပ်တို့ကိုယ်ကို ဝမ်းမြောက်စွာအသုံးတော်ခံကြ!”a အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
သီချင်း ၈၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်နှင့် သင့်လျော်သည့် တင်ဆက်မှုများကို အသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင် ဝေငှပုံကို သရုပ်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “‘ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး’ ထဲ သင်ဝင်ရောက်နိုင်မည်လော။”b မှန်မှန်ရှေ့ဆောင်တစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။ မှန်မှန်ရှေ့ဆောင်လုပ်နိုင်ရန် မည်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသနည်း။ မည်သည့်ကောင်းချီးများ ခံစားနေရသနည်း။
သီချင်း ၁၃၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဇူလိုင်လတွင် ဝေငှမည့်စာပေကို ဖော်ပြကာ တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။
၁၅ မိ– အလွတ်သဘောသက်သေခံခြင်း—အရေးပါသော သတင်းကောင်းဟောပြောခြင်းနည်းလမ်းတစ်ခု။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၁၀၁-၂ ကို အခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးပါ။ အလွတ်သဘောသက်သေခံနိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကို ဖော်ပြပါ။ အလွတ်သဘောသက်သေခံရာတွင် ရရှိခဲ့သော အားတက်ဖွယ်တွေ့ ကြုံမှုများကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– “‘များစွာသောအသီးကိုသီး’ နေလော့။”c အပိုဒ် ၄ ကိုဆွေးနွေးစဉ် ၂၀၀၃ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် စာမျက်နှာ ၂၁ ပါ “‘ခံနိုင်ရည်ဖြင့်အသီး,သီး’ နိုင်ပုံ” လေးထောင့်ကွက်မှ မှတ်ချက်များပါဝင်စေပါ။
သီချင်း ၆၉ နှင့်နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။