သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ မှ အောက်တိုဘာ ၂၉ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေးများ
၁။ ထပ်တလဲလဲပြောဆိုခြင်းသည် အဘယ်ကြောင့် အရေးကြီးသည့်သွန်သင်နည်းတစ်နည်းဖြစ်သနည်း။ [ပက စ. ၂၀၆ အပိုဒ် ၁-၂၊ လေးထောင့်ကွက်]
၂။ ဟောပြောချက်တစ်ခု၏အဓိကအကြောင်းကို မည်သည့်နည်းများဖြင့် ပေါ်လွင်စေနိုင်သနည်း။ [ပက စ. ၂၁၀၊ လေးထောင့်ကွက်]
၃။ ဟောပြောချက်တစ်ခု၏ အဓိကအချက်များကား အဘယ်နည်း။ အဓိကအကြောင်းကို ရွေးချယ်ရာတွင် အဘယ်အရာက ဟောပြောသူအား လမ်းညွှန်သနည်း။ [ပက စ. ၂၁၂ အပိုဒ် ၁-၃]
၄။ ဟောပြောချက်တွင် အဓိကအချက် အဘယ်ကြောင့် မများလွန်းသင့်သနည်း။ [ပက စ. ၂၁၃ အပိုဒ် ၂-၄]
၅။ စိတ်ဝင်စားမှုနှိုးဆွသောနိဒါန်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ [ပက စ. ၂၁၅ အပိုဒ် ၁; စ. ၂၁၆ အပိုဒ် ၁-၃၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်စိတ်ချနိုင်ကြောင်း ကျွန်ုပ်တို့နားလည်စေရန် ဆာလံ ၁၁၉:၈၉၊ ၉၀ ကမည်သို့ကူညီပေးသနည်း။ [က၀၅ ၄/၁၅ စ. ၁၅ အပိုဒ် ၃]
၇။ ယေဇကျေလကျမ်းသည် အဘယ်အရာကို အလေးအနက်တင်ပြသနည်း။ ယခု မိမိတို့၏ဘဝအသက်တာတွင် ယေဟောဝါအား သန့်ရှင်းမြင့်မြတ်စေသူများသည် အဘယ်ကောင်းကျိုးခံစားရမည်နည်း။ [ဘကမ-၀၂-၁ စ. ၁၈ အပိုဒ် ၃၃]
၈။ ယေဟောဝါ၏ ‘စကားတော်’ သည် ကျွန်ုပ်တို့၏နှလုံးကို မည်သို့စောင့်ရှောက်နိုင်သနည်း။ (ဆာ. ၁၈:၃၀) [က၀၅ ၉/၁ စ. ၃၀ အပိုဒ် ၂]
၉။ ဒံယေလကျမ်းတစ်ကျမ်းလုံးတွင် နိုင်ငံတော်မျှော်လင့်ချက်အကြောင်းကို အဘယ်နည်းဖြင့် အလေးပေးတင်ပြထားသနည်း။ [ဘကမ-၀၂-၁ စ. ၂၁ အပိုဒ် ၂၃]
၁၀။ ဟောရှေကျမ်းသည် ယေဟောဝါ၏မှုတ်သွင်းခံပရောဖက်ပြုချက်များ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေသနည်း။ [ဘကမ-၀၂-၁ စ. ၂၄ အပိုဒ် ၁၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဗိမာန်တော်ကို တိုင်းတာခြင်းသည် အဘယ်အဓိပ္ပာယ်ရှိခဲ့ပြီး ယင်းသည် ယနေ့ ကျွန်ုပ်တို့အား အဘယ်အရာကို စိတ်ချစေသနည်း။ (ယေဇ. ၄၀:၂-၅) [က၉၉ ၃/၁ စ. ၉ အပိုဒ် ၆; စ. ၁၇ အပိုဒ် ၇]
၁၂။ ယေဇကျေလ၏ရူပါရုံ နောက်ဆုံးပြည့်စုံချက်တွင် မည်သူသည် “အကဲအမှူး” ဖြစ်သနည်း။ (ယေဇ. ၄၈:၂၁၊ ကဘ) [က၉၉ ၃/၁ စ. ၁၈ အပိုဒ် ၁၃-၁၅; စ. ၂၈ အပိုဒ် ၁၉-၂၀]
၁၃။ ဒံယေလ ၂:၂၁ ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ [က၉၈ ၉/၁၅ စ. ၁၂ အပိုဒ် ၉]
၁၄။ ဒံယေလသည် အဘယ်ကြောင့် ယေဟောဝါ၏အမြင်တွင် “အလွန်ချစ်အပ်သောသူ” ဖြစ်ခဲ့သနည်း။ (ဒံ. ၉:၂၃) [dp–BU စ. ၁၈၆ အပိုဒ် ၁၂; က၀၄ ၈/၁ စ. ၁၂ အပိုဒ် ၁၇]
၁၅။ ဣသရေလနိုင်ငံသည် အဘယ်နည်းဖြင့် “ဘုရားသခင်ကိုမသိကြ” သနည်း။ ထိုစကားများသည် ကျွန်ုပ်တို့တစ်ဦးစီအပေါ် မည်သို့ အကျိုးသက်ရောက်သင့်သနည်း။ (ဟော. ၄:၁၊ ၂၊ ၆) [က၀၅ ၁၁/၁၅ စ. ၂၁ အပိုဒ် ၂၁; jd–E စ. ၅၇-၈ အပိုဒ် ၅; စ. ၆၁ အပိုဒ် ၁၀]