၂၀၀၈ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်
ညွှန်ကြားချက်များ
၂၀၀၈ ခုနှစ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။
ပင်ရင်းအကြောင်းအရာ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း [ကဘ]၊ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ [be-BU]၊ ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ [bsi08-1-BU] နှင့် [bsi08-2-BU]၊ ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း [rs-BU]။
သီချင်းဆို၊ ဆုတောင်း၊ ကြိုဆိုနှုတ်ဆက်ခြင်းဖြင့် ကျောင်းကို အချိန်မီ စတင်သင့်သည်။ ထို့နောက် အောက်ပါအတိုင်း ကျင်းပသွားရန်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် တစ်ခုစီပြီးတိုင်း နောက်အပိုင်းကိုမိတ်ဆက်ပေးမည်။
စကားပြောအရည်အသွေး– ၅ မိနစ်။ ကျောင်းကြီးကြပ်မှူး၊ အရန်သွန်သင်ချက်ပေးသူ သို့မဟုတ် အခြားအရည်အချင်းပြည့်မီသော အကြီးအကဲတစ်ဦးသည် ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်ကို အခြေပြုထားသည့် စကားပြောအရည်အသွေးတစ်ခုကို ဆွေးနွေးပါမည်။ (အကြီးအကဲအရေအတွက်နည်းသည့် အသင်းတော်များတွင် အရည်အချင်းပြည့်မီသော ဓမ္မအမှုထမ်းများကို အသုံးပြုနိုင်သည်။)
တာဝန်နံပါတ် ၁– ၁၀ မိနစ်။ ယင်းကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး ကိုင်တွယ်သင့်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ သို့မဟုတ် ‘ကျမ်းစာတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု’ ပါအကြောင်းကို အခြေခံမည်ဖြစ်သည်။ ယင်းကို ဆယ်မိနစ်လုံးလုံး သွန်သင်ဟောပြောချက်အနေနှင့် တင်ပြရန်ဖြစ်သည်။ ဦးတည်ချက်မှာ အကြောင်းအရာကို အပြီးတင်ပြနိုင်ရုံသာမဟုတ်ဘဲ ဆွေးနွေးဖော်ပြသည့်အချက်အလက်များ၏ လက်တွေ့ကျတန်ဖိုး ကို အာရုံစူးစိုက်ရန်ဖြစ်သင့်သည်၊ အသင်းတော်အတွက် အကူအညီအဖြစ်ဆုံးသောအချက်များကို ပေါ်လွင်စေသင့်သည်။ ဖော်ပြထားသောအဓိကအကြောင်းကို အသုံးပြုသင့်သည်။ ဤဟောပြောချက်ကို တာဝန်ရသောညီအစ်ကိုများသည် ကန့်သတ်ထားချိန်အတွင်း ဟောပြောရန် ဂရုစိုက်မည်ဟု မျှော်လင့်ပါသည်။ လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ– ၁၀ မိနစ်။ ပထမငါးမိနစ်တွင် အရည်အချင်းပြည့်မီသောအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးသည် အကြောင်းအရာကို အသင်းတော်အကျိုးရှိစေသည့်နည်းဖြင့် တင်ပြသင့်သည်။ သူသည် အပတ်အတွက် တာဝန်ပေးထားသောကျမ်းစာဖတ်ရှုခြင်းမှ မည်သည့်အပိုင်းကိုမဆို မှတ်ချက်ပေးနိုင်သည်။ ဖတ်ရှုရန်ပေးထားသည့်အခန်းများကို အကျဉ်းချုံးဖော်ပြရုံမျှမဖြစ်သင့်။ အဓိကဦးတည်ချက်မှာ အချက်အလက်များသည် အဘယ်ကြောင့် နှင့် အဘယ်သို့ တန်ဖိုးရှိသည်ကို ပရိသတ်သဘောပေါက်စေရန်ဖြစ်၏။ ဟောပြောသူသည် အဖွင့်ပိုင်းအတွက်သတ်မှတ်ထားသည့် ငါးမိနစ်ထက်မကျော်စေရန် ဂရုစိုက်သင့်သည်။ သူသည် ပရိသတ်ပါဝင်မှုအတွက် ငါးမိနစ်ကို သီးသန့်ဖယ်ထားကြောင်း သေချာစေသင့်သည်။ ကျမ်းစာဖတ်ရှုခြင်းတွင် သူတို့သိရှိသဘောပေါက်ခဲ့ရာများနှင့် ယင်းတို့၏အကျိုးကျေးဇူးများအပေါ် တိုတုတ်သော မှတ်ချက်များ (၃၀ စက္ကန့် သို့မဟုတ် ထိုထက်နည်းလျက်) ပေးကြရန် ပရိသတ်ကိုဖိတ်ခေါ်သင့်သည်။ ထို့နောက် ကျောင်းကြီးကြပ်မှူးသည် အခြားအတန်းများတွင် တာဝန်ရထားသော ကျောင်းသားများအား ထွက်သွားစေပါမည်။
တာဝန်နံပါတ် ၂– ၄ မိနစ် သို့မဟုတ် ထိုထက်နည်း။ ညီအစ်ကိုတစ်ဦးကိုပေးရမည့် ဖတ်ရှုခြင်းတာဝန်ဖြစ်၏။ ကျောင်းသားသည် နိဒါန်း သို့မဟုတ် နိဂုံးမပါဘဲ တာဝန်ပေးထားသည့် အကြောင်းအရာကို ဖတ်ပြသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သဘောပေါက်မှု၊ သွက်လက်ပြေပြစ်မှု၊ အဓိပ္ပာယ်ပေါ်စေသည့် လျောက်ပတ်သောလေးနက်မှု၊ အသံအပြောင်းအလဲ၊ သင့်လျော်သောရပ်တန့်ခြင်းနှင့် သဘာဝကျကျဖတ်တတ်ဖို့ ကျောင်းသားများကိုကူညီရန် အထူးစိတ်ဝင်စားမည်။
တာဝန်နံပါတ် ၃– ၅ မိနစ်။ ယင်းကို ညီအစ်မတစ်ဦးအား တာဝန်ပေးပါမည်။ ဤတာဝန်ရသောကျောင်းသူများအား ဓမ္မအမှုကျောင်း ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၈၂ တွင်ဖော်ပြထားသည့်ဇယားမှ ဇာတ်အိမ်တစ်ခုကို သတ်မှတ်ပေးမည် သို့မဟုတ် ရွေးချယ်စေမည်။ ကျောင်းသူသည် ပေးထားသည့်အဓိကအကြောင်းကို အသုံးပြုကာ ဒေသခံရပ်ကွက်အတွက် သဘာဝကျပြီး လက်တွေ့ကျသော လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုနှင့် ယင်းကိုသက်ဆိုင်စေသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသူသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက် အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ကျောင်းသူအသစ်များအား ရည်ညွှန်းချက်များပေးထားသောတာဝန်များကို ပေးသင့်သည်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသူက အကြောင်းအရာအား အဆင့်ဆင့်ရှင်းလင်းတင်ပြသွားပုံ၊ အိမ်ရှင်အား ကျမ်းချက်များအပေါ်ဆင်ခြင်ရန်နှင့် တင်ဆက်သည့်အဓိကအချက်များအားနားလည်ရန် ကူညီပေးပုံတို့ကို အထူးစိတ်ဝင်စားမည်။ ကျောင်းကြီးကြပ်မှူးသည် အကူတစ်ဦးကို ခန့်အပ်ပေးမည်ဖြစ်သည်။
တာဝန်နံပါတ် ၄– ၅ မိနစ်။ ကျောင်းသားသည် ပေးထားသည့်အဓိကအကြောင်းကို အဆင့်ဆင့် ရှင်းလင်းတင်ပြသင့်သည်။ ပင်ရင်းအကြောင်းအရာအဖြစ် ရည်ညွှန်းချက်များကို မဖော်ပြထားလျှင် ကျောင်းသားသည် ကျွန်ုပ်တို့၏စာပေများတွင် သုတေသနပြုခြင်းဖြင့် ဤအပိုင်းအတွက်အကြောင်းအရာကို ရှာဖွေစုဆောင်းဖို့လိုပါမည်။ ဤအပိုင်းကို ညီအစ်ကိုတစ်ဦးအား တာဝန်ပေးလျှင် နိုင်ငံတော်ခန်းမရှိပရိသတ်ကို ရည်စူးဟောပြောသည့်အနေဖြင့် တင်ပြသင့်သည်။ ညီအစ်မတစ်ဦးကိုတာဝန်ပေးလျှင် တာဝန်နံပါတ် ၃ အတိုင်း အမြဲတင်ဆက်သင့်သည်။ ကျောင်းကြီးကြပ်မှူးသည် သင့်လျော်သည့်အခါတိုင်း တာဝန်နံပါတ် ၄ ကို ညီအစ်ကိုတစ်ဦးအား ပေးနိုင်သည်။ ဘေးတွင် ခရေပွင့်ပြထားသော အဓိကအကြောင်းများကို ဟောပြောချက်အနေဖြင့် အဆင့်ဆင့်ရှင်းလင်းတင်ပြရန် ညီအစ်ကိုများအား အမြဲတာဝန်ပေးသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးပါ တာဝန်အမျိုးမျိုးကို ကိုင်တွယ်ရန် သင့်အသင်းတော်တွင် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ ရှိသင့်သည်ထက်ပိုများမည်ဆိုလျှင် ဖြစ်နိုင်သည့်အခါတိုင်း ခရေပွင့်ပြထားသော အဓိကအကြောင်းများကို အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအား တာဝန်ပေးထားခြင်းသည် ပို၍ကောင်းသည်။
သွန်သင်ချက်– ၁ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် ကျောင်းသားပြုလုပ်သွားမည့် စကားပြောအရည်အသွေးကို ကြိုကြေညာမည်မဟုတ်။ ကျောင်းကြီးကြပ်မှူးသည် တာဝန်နံပါတ် ၂၊ ၃ နှင့် ၄ ပြီးနောက် ချီးကျူးထိုက်သော ဟောပြောချက်၏ကဏ္ဍတစ်ရပ်ပေါ် တည်ဆောက်မှုဖြစ်စေသော ရှုမြင်ချက်များပေးပါလိမ့်မည်။ သူ၏ဦးတည်ချက်မှာ “ကောင်းတယ်” ဟုဆိုရုံသာမဟုတ်ဘဲ ထိုတင်ဆက်မှုကဏ္ဍသည် အဘယ်ကြောင့်ထိရောက်မှုရှိကြောင်း သတ်သတ်မှတ်မှတ်အကြောင်းရင်းများကို ညွှန်ပြရန်ဖြစ်သည်။ ကျောင်းသားတစ်ဦးစီ၏လိုအပ်ရာနှင့်အညီ အပြုသဘောပါသော ထပ်ဆင့်သွန်သင်ချက်ကို အစည်းအဝေးပြီးသည့်အခါ သို့မဟုတ် အခြားအချိန်တစ်ချိန်တွင် သီးသန့်ပေးနိုင်သည်။
အချိန်– မည်သည့်ဟောပြောချက်မျှ အချိန်မကျော်သင့်ပါ။ သွန်သင်ချက်ပေးသူ၏ မှတ်ချက်များလည်း အချိန်မကျော်သင့်ပါ။ တာဝန်နံပါတ် ၂ မှ နံပါတ် ၄ သည်အချိန်စေ့ပါက လိမ္မာပါးနပ်စွာ ရပ်ဆိုင်းစေသင့်သည်။ စကားပြောအရည်အသွေးတစ်ခုနှင့်ဆိုင်သည့် အဖွင့်ဟောပြောချက်၊ တာဝန်နံပါတ် ၁ သို့မဟုတ် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များတင်ပြရန် တာဝန်ကျသောညီအစ်ကိုများ အချိန်ကျော်လျှင် သီးသန့်သွန်သင်ချက်ပေးသင့်သည်။ အားလုံး အချိန်မကျော်ရန် ဂရုစိုက်သင့်သည်။ သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းမပါဘဲ ကျောင်းသည် စုစုပေါင်း ၄၅ မိနစ်ဖြစ်သည်။
သွန်သင်ချက်ပုံစံ– ကျောင်းသုံးစာအုပ်တွင်။
အရန်သွန်သင်ချက်ပေးသူ– ဖြစ်နိုင်လျှင် အကြီးအကဲအဖွဲ့သည် ကျောင်းကြီးကြပ်မှူးအပြင် အရန်သွန်သင်ချက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိ အကြီးအကဲတစ်ဦးကို ရွေးချယ်နိုင်သည်။ အသင်းတော်တွင် အကြီးအကဲအတော်များများရှိပါက ဤတာဝန်ကို အရည်အချင်းပြည့်မီသောအကြီးအကဲတစ်ဦးလျှင် တစ်နှစ်စီထမ်းဆောင်နိုင်သည်။ အရန်သွန်သင်ချက်ပေးသူ၏တာဝန်သည် တာဝန်နံပါတ် ၁ နှင့် ကျမ်းစာပေါ်လွင်ချက်များတင်ဆက်သော ညီအစ်ကိုများအား လိုအပ်လျှင် သီးသန့်သွန်သင်ချက်ပေးရန်ဖြစ်သည်။ သူသည် အကြီးအကဲချင်း သို့မဟုတ် ဓမ္မအမှုထမ်းချင်းများ၏ ထိုသို့သောဟောပြောချက် တစ်ခုပြီးတိုင်း သွန်သင်ချက်ပေးရန်မလိုပေ။
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း– ၃၀ မိနစ်။ ကျောင်းကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို နှစ်လတစ်ကြိမ်ပြုလုပ်ပါမည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း စကားပြောအရည်အသွေးတစ်ခုနှင့် ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပြီးသည့်အခါ ယင်းကိုဆက်၍ပြုလုပ်ပါမည်။ နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းသည် လက်ရှိအပတ်အပါအဝင် ယခင်နှစ်လအတွင်း ကျောင်းတွင်သုံးသပ်ခဲ့သည့် အကြောင်းအရာအပေါ် အခြေခံမည်ဖြစ်သည်။ သင့်အသင်းတော် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် တိုက်နယ်စည်းဝေးပွဲရှိလျှင် ပြန်လည်သုံးသပ်ခြင်း (နှင့် ပတ်စဉ်အစီအစဉ်၏ကျန်အပိုင်း) ကို တစ်ပတ်ရွှေ့ဆိုင်းကာ နောက်အပတ်အစီအစဉ်ကို တစ်ပတ်စော၍ အသုံးပြုသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးသည် နှုတ်ဖြေပြန်လည်သုံးသပ်မည့်အပတ်တွင် သင့်အသင်းတော်သို့လည်ပတ်မည်ဆိုလျှင် သီချင်း၊ စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များကို အစီအစဉ်အတိုင်း တင်ဆက်သင့်သည်။ (စကားပြောအရည်အသွေးဟောပြောချက်ပြီးနောက် တင်ဆက်သည့်) သွန်သင်ခြင်းဟောပြောချက်ကိုမူ နောက်အပတ် အစီအစဉ်မှ ယူသင့်သည်။ နောက်အပတ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို စကားပြောအရည်အသွေးဟောပြောချက်နှင့် ကျမ်းစာပေါ်လွင်ချက်များဖြင့် အစီအစဉ်အတိုင်းကျင်းပကာ ၎င်းနောက် နှုတ်ဖြေပြန်လည်သုံးသပ်ခြင်းကို ဆက်သုံးသပ်မည်ဖြစ်သည်။
အစီအစဉ်
ဇန်. ၇ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၁–၆ သီချင်း ၆၂
စကားပြောအရည်အသွေး–လိုအပ်သောရှင်းပြချက်ကို ပေးခြင်း (be-BU စ. ၂၂၈¶(အပိုဒ်) ၂-၃)
နံပါတ် ၁–မဿဲကျမ်း၏နိဒါန်း (bsi08-1-BU¶၁–၁၀)
နံပါတ် ၂–မဿဲ ၅:၁-၂၀
နံပါတ် ၃–လူတို့ အဘယ်ကြောင့်သေရသနည်း (rs-BU စစ. ၃၂၈-၃၀¶၃)
နံပါတ် ၄–ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား ကူညီပေးသည့်နည်းလမ်းများ
ဇန်. ၁၄ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၇–၁၁ သီချင်း ၂၂၄
စကားပြောအရည်အသွေး–နှလုံးပါဝင်ပတ်သက်ပုံ (be-BU စ. ၂၂၈¶၄–စ. ၂၂၉¶၁)
နံပါတ် ၁–ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် မွေ့လျော်ပါ (be-BU စ. ၉¶၁-၅)
နံပါတ် ၂–မဿဲ ၁၀:၁-၂၃
နံပါတ် ၃–ရိုးသားစွာ ကျင့်ကြံထိုက်သည့်အကြောင်း
နံပါတ် ၄–သေလွန်သူများ အဘယ်နေရာသို့ရောက်ကြသနည်း၊သူတို့၏အခြေအနေကား မည်သို့နည်း (rs-BU စ. ၃၃၀¶၄–စ. ၃၃၂¶၂)
ဇန်. ၂၁ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၁၂–၁၅ သီချင်း ၁၃၃
စကားပြောအရည်အသွေး–သင့်ပရိသတ်အတွက် သိမှတ်ဖွယ် (be-BU စ. ၂၃၀¶၁-၆)
နံပါတ် ၁–သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပါ (be-BU စ. ၁၀¶၁–စ. ၁၂¶၃)
နံပါတ် ၂–မဿဲ ၁၄:၁-၂၂
နံပါတ် ၃–ယေဟောဝါသက်သေများသည် ငိုကြွေးခြင်းဆိုင်ရာရိုးရာဓလေ့ကို အဘယ်ကြောင့် ပါဝင်စောင့်ထိန်းခြင်းမပြုကြသနည်း (rs-BU စ. ၃၃၂¶၃–စ. ၃၃၃¶၆)
နံပါတ် ၄–အန္တိခရစ်ကား အဘယ်အရာ သို့မဟုတ် မည်သူနည်း
ဇန်. ၂၈ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၁၆–၂၁ သီချင်း ၁၇၆
စကားပြောအရည်အသွေး–သုတေသနပြုခြင်းဖြင့် ဟောပြောချက်ကို သိမှတ်ဖွယ်ရာဖြစ်စေခြင်း (be-BU စ. ၂၃၁¶၁-၃)
နံပါတ် ၁–‘သင့်နားထောင်ပုံကို ဂရုစိုက်လော့’ (be-BU စ. ၁၃¶၁–စ. ၁၄¶၄)
နံပါတ် ၂–မဿဲ ၁၇:၁-၂၀
နံပါတ် ၃–သေခြင်းနှင့်ပတ်သက်သည့် မှားယွင်းသောရှုမြင်ပုံများကိုတုံ့ပြန်ခြင်း (rs-BU စ. ၃၃၄¶၁–၃)
နံပါတ် ၄–ခရစ်ယာန်များစွဲကိုင်သည့် သန့်ရှင်းမြင့်မြတ်သောအရာများ
ဖေ. ၄ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၂၂–၂၅ သီချင်း ၁၅၁
စကားပြောအရည်အသွေး–ကျမ်းချက်များကို ရှင်းပြပေးခြင်း (be-BU စ. ၂၃၁¶၄-၅)
နံပါတ် ၁–အစည်းအဝေးများနှင့် စည်းဝေးပွဲများတွင် နားထောင်ခြင်း (be-BU စ. ၁၅¶၁–စ. ၁၆¶၅)
နံပါတ် ၂–မဿဲ ၂၃:၁-၂၄
နံပါတ် ၃–ထာဝရအသက်သည် ငြီးငွေ့စရာဖြစ်မည်မဟုတ်
နံပါတ် ၄–အိပ်မက်များ– မှုတ်သွင်းခံရခြင်းနှင့် အခြားအကြောင်းကြောင့်ဖြစ် (rs-BU စစ. ၄၃၁-၃¶၃)
ဖေ. ၁၁ ကျမ်းစာဖတ်ရှုခြင်း–မဿဲ ၂၆–၂၈ သီချင်း ၁၁၀
စကားပြောအရည်အသွေး–ဝေါဟာရများ၏အဓိပ္ပာယ်ကို ရှင်းပြခြင်း (be-BU စ. ၂၃၂¶၁)
နံပါတ် ၁–မဿဲကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BUbsi08-1-BU¶၂၉-၃၃)
နံပါတ် ၂–မဿဲ ၂၇:၁-၂၂
နံပါတ် ၃–ယုံကြည်ခြင်းတင်ပြခြင်းသည် အဘယ်ကြောင့် ယုံရုံမျှမဟုတ်
နံပါတ် ၄–ဆေးဝါးများ—ခရစ်ယာန်များအား တားမြစ်ထားချိန် (rs-BU စစ. ၉၅-၇¶၂)
ဖေ. ၁၈ကျမ်းစာဖတ်ရှုခြင်း–မာကု ၁–၄ သီချင်း ၁၆၇
စကားပြောအရည်အသွေး–ကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်း (be-BU စ. ၂၃၂¶၂-၄)
နံပါတ် ၁–မာကုကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၁၁)
နံပါတ် ၂–မာကု ၂:၁-၁၇
နံပါတ် ၃–ခရစ်ယာန်များဆေးခြောက်ကိုရှောင်ရသည့်အကြောင်း (rs-BU စ. ၉၇¶၃–စ. ၉၈¶၂)
နံပါတ် ၄–ချစ်ခြင်းမေတ္တာက သာ၍ရဲရင့်စေပုံ
ဖေ. ၂၅ကျမ်းစာဖတ်ရှုခြင်း–မာကု ၅–၈ သီချင်း ၇၂
စကားပြောအရည်အသွေး–သင့်ပရိသတ်အားအကျိုးပြုမည့် အချက်အလက်ကိုရွေးချယ်ခြင်း (be-BU စ. ၂၃၂¶၅–စ. ၂၃၃¶၄)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
မတ် ၃ကျမ်းစာဖတ်ရှုခြင်း–မာကု ၉–၁၂ သီချင်း ၁၉၅
စကားပြောအရည်အသွေး–တာဝန်ကျအကြောင်းအရာကိုအသုံးပြုခြင်း (be-BU စ. ၂၃၄¶၁–စ. ၂၃၅¶၃)
နံပါတ် ၁–သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင် (be-BU စ. ၁၇¶၁–စ. ၁၉¶၁)
နံပါတ် ၂–မာကု ၁၁:၁-၁၈
နံပါတ် ၃–ဘုရားသခင်သည် မုသာနှင့်ကင်းစင်ရသည့်အကြောင်း
နံပါတ် ၄–ခရစ်ယာန်များ ဆေးလိပ်မသောက်ကြသည့်အကြောင်း (rs-BU စ. ၉၈¶၃–စ. ၁၀၀¶၃)
မတ် ၁၀ကျမ်းစာဖတ်ရှုခြင်း–မာကု ၁၃–၁၆ သီချင်း ၈၇
စကားပြောအရည်အသွေး–မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း (be-BU စ. ၂၃၆¶၁-၅)
နံပါတ် ၁–မာကုကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၃၁-၃)
နံပါတ် ၂–မာကု ၁၄:၁-၂၁
နံပါတ် ၃–အကျင့်ဆိုးများကိုအောင်မြင်ခြင်း—မည်သို့အားဖြင့်နည်း (rs-BU စ. ၁၀၀¶၄–စ. ၁၀၁¶၃)
နံပါတ် ၄–“လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်” ရသည့်အကြောင်း (ယာ. ၁:၂၀)
မတ် ၁၇ကျမ်းစာဖတ်ရှုခြင်း–လုကာ ၁–၃ သီချင်း ၁၃
စကားပြောအရည်အသွေး–အရေးကြီးသောယူဆချက်များကိုဖော်ပြရန် မေးခွန်းများ (be-BU စ. ၂၃၇¶၁-၂)
နံပါတ် ၁–လုကာကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၉)
နံပါတ် ၂–လုကာ ၁:၁-၂၃
နံပါတ် ၃–“အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်” ရသည့်အကြောင်း (ယာ. ၂:၂၀)
နံပါတ် ၄–တိုင်းနိုင်ငံများကြောင့် မြေကြီးဆိုင်ရာဘုရားသခင့်ရည်ရွယ်ချက် ပျက်ပြားသွားမည်မဟုတ် (rs-BU စစ. ၂၂၇-၈¶၂)
မတ် ၂၄ကျမ်းစာဖတ်ရှုခြင်း–လုကာ ၄–၆ သီချင်း ၁၅၆
စကားပြောအရည်အသွေး–အကြောင်းအရာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် မေးခွန်းများ (be-BU စ. ၂၃၇¶၃–စ. ၂၃၈¶၂)
နံပါတ် ၁–မှတ်မိစေသော ဘုရားသခင့်ဝိညာဉ်တော်၏အခန်းကဏ္ဍ (be-BU စ. ၁၉¶၂–စ. ၂၀¶၃)
နံပါတ် ၂–လုကာ ၄:၁-၂၁
နံပါတ် ၃–ယေဟောဝါသည် မြေကြီးကို မီးဖြင့်ဖျက်ဆီးမည်လော (rs-BU စ. ၂၂၈¶၃–စ. ၂၂၉¶၅)
နံပါတ် ၄–ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက အပြစ်မပြုရန်တားဆီးပေး
မတ် ၃၁ကျမ်းစာဖတ်ရှုခြင်း–လုကာ ၇–၉ သီချင်း ၁၂၂
စကားပြောအရည်အသွေး–အတွင်းခံစားချက်များကိုဆွဲထုတ်ရန် မေးခွန်းများ (be-BU စ. ၂၃၈¶၃-၅)
နံပါတ် ၁–ဖတ်ရှုခြင်းတွင် အဘယ်ကြောင့် လုံ့လထုတ်ရ (be-BU စ. ၂၁¶၁–စ. ၂၃¶၃)
နံပါတ် ၂–လုကာ ၇:၁-၁၇
နံပါတ် ၃–ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်ပြီး ပျော်ရွှင်စေလိုသည့်အထောက်အထား
နံပါတ် ၄–ယေရုရှလင်မြို့သစ်အဖွဲ့ဝင်များသည် လူဆိုးတို့ကိုဖျက်ဆီးပြီးနောက် မြေကြီးပေါ်သို့ ပြန်လာမည်မဟုတ် (rs-BU စ. ၂၃၀¶၁-၂)
ဧပြီ ၇ကျမ်းစာဖတ်ရှုခြင်း–လုကာ ၁၀–၁၂ သီချင်း ၆၈
စကားပြောအရည်အသွေး–လေးနက်မှုထပ်ဆင့်ရန် မေးခွန်းများ (be-BU စ. ၂၃၉¶၁-၂)
နံပါတ် ၁–ဖတ်ရှုခြင်းတွင် ကြိုးစားအားထုတ်နိုင်ပုံ (be-BU စ. ၂၃¶၄–စ. ၂၆¶၄)
နံပါတ် ၂–လုကာ ၁၁:၃၇-၅၄
နံပါတ် ၃–မြေကြီးဆိုင်ရာဘုရားသခင့်ရည်ရွယ်ချက်ပြောင်းလဲခဲ့ပြီလော (rs-BU စ. ၂၃၁¶၁-၅)
နံပါတ် ၄–ဗျာဒိတ် ၁၇:၁၇ ၏အဓိပ္ပာယ်ကား အဘယ်နည်း
ဧပြီ ၁၄ကျမ်းစာဖတ်ရှုခြင်း–လုကာ ၁၃–၁၇ သီချင်း ၈၆
စကားပြောအရည်အသွေး–မှားယွင်းသောအတွေးအခေါ်ကို လှစ်ဟပြရန် မေးခွန်းများ (be-BU စ. ၂၃၉¶၃-၅)
နံပါတ် ၁–လေ့လာနည်း (be-BU စ. ၂၇¶၁–စ. ၃၁¶၂)
နံပါတ် ၂–လုကာ ၁၆:၁-၁၅
နံပါတ် ၃–ကောက်သင်းကောက်ခြင်းဆိုင်ရာ ဘုရားသခင့်ပညတ်က ကျွန်ုပ်တို့အား သင်ပေးသည့်အရာ (ဝတ်. ၁၉:၉၊ ၁၀)
နံပါတ် ၄–ဖျားနာသူများကို ကျွန်ုပ်တို့မည်သို့အားပေးနိုင်သနည်း (rs-BU စစ. ၄၁၈-၁၉¶၃)
ဧပြီ ၂၁ကျမ်းစာဖတ်ရှုခြင်း–လုကာ ၁၈–၂၁ သီချင်း ၁၈၂
စကားပြောအရည်အသွေး–သွန်သင်ပေးသည့် နှိုင်းယှဉ်မှုများ (be-BU စ. ၂၄၀¶၁–စ. ၂၄၁¶၁)
နံပါတ် ၁–လုကာကျမ်း—အဘယ်ကြောင့် အကျိုးရှိကြောင်း (bsi08-1-BU¶၃၀-၅)
နံပါတ် ၂–လုကာ ၁၈:၁-၁၇
နံပါတ် ၃–ပူဆွေးကြေကွဲနေသူများကို ကျွန်ုပ်တို့မည်သို့အားပေးနိုင် (rs-BU စ. ၄၁၉¶၄–စ. ၄၂၀¶၂)
နံပါတ် ၄–‘ညည်းညူမြည်တမ်းခြင်း မပြုကြနှင့်’ ဟူသည် အဘယ်အရာကိုဆိုလို (ဖိ. ၂:၁၄)
ဧပြီ ၂၈ကျမ်းစာဖတ်ရှုခြင်း–လုကာ ၂၂–၂၄ သီချင်း ၂၁၈
စကားပြောအရည်အသွေး–နမူနာများကိုအသုံးပြုခြင်း (be-BU စ. ၂၄၁¶၂-၄)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
မေ ၅ကျမ်းစာဖတ်ရှုခြင်း–ယောဟန် ၁–၄ သီချင်း ၃၁
စကားပြောအရည်အသွေး–ကျမ်းစာပါ နမူနာများ (be-BU စ. ၂၄၂¶၁-၂)
နံပါတ် ၁–ယောဟန်ကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၉)
နံပါတ် ၂–ယောဟန် ၃:၁-၂၁
နံပါတ် ၃–ဘုရင်ရှောလုကို သတ်ရန် ဒါဝိဒ်၏ငြင်းဆိုရာမှ ကျွန်ုပ်တို့သင်ယူရသည့်အရာ
နံပါတ် ၄–ဘုရားသခင့်အလိုတော်ဆောင်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူများအတွက် အားပေးမှု (rs-BU စ. ၄၂၀¶၃-၈)
မေ ၁၂ကျမ်းစာဖတ်ရှုခြင်း–ယောဟန် ၅–၇ သီချင်း ၁၅၀
စကားပြောအရည်အသွေး–နမူနာများကို နားလည်မည်လော (be-BU စ. ၂၄၂¶၃–စ. ၂၄၃¶၁)
နံပါတ် ၁–လေ့လာမှုသည် ဆုကျေးဇူးမည်၏ (be-BU စ. ၃၁¶၃–စ. ၃၂ စ.¶၄)
နံပါတ် ၂–ယောဟန် ၆:၁-၂၁
နံပါတ် ၃–အာနနိနှင့် ရှဖိရေတို့၏မှတ်တမ်းက ကျွန်ုပ်တို့အား သင်ပေးသည့်အရာ
နံပါတ် ၄–မတရားမှုများကြောင့် စိတ်ဓာတ်ကျနေသူတို့ကို သင်မည်သို့အားပေးနိုင်သနည်း (rs-BU စ. ၄၂၁¶၁-၄)
မေ ၁၉ကျမ်းစာဖတ်ရှုခြင်း–ယောဟန် ၈–၁၁ သီချင်း ၁၀၂
စကားပြောအရည်အသွေး–အကျွမ်းတဝင်ရှိသောအခြေအနေများမှ ပုံဥပမာများ (be-BU စ. ၂၄၄¶၁-၂)
နံပါတ် ၁–သမ္မာကျမ်းစာဖြင့် သုတေသနပြုလုပ်နည်း (be-BU စ. ၃၃¶၁–စ. ၃၅¶၂)
နံပါတ် ၂–ယောဟန် ၁၁:၃၈-၅၇
နံပါတ် ၃–စီးပွားရေးပြဿနာများကြောင့် အကျပ်တွေ့နေရသူများအတွက် အားပေးချက်ကား အဘယ်နည်း (rs-BU စ. ၄၂၁¶၅–စ. ၄၂၂¶၁)
နံပါတ် ၄–ဆယ်ပါးမြောက်ပညတ် ချိုးဖောက်သူအား အပြစ်မပေးနိုင်သောကြောင့် ယင်းကို အဘယ်ကြောင့်ပေးရသေးသနည်း
မေ ၂၆ကျမ်းစာဖတ်ရှုခြင်း–ယောဟန် ၁၂–၁၆ သီချင်း ၃
စကားပြောအရည်အသွေး–သင့်ပရိသတ်အတွက် သင့်လျော်သောပုံဥပမာများ (be-BU စ. ၂၄၄¶၃–စ. ၂၄၅¶၄)
နံပါတ် ၁–အခြားသုတေသနပြုကိရိယာများကို အသုံးပြုရန်သင်ယူခြင်း (be-BU စ. ၃၅¶၃–စ. ၃၈¶၄)
နံပါတ် ၂–ယောဟန် ၁၂:၁-၁၉
နံပါတ် ၃–ချွတ်ယွင်းချက်များကြောင့် စိတ်ဓာတ်ကျနေသူများအတွက်အားပေးမှု (rs-BU စ. ၄၂၂¶၂-၅)
နံပါတ် ၄–ထမ်းရွက်ရသောဝန်ကို ယေဟောဝါအပေါ် ချထားနိုင်ပုံ (ဆာ. ၅၅:၂၂)
ဇွန် ၂ကျမ်းစာဖတ်ရှုခြင်း–ယောဟန် ၁၇–၂၁ သီချင်း ၁၉၈
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ထိရောက်စွာအသုံးပြုခြင်း (be-BU စ. ၂၄၇¶၁-၂)
နံပါတ် ၁–ယောဟန်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၃၀-၅)
နံပါတ် ၂–ယောဟန် ၂၁:၁-၁၄
နံပါတ် ၃–မျက်စိဖြင့်မမြင်နိုင်သည့် ဘုရားသခင်အား အဘယ်ကြောင့်ယုံကြည်ရသနည်း
နံပါတ် ၄–ဆင့်ကဲဖြစ်စဉ်—သိပ္ပံဆိုင်ရာအကျပ်ရိုက်မှုတစ်ခု (rs-BU စစ. ၁၀၅-၇¶၂)
ဇွန် ၉ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၁–၄ သီချင်း ၉၂
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို ယေရှုအသုံးပြုခဲ့ပုံ (be-BU စ. ၂၄၇¶၃)
နံပါတ် ၁–တမန်တော်ကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၈)
နံပါတ် ၂–တမန်တော် ၁:၁-၁၄
နံပါတ် ၃–ဆင့်ကဲဖြစ်စဉ်၊ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနှင့် ကျိုးကြောင်းညီညွတ်မှု (rs-BU စ. ၁၀၇¶၃–စ. ၁၁၀¶၄)
နံပါတ် ၄–“လွတ်လပ်စွာပြောဆိုခွင့်” တွင် အဘယ်အရာပါဝင်သနည်း (ဟေဗြဲ ၃:၆၊ ကဘ)
ဇွန် ၁၆ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၅–၇ သီချင်း ၂
စကားပြောအရည်အသွေး–ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုရန်နည်းလမ်းများ (be-BU စ. ၂၄၈¶၁-၃)
နံပါတ် ၁–အောက်လိုင်းတစ်ခုရေးဆွဲခြင်း (be-BU စစ. ၃၉-၄၂)
နံပါတ် ၂–တမန်တော် ၅:၁-၁၆
နံပါတ် ၃–ဆင့်ကဲဝါဒီများ၏အခိုင်အမာပြောဆိုချက်များကိုတုံ့ပြန်ခြင်း (rs-BU စ. ၁၁၀¶၅–စ. ၁၁၃¶၂)
နံပါတ် ၄–ယေဟောဝါကိုကြောက်ရွံ့သောသဘောသည် အဘယ်ကြောင့် ပညာ၏အချုပ်အခြာဖြစ်သနည်း (ဆာ. ၁၁၁:၁၀)
ဇွန် ၂၃ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၈–၁၀ သီချင်း ၁၁၆
စကားပြောအရည်အသွေး–မြေပုံများ၊ ပုံနှိပ်ထားသော စည်းဝေးပွဲအစီအစဉ်စာရွက်များနှင့် ဗီဒီယိုခွေများကို အသုံးပြုခြင်း (be-BU စ. ၂၄၈¶၄–စ. ၂၄၉¶၂)
နံပါတ် ၁–ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း (be-BU စ. ၄၃¶၁–စ. ၄၄¶၃)
နံပါတ် ၂–တမန်တော် ၈:၁-၁၇
နံပါတ် ၃–ယေရှုသည် ‘ဆင်းရဲသောသူကို ချမ်းသာပေးတော်မူမည့်’ ပုံ (ဆာ. ၇၂:၁၂)
နံပါတ် ၄–လူအမြောက်အမြား ယုံကြည်ခြင်းကင်းမဲ့ရသည့်အကြောင်း (be-BU စစ. ၂၆၂-၄¶၁)
ဇွန် ၃၀ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၁၁–၁၄ သီချင်း ၇၉
စကားပြောအရည်အသွေး–ပို၍ကြီးမားသောလူစုအတွက် ရုပ်မြင်သင်ထောက်ကူပစ္စည်းများကို အသုံးပြုခြင်း (be-BU စ. ၂၄၉¶၃–စ. ၂၅၀¶၁)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
ဇူ. ၇ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၁၅–၁၇ သီချင်း ၂၀၃
စကားပြောအရည်အသွေး–ကျိုးကြောင်းဆင်ခြင်သည့်ပုံစံသည် အဘယ်ကြောင့်အရေးကြီး (be-BU စ. ၂၅၁¶၁-၃)
နံပါတ် ၁–ဆွေးနွေးမည့်အကြောင်းအရာနှင့် ဇာတ်အိမ်တို့ကို လုပ်ဆောင်ခြင်း (be-BU စ. ၄၄¶၄–စ. ၄၆¶၂)
နံပါတ် ၂–တမန်တော် ၁၆:၁-၁၅
နံပါတ် ၃–ကြောက်ရွံ့ခြင်းမရှိဘဲ ယေဟောဝါအား ဝတ်ပြုနေရသည့်အကြောင်းရင်းများ
နံပါတ် ၄–လူတစ်ဦးသည် ယုံကြည်ခြင်းကို မည်သို့ရယူနိုင်သနည်း (rs-BU စ. ၂၆၄¶၂-၅)
ဇူ. ၁၄ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၁၈–၂၁ သီချင်း ၃၂
စကားပြောအရည်အသွေး–စတင်ရမည့်နေရာ (be-BU စ. ၂၅၁¶၄–စ. ၂၅၂¶၃)
နံပါတ် ၁–အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း (be-BU စ. ၄၇¶၁–စ. ၄၉¶၁)
နံပါတ် ၂–တမန်တော် ၂၀:၁-၁၆
နံပါတ် ၃–ဖြောင့်မတ်သောစနစ်သစ်အလားအလာ၌ယုံကြည်ခြင်းကို အလုပ်ဖြင့်သက်သေထူ (rs-BU စ. ၂၆၅¶၁-၅)
နံပါတ် ၄–ထွက်မြောက်ရာ ၂၃:၁၉ခ ပါ တားမြစ်ချက်မှ အဘယ်အရာသင်ယူနိုင်သနည်း
ဇူ. ၂၁ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၂၂–၂၅ သီချင်း ၂၀၀
စကားပြောအရည်အသွေး–လိုက်လျောရမည့်အချိန် (be-BU စ. ၂၅၂¶၄–စ. ၂၅၃¶၂)
နံပါတ် ၁–လုပ်ငန်းတော်အစည်းအဝေးနှင့် အခြားဟောပြောချက်များအတွက် ကြိုတင်ပြင်ဆင်ခြင်း (be-BU စ. ၄၉¶၂–စ. ၅၁¶၂)
နံပါတ် ၂–တမန်တော် ၂၂:၁-၁၆
နံပါတ် ၃–ယောဟန် ၁၃:၃၄၊ ၃၅ ကို ယေဟောဝါသက်သေများ အဘယ်နည်းများဖြင့် ပြည့်စုံစေကြသနည်း
နံပါတ် ၄–မိစ္ဆာပရောဖက်များကို မည်သို့ဝေခွဲနိုင်သနည်း (rs-BU စစ. ၂၂၁-၃¶၂)
ဇူ. ၂၈ကျမ်းစာဖတ်ရှုခြင်း–တမန်တော် ၂၆–၂၈ သီချင်း ၂၉
စကားပြောအရည်အသွေး–မေးခွန်းများမေးခြင်းနှင့် အကြောင်းရင်းများကိုပေးခြင်း (be-BU စ. ၂၅၃¶၃–စ. ၂၅၄¶၂)
နံပါတ် ၁–တမန်တော်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၃၂-၄၀)
နံပါတ် ၂–တမန်တော် ၂၆:၁-၁၈
နံပါတ် ၃–ပရောဖက်စစ်တို့သည် ကြိုဟောထားသည့်အရာများ မည်သည့်နည်း၊မည်သည့်အချိန်တွင် ဖြစ်ပျက်လာမည်ကို အမြဲနားမလည်ခဲ့ကြ (rs-BU စ. ၂၂၃¶၃-၈)
နံပါတ် ၄–ယေဟောဝါ စိတ်ရှည်မှုတင်ပြရသည့်အကြောင်း
ဩ. ၄ကျမ်းစာဖတ်ရှုခြင်း–ရောမ ၁–၄ သီချင်း ၁၇၀
စကားပြောအရည်အသွေး–ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် ခိုင်မြဲစွာအခြေပြုသည့် ယုတ္တိတန်သော အချေအတင်ပြောဆိုချက် (be-BU စ. ၂၅၅¶၁–စ. ၂၅၆¶၃)
နံပါတ် ၁–ရောမကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၇)
နံပါတ် ၂–ရောမ ၃:၁-၂၀
နံပါတ် ၃–ကောင်းကင်တမန်များ ဘုရားသခင့်ကျေးကျွန်များကို ကာကွယ်ပေးပြီး ခွန်အားပေးပုံ
နံပါတ် ၄–ယေဟောဝါသက်သေများ စစ်မှန်သောဝတ်ပြုရေးကို ထွန်းကားစေကြ (rs-BU စ. ၂၂၄¶၁-၂)
ဩ. ၁၁ကျမ်းစာဖတ်ရှုခြင်း–ရောမ ၅–၈ သီချင်း ၂၀၇
စကားပြောအရည်အသွေး–သဘောချင်းညီသောသာဓကဖြင့် အချေအတင်ပြောဆိုချက်ကို ထောက်မပါ (be-BU စ. ၂၅၆¶၄-၆)
နံပါတ် ၁–လူထုဟောပြောချက်များ ပြင်ဆင်ခြင်း (be-BU စ. ၅၂¶၁–စ. ၅၄¶၁)
နံပါတ် ၂–ရောမ ၆:၁-၂၀
နံပါတ် ၃–ယေဟောဝါသက်သေများကို သီးပွင့်သောအသီးအပွင့်များဖြင့်ဝေခွဲနိုင် (rs-BU စ. ၂၂၄¶၃–စ. ၂၂၆¶၁)
နံပါတ် ၄–ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့ကို အကာအကွယ်ပေးနိုင်ပုံ
ဩ. ၁၈ကျမ်းစာဖတ်ရှုခြင်း–ရောမ ၉–၁၂ သီချင်း ၁၅၂
စကားပြောအရည်အသွေး–လုံလောက်သောသက်သေပြခြင်း (be-BU စ. ၂၅၇¶၁-၄)
နံပါတ် ၁–ရောမကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၂၀-၅)
နံပါတ် ၂–ရောမ ၉:၁-၁၈
နံပါတ် ၃–အတင်းအဖျင်းပြောခြင်းနှင့် ကောလာဟလသတင်းလွှင့်ခြင်းတို့၏ အန္တရာယ်များကား အဘယ်နည်း
နံပါတ် ၄–ကျွန်ုပ်တို့ကို မိစ္ဆာပရောဖက်များဟုဆိုသူများအား တုံ့ပြန်ခြင်း (rs-BU စ. ၂၂၆¶၂–စ. ၂၂၇¶၁)
ဩ. ၂၅ကျမ်းစာဖတ်ရှုခြင်း–ရောမ ၁၃–၁၆ သီချင်း ၁၆
စကားပြောအရည်အသွေး–နှလုံးကိုထိမိစေရန်ကြိုးပမ်းခြင်း (be-BU စ. ၂၅၈¶၁-၅)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
စက်. ၁ကျမ်းစာဖတ်ရှုခြင်း–၁ ကောရိန္သု ၁–၉ သီချင်း ၁၉၉
စကားပြောအရည်အသွေး–လူတို့၏နှလုံးထဲမှ ဆွဲထုတ်ခြင်း (be-BU စ. ၂၅၉¶၁-၃)
နံပါတ် ၁–၁ ကောရိန္သုကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၇)
နံပါတ် ၂–၁ ကောရိန္သု ၄:၁-၁၇
နံပါတ် ၃–လူတစ်ဦးစီ၏သေရမည့်အချိန်ကို ဘုရားသခင်ကြိုတင်ပိုင်းဖြတ်မထား (rs-BU စ. ၃၀¶၁-၃)
နံပါတ် ၄–စည်းစိမ်ဥစ္စာကြွယ်ဝခြင်းသည် ဘုရားသခင့်ကောင်းချီး၏အထောက်အထားလော
စက်. ၈ကျမ်းစာဖတ်ရှုခြင်း–၁ ကောရိန္သု ၁၀–၁၆ သီချင်း ၃၅
စကားပြောအရည်အသွေး–အကျိုးရှိသောခံစားချက်များကို နှိုးဆွပေးခြင်း (be-BU စ. ၂၅၉¶၄–စ. ၂၆၀¶၁)
နံပါတ် ၁–၁ ကောရိန္သုကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၂၃-၆)
နံပါတ် ၂–၁ ကောရိန္သု ၁၃:၁–၁၄:၆
နံပါတ် ၃–နှုတ်ကပါဌ်တရားတော်ကိုကျင့်သူများ ပျော်ရွှင်ရသည့်အကြောင်း
နံပါတ် ၄–ဖြစ်ပျက်သမျှသည် ဘုရားသခင့်အလိုတော်မဟုတ် (rs-BU စ. ၃၁¶၁–စ. ၃၂¶၄)
စက်. ၁၅ကျမ်းစာဖတ်ရှုခြင်း–၂ ကောရိန္သု ၁–၇ သီချင်း ၅၈
စကားပြောအရည်အသွေး–ဘုရားရေးရာခန့်ညားကြောက်ရွံ့မှုကို အခြားသူများပြုစုပျိုးထောင်ရန် ကူညီပေးခြင်း (be-BU စ. ၂၆၀¶၂-၃)
နံပါတ် ၁–၂ ကောရိန္သုကျမ်း၏နိဒါန်း (bsi08-1-BU¶၁-၄)
နံပါတ် ၂–၂ ကောရိန္သု ၁:၁-၁၄
နံပါတ် ၃–ဘုရားသခင်သည် အရာရာကိုကြိုသိ၍ ကြိုစီမံထားတော်မမူ (rs-BU စ. ၃၂¶၅-၇)
နံပါတ် ၄–စစ်မှန်သောခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခံရသောအခါ ရွှင်လန်းရသည့်အကြောင်း
စက်. ၂၂ကျမ်းစာဖတ်ရှုခြင်း–၂ ကောရိန္သု ၈–၁၃ သီချင်း ၁၂
စကားပြောအရည်အသွေး–ကျွန်ုပ်တို့၏အကျင့်အကြံသည် ဘုရားသခင်အတွက် အရေးကြီး (be-BU စ. ၂၆၀¶၄–စ. ၂၆၁¶၁)
နံပါတ် ၁–၂ ကောရိန္သုကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၁၈-၂၀)
နံပါတ် ၂–၂ ကောရိန္သု ၉:၁-၁၅
နံပါတ် ၃–ခရစ်ယာန်စစ်များ လောကနှင့်မဆက်ဆံကြသည့်အကြောင်း
နံပါတ် ၄–အဖြစ်အပျက်များကို ကြိုသိ၍ ကြိုဖန်တီးနိုင်သည့် ဘုရားသခင်၏အစွမ်း (rs-BU စ. ၃၃¶၁-၄)
စက်. ၂၉ကျမ်းစာဖတ်ရှုခြင်း–ဂလာတိ ၁–၆ သီချင်း ၁၆၃
စကားပြောအရည်အသွေး–ဆန်းစစ်ရန် အခြားသူများအား ကူညီပေးခြင်း (be-BU စ. ၂၆၁¶၂-၄)
နံပါတ် ၁–ဂလာတိကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၁-၆၊ ၁၄-၁၈)
နံပါတ် ၂–ဂလာတိ ၁:၁-၁၇
နံပါတ် ၃–ဘုရားသခင်သည် အာဒံနှင့်စပ်လျဉ်း၍ မိမိ၏ကြိုသိနိုင်စွမ်းကို မသုံးခဲ့သည့်အကြောင်း (rs-BU စ. ၃၄¶၁-၃)
နံပါတ် ၄–မေတ္တာက လူကိုကြောက်ရွံ့ခြင်းကို အောင်မြင်နိုင်ပုံ
အောက်. ၆ကျမ်းစာဖတ်ရှုခြင်း–ဧဖက် ၁–၆ သီချင်း ၉၉
စကားပြောအရည်အသွေး–လှိုက်လှိုက်လှဲလှဲနာခံမှုကို တိုးတက်စေခြင်း (be-BU စ. ၂၆၂¶၁-၄)
နံပါတ် ၁–ဧဖက်ကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၁-၈၊ ၁၆-၁၉)
နံပါတ် ၂–ဧဖက် ၃:၁-၁၉
နံပါတ် ၃–တောင်းပန်စကားပြောခြင်းသည် ပျော့ညံ့မှုလက္ခဏာမဟုတ်
နံပါတ် ၄–ဘုရားသခင်သည် ယာကုပ်၊ ဧသော သို့မဟုတ် ယုဒတို့၏ကံကြမ္မာကို ကြိုတင်မဖန်တီးခဲ့ (rs-BU စ. ၃၅¶၁-၃)
အောက်. ၁၃ကျမ်းစာဖတ်ရှုခြင်း–ဖိလိပ္ပိ ၁–ကောလောသဲ ၄ သီချင်း ၁၂၃
စကားပြောအရည်အသွေး–လူတို့၏နှလုံးကိုထိမိစေရန် ယေဟောဝါနှင့်ပူးပေါင်းဆောင်ရွက်ခြင်း (be-BU စ. ၂၆၂¶၅)
နံပါတ် ၁–ဖိလိပ္ပိကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၁-၇၊ ၁၂-၁၄)
နံပါတ် ၂–ဖိလိပ္ပိ ၃:၁-၁၆
နံပါတ် ၃– ခရစ်ယာန်အသင်းတော်သည် မည်သည့်နည်းဖြင့် တင်ကြိုပိုင်းဖြတ်ခံခဲ့ရသနည်း (rs-BU စ. ၃၅¶၄–စ. ၃၆¶၁)
နံပါတ် ၄–a ကောလောသဲကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-1-BU¶၁၂-၁၄)
အောက်. ၂၀ကျမ်းစာဖတ်ရှုခြင်း– ၁ သက်သာလောနိတ် ၁– ၂ သက်သာလောနိတ် ၃ သီချင်း ၁၆၁
စကားပြောအရည်အသွေး–အချိန်ကိုက်ပြီးစီးနိုင်ပုံ (be-BU စ. ၂၆၃¶၁–စ. ၂၆၄¶၄)
နံပါတ် ၁–၁ နှင့် ၂ သက်သာလောနိတ်ကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၁-၅၊ ၁၃-၁၅;¶၁-၄၊ ၁၀-၁၁)
နံပါတ် ၂–၁ သက်သာလောနိတ် ၁:၁–၂:၈
နံပါတ် ၃–နက္ခတ်ဗေဒင်ပညာနှင့်ပတ်သက်၍ ကျမ်းစာရှုမြင်ချက်ကားအဘယ်နည်း (rs-BU စ. ၃၆¶၂–စ. ၃၇¶၃)
နံပါတ် ၄–b ၁ နှင့် ၂ တိမောသေကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၁၅-၁၉၊¶၁၀-၁၂)
အောက်. ၂၇ကျမ်းစာဖတ်ရှုခြင်း–၁ တိမောသေ ၁–၂ တိမောသေ ၄ သီချင်း ၆၉
စကားပြောအရည်အသွေး–ထိရောက်သောတိုက်တွန်းနှိုးဆော်မှု (be-BU စ. ၂၆၅¶၁–စ. ၂၆၆¶၁)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
နို. ၃ကျမ်းစာဖတ်ရှုခြင်း–တိတု ၁–ဖိလေမုန် သီချင်း ၁၄၉
စကားပြောအရည်အသွေး–မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်ခြင်း (be-BU စ. ၂၆၆¶၂-၅)
နံပါတ် ၁–တိတုကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BUbsi08-2-BU¶၁-၄၊ ၈-၁၀)
နံပါတ် ၂–တိတု ၁:၁-၁၆
နံပါတ် ၃–ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းအချို့ကားအဘယ်နည်း (rs-BU စစ. ၁၉၅-၆¶၅)
နံပါတ် ၄–c ဖိလေမုန်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၇-၁၀)
နို. ၁၀ကျမ်းစာဖတ်ရှုခြင်း–ဟေဗြဲ ၁–၈ သီချင်း ၁၄၄
စကားပြောအရည်အသွေး–ကျမ်းစာကိုအခြေခံ၍ တိုက်တွန်းနှိုးဆော်ခြင်း (be-BU စ. ၂၆၇¶၁-၂)
နံပါတ် ၁–ဟေဗြဲကျမ်း၏နိဒါန်း (bsi08-2-BU¶၁-၉)
နံပါတ် ၂–ဟေဗြဲ ၃:၁-၁၉
နံပါတ် ၃–ဆိုးယုတ်မှုနှင့်ဆင်းရဲဒုက္ခသည် ဘုရားသခင်မရှိကြောင်း သက်သေမထူ (rs-BU စ. ၁၉၆¶၆–စ. ၁၉၇¶၁)
နံပါတ် ၄–စစ်မှန်သောနှိမ့်ချမှုနှင့် ဟန်ဆောင်နှိမ့်ချမှုတို့၏ခြားနားချက်များ
နို. ၁၇ကျမ်းစာဖတ်ရှုခြင်း–ဟေဗြဲ ၉–၁၃ သီချင်း ၂၈
စကားပြောအရည်အသွေး–လွတ်လပ်စွာပြောဆိုစေခြင်း (be-BU စ. ၂၆၇¶၃-၄)
နံပါတ် ၁–ဟေဗြဲကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၂၃-၇)
နံပါတ် ၂–ဟေဗြဲ ၁၀:၁-၁၇
နံပါတ် ၃–ဘုရားသခင်သည် ခံစားတတ်သော တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ် (rs-BU စ. ၁၉၇¶၂–စ. ၁၉၈¶၃)
နံပါတ် ၄–ခွင့်လွှတ်ခြင်းက စည်းလုံးစေပုံ
နို. ၂၄ကျမ်းစာဖတ်ရှုခြင်း–ယာကုပ် ၁–၅ သီချင်း ၈၈
စကားပြောအရည်အသွေး–အားပေးခြင်းသည် အဘယ်ကြောင့် အရေးကြီး (be-BU စ. ၂၆၈¶၁-၃)
နံပါတ် ၁–ယာကုပ်ကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၁-၇၊ ၁၅-၁၇)
နံပါတ် ၂–ယာကုပ် ၁:၁-၂၁
နံပါတ် ၃–ဘုရားသခင်၌ အစမရှိ (rs-BU စ. ၁၉၈¶၄-၇)
နံပါတ် ၄–“ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်” ပုံ (ယာ. ၂:၁၃)
ဒီ. ၁ကျမ်းစာဖတ်ရှုခြင်း–၁ ပေတရု ၁–၂ ပေတရု ၃ သီချင်း ၁၈
စကားပြောအရည်အသွေး–ယေဟောဝါလုပ်ဆောင်ခဲ့ရာကို သတိရစေခြင်း (be-BU စ. ၂၆၈¶၄–စ. ၂၆၉¶၂)
နံပါတ် ၁–၁ ပေတရုကျမ်း၏နိဒါန်းနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၁-၅၊ ၁၁-၁၃)
နံပါတ် ၂–၁ ပေတရု ၂:၁-၁၇
နံပါတ် ၃–ဘုရားသခင့်နာမတော်ကိုအသုံးပြုခြင်းသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ် (rs-BU စ. ၁၉၉¶၁-၄)
နံပါတ် ၄–d ၂ ပေတရုကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၈-၁၀)
ဒီ. ၈ကျမ်းစာဖတ်ရှုခြင်း–၁ ယောဟန် ၁–ယုဒ သီချင်း ၅၀
စကားပြောအရည်အသွေး–မိမိ၏လူမျိုးတော်အား ယေဟောဝါကူညီပေးခဲ့ပုံကို ဖော်ပြခြင်း (be-BU စ. ၂၆၉¶၃-၅)
နံပါတ် ၁–၁၊ ၂ နှင့် ၃ ယောဟန်ကျမ်းတို့၏နိဒါန်းများနှင့် အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၁-၅၊ ၁၁-၁၃;¶၁-၃၊ ၅;¶၁-၃၊ ၅)
နံပါတ် ၂–၁ ယောဟန် ၄:၁-၁၆
နံပါတ် ၃–ဘာသာတရားတိုင်းကောင်းသလော (rs-BU စ. ၁၉၉¶၅–စ. ၂၀၀¶၁)
နံပါတ် ၄–e ယုဒကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၈-၁၀)
ဒီ. ၁၅ကျမ်းစာဖတ်ရှုခြင်း–ဗျာဒိတ် ၁–၆ သီချင်း ၂၁၉
စကားပြောအရည်အသွေး–ယခုပင် ဘုရားသခင်လုပ်ဆောင်နေသည့်အရာ၌ နှစ်ခြိုက်မှုကိုပြခြင်း (be-BU စ. ၂၇၀¶၁–စ. ၂၇၁¶၂)
နံပါတ် ၁–ဗျာဒိတ်ကျမ်း၏နိဒါန်း (bsi08-2-BU¶၁-၆)
နံပါတ် ၂–ဗျာဒိတ် ၃:၁-၁၃
နံပါတ် ၃–ယေရှုသည် မည်သို့သော “ဘုရား” ဖြစ်သနည်း (rs-BU စ. ၂၀၀¶၂-၃)
နံပါတ် ၄–သည်းခံမှုနှင့် ကြင်နာမှုသည် အတိုင်းအတာတစ်ခုအထိသာရှိကြောင်း
ဒီ. ၂၂ကျမ်းစာဖတ်ရှုခြင်း–ဗျာဒိတ် ၇–၁၄ သီချင်း ၂၁
စကားပြောအရည်အသွေး–သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးအပြည့်အဝရယူပါ (be-BU စ. ၅¶၁–စ. ၈¶၁)
နံပါတ် ၁–ဗျာဒိတ်ကျမ်း—အဘယ်ကြောင့်အကျိုးရှိကြောင်း (bsi08-2-BU¶၂၈-၃၄)
နံပါတ် ၂–ဗျာဒိတ် ၈:၁-၁၃
နံပါတ် ၃–ဘုရားသခင်ကိုယုံကြည်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ချက်များကိုတုံ့ပြန်ခြင်း (rs-BU စ. ၂၀၀¶၄–စ. ၂၀၂¶၁)
နံပါတ် ၄–“ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်” ဟူသော စကားစုသည် အဘယ်အရာကိုဆိုလိုသနည်း (၁ ယော. ၃:၂၀)
ဒီ. ၂၉ကျမ်းစာဖတ်ရှုခြင်း–ဗျာဒိတ် ၁၅–၂၂ သီချင်း ၆၀
စကားပြောအရည်အသွေး–တိကျသောဖတ်ရှုခြင်း (be-BU စ. ၈၃¶၁-၅)
သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
[အောက်ခြေမှတ်ချက်များ]
a ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ ဖြစ်နိုင်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအား ပေးပါ။
b ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ ဖြစ်နိုင်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအား ပေးပါ။
c ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ ဖြစ်နိုင်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအား ပေးပါ။
d ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ ဖြစ်နိုင်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအား ပေးပါ။
e ညီအစ်ကိုများကိုသာ တာဝန်ပေးပါ၊ ဖြစ်နိုင်မည်ဆိုလျှင် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအား ပေးပါ။