ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • အောက်တိုဘာ ၈ တွင်စမည့်အပတ်
  • အောက်တိုဘာ ၁၅ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၂ တွင်စမည့်အပတ်
  • အောက်တိုဘာ ၂၉ တွင်စမည့်အပတ်
  • နိုဝင်ဘာ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၀/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

သတိပြုရန်– နောက်လအနည်းငယ်အတွင်း ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် အပတ်စဉ်အတွက် လုပ်ငန်းတော်စည်းဝေးကို စီစဉ်ပေးပါမည်။ အသင်းတော်များသည် “ခရစ်တော်နောက်သို့လိုက်လော့!” ခရိုင်စည်းဝေးကြီး တက်ရောက်နိုင်ရန်အတွက် လိုအပ်သလိုပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေမည်။ သင့်လျော်မည်ဆိုလျှင် ဒေသနှင့်သက်ဆိုင်သော ဤလထုတ်တွင်ပါသည့် “ဂုဏ်သိက္ခာတင်ပြခြင်းဖြင့် ခရစ်တော်နောက်သို့လိုက်လော့!” မှအကြံပေးချက်နှင့် သတိပေးချက်များကို ပြန်ပြောရန် စည်းဝေးကြီးမတက်ရောက်မီ နောက်ဆုံးလုပ်ငန်းတော်စည်းဝေးတွင် ၁၅ မိနစ် အသုံးပြုပါ။ သင်တို့စည်းဝေးကြီးပြီးနောက် တစ်လ သို့မဟုတ် နှစ်လတွင် ဓမ္မအမှု၌ အကူအညီဖြစ်စေမည်ဟု ကြေညာသူများတွေ့ရှိခဲ့သော စည်းဝေးကြီးမှအချက်များကို ပြန်လည်သုံးသပ်မှုတစ်ခုအတွက် လုပ်ငန်းတော်စည်းဝေးတွင် (ဒေသလိုအပ်ရာများအပိုင်းတစ်ပိုင်းမှ အသုံးပြုနိုင်သည်) ၁၅ မိနစ်မှ ၂၀ ကို သီးသန့်ဖယ်ထားပါ။ ပြန်လည်သုံးသပ်ခြင်းကို လုပ်ငန်းတော်ကြီးကြပ်မှူး ကိုင်တွယ်သင့်သည်။ ပရိသတ်သည် မိမိတို့၏ဓမ္မအမှုတွင် ထိုအချက်အလက်ကို မည်သို့အသုံးပြုနေကြသည် သို့မဟုတ် အသုံးပြုရန် အစီအစဉ်ရှိသည်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ဖိတ်ခေါ်ပါ။

အောက်တိုဘာ ၈ တွင်စမည့်အပတ်

သီချင်း ၅၆

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၁၀ ရှိအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ စက်တင်ဘာ ၁၅ ကင်းမျှော်စင် နှင့် စက်တင်ဘာ နိုးလော့! အတွက် ဝေငှပုံကို သရုပ်ပြပါ။ အဆိုပါတစ်ခုစီတွင် တစ်ခုတည်းကိုသာတင်ဆက်သော်လည်း မဂ္ဂဇင်းများကို အစုံလိုက်ဝေငှသင့်သည်။

၁၅ မိ– ယေဟောဝါ၏အဖွဲ့အစည်းနှင့် အနီးကပ်နေလော့။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၏အခန်း ၁၇ ကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

၂၀ မိ– “ဂုဏ်သိက္ခာတင်ပြခြင်းဖြင့် ခရစ်တော်နောက်လိုက်လော့။” အသင်းတော်အတွင်းရေးမှူး ကိုင်တွင်ရန်။ လေးထောင့်ကွက်ပါ “ခရိုင်စည်းဝေးကြီးသတိပေးချက်များ” ကိုပြန်သုံးသပ်ပါ။

သီချင်း ၁၀

အောက်တိုဘာ ၁၅ တွင်စမည့်အပတ်

သီချင်း ၆၇

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၂၀ မိ– အမှန်တရားသည် သင်၏သင်သားများကို သီးပွင့်နေစေသလော။ ဖေဖော်ဝါရီ ၁၊ ၂၀၀၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၈-၃၀ ကို အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ သင်သား၏နှလုံးတွင် အဘယ်အရာရှိသည်ကို ပိုင်းခြားသိမြင်ရန် ကျွန်ုပ်တို့အားကူညီပေးဖို့ ကျမ်းစာသွန်သင်ရာစာအုပ်ပါမေးခွန်းများကို မည်သို့ရည်ရွယ်ထုတ်ဝေခဲ့သည်နှင့်ပတ်သက်၍ မှတ်ချက်များပါဝင်စေပါ။ အခန်း ၁၊ စာပိုဒ် ၁၉; အခန်း ၂၊ စာပိုဒ် ၄; အခန်း ၃၊ စာပိုဒ် ၂၄ နှင့်အခန်း ၄၊ စာပိုဒ် ၁၈ တို့နှင့်ပတ်သက်၍ ဥပမာတချို့ကို သုံးသပ်ပါ။ စာအုပ်၏အသွင်အပြင်အမျိုးမျိုးကို ကောင်းစွာအသုံးပြုရန် ကြေညာသူများကို အားပေးပါ။

၁၅ မိ– သင်မှတ်မိသလော။ ဩဂုတ် ၁၅၊ ၂၀၀၇၊ ကင်းမျှော်စင် စာမျက်နှာ ၁၉ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။

သီချင်း ၁၅၁

အောက်တိုဘာ ၂၂ တွင်စမည့်အပတ်

သီချင်း ၁၇၅

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၁၀ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့်အခြားတင်ဆက်နည်းများကို အသုံးပြု၍ အောက်တိုဘာ ၁၊ ကင်းမျှော်စင်နှင့် အောက်တိုဘာ နိုးလော့! အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းခြင်း။ ဟောပြော၍ လူတွေ့မေးမြန်းရန်။ ကျွန်ုပ်တို့သည် ဤလောက၏အမှောင်မှ ထွက်လာခဲ့ကြပြီး ယေဟောဝါ၏အလင်းတော် လမ်းညွှန်မှုခံယူရန် မိမိတို့ကိုယ်ကို ခွင့်ပြုခဲ့ကြသည်။ (ဧ. ၅:၈၊ ၉၊ ကဘ) ယင်းက ကျွန်ုပ်တို့၏အသက်တာကို ပို၍တိုးတက်စေခဲ့ပြီး ရည်ရွယ်ချက်ရှိစေ၏။ (၁ တိ. ၄:၈) ဤအလင်းက ကျွန်ုပ်တို့အား မျှော်လင့်ချက်ကိုလည်း ပေး၏။ (ရော. ၁၅:၄) ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေး ရရှိရန်နှင့် ယင်းကိုဆက်ထိန်းသိမ်းရန် ကြီးမားသောအတားအဆီးများကို ရင်ဆိုင်ကျော်လွှားခဲ့ကြသော ကြေညာသူနှစ်ဦး သို့မဟုတ် သုံးဦးကို လူတွေ့မေးမြန်းပါ။ သူတို့သည် အမှန်တရားထဲဝင်လာကြသောအခါ အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ခဲ့ကြသနည်း။ ယင်းတို့ကို သူတို့မည်သို့အောင်မြင်ကျော်လွှားနိုင်ခဲ့သနည်း။ သူတို့၏အသက်တာသည် အဘယ်နည်းဖြင့် ယခုပို၍ကောင်းမွန်လာသနည်း။ သမ္မာတရားတွင် ဆက်၍တည်ကြည်မြဲမြံရန် အဘယ်အရာက သူတို့အား အထောက်အကူပြုသနည်း။ ယေဟောဝါနှင့်မိမိတို့၏ဆက်ဆံရေးကို ပို၍ခိုင်မြဲစေကြရန်နှင့် ယေဟောဝါဖွင့်ပြတော်မူခဲ့သောသမ္မာတရားအတွက် နက်ရှိုင်းသောကျေးဇူးတင်လေးမြတ်မှုကို ဆက်၍တင်ပြရန် အားလုံးကို တိုက်တွန်းအားပေးခြင်းဖြင့် နိဂုံးချုပ်ပါ။—၂ ပေ. ၁:၅-၈။

သီချင်း ၂၃

အောက်တိုဘာ ၂၉ တွင်စမည့်အပတ်

သီချင်း ၁၂၄

၁၀ မိ– ဒေသကြေညာချက်များ။ အောက်တိုဘာလအတွက် လယ်ကွင်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ နိုဝင်ဘာလတွင် ဝေငှမည့်စာပေကိုဖော်ပြပြီး တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။

၁၅ မိ– သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များချမှတ်လော့။ ဇူလိုင် ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင် စာမျက်နှာ ၂၁-၃ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဝိညာဉ်ရေးပန်းတိုင်များချမှတ်ပြီး ယင်းပန်းတိုင်ရောက်ရန် အဘယ်အရာလုပ်ဆောင်နေကြသည်တို့ကို မှတ်ချက်များပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။

၂၀ မိ– “ဆင်းရဲသောသူတို့ကို မျှော်လင့်ချက်ပေးပါ။”a စာပိုဒ် ၂ ကိုဆွေးနွေးသည့်အခါ စက်တင်ဘာ ၈၊ ၂၀၀၃၊ နိုးလော့! စာမျက်နှာ ၂၆-၇ [လိပ်] ပါမှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၇

နိုဝင်ဘာ ၅ တွင်စမည့်အပတ်

သီချင်း ၁၅၆

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဘုရားသခင့်ဉာဏ်ပညာအားဖြင့် သင်၏ကလေးများကို ကာကွယ်ပေးနိုင်ပုံ။ ဇန်နဝါရီ ၁၊ ၂၀၀၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၃-၇ ကိုအခြေခံ၍ ဟောပြောရန်။

၂၀ မိ– “အားလုံးအတွက် အပြန်အလှန်အားပေးခွင့်။”bအသင်းတော်သို့ နယ်လှည့်ကြီးကြပ်မှူးလည်ပတ်ချိန်အတွင်း သူတို့မည်သို့အားပေးခံရပုံနှင့်ပတ်သက်၍ သတ်သတ်မှတ်မှတ် မှတ်ချက်များပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်စီစဉ်နိုင်သည်။

သီချင်း ၁၉၂

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ