ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၁၂ တွင်စမည့်အပတ်
  • မေ ၁၉ တွင်စမည့်အပတ်
  • မေ ၂၆ တွင်စမည့်အပတ်
  • ဇွန် ၂ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၅/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

မေ ၁၂ တွင်စမည့်အပတ်

သီချင်း ၁၃၄

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဧပြီ ၁ ကင်းမျှော်စင်နှင့် ဧပြီ နိုးလော့! ဝေငှပုံကိုသရုပ်ပြပါ။

၁၅ မိ– “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်​—ကျမ်းစာသင်အံမှုအတွက် အဓိကအထောက်အကူ။”a စာအုပ်အသစ်ဖြင့် ကျမ်းစာသင်အံမှုများစတင်ရာတွင် စိတ်ထက်သန်မှုရှိရန် လှုံ့ဆော်ပေးပါ။ “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ဝေငှနိုင်ပုံ” ကြားညှပ်စာရွက်အား သိမ်းဆည်းထားပြီး မေနှင့်ဇွန်လအတွင်း ထိုစာအုပ်ဝေငှရာတွင် ယင်းကို အသုံးပြုရန် ယောက်တိုင်းကို အားပေးပါ။

၂၀ မိ– သင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော။ ပရိသတ်နှင့်ဆွေးနွေးရန်။ အရန်ရှေ့ဆောင်အဖြစ် စာရင်းသွင်းနိုင်ရန် တောင်းဆိုချက်များကို ဖော်ပြထားသော အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၁၁၂-၁၃ ကိုသုံးသပ်ပါ။ အလုပ်မှအားလပ်ခွင့်ယူပြီး အရန်ရှေ့ဆောင်လုပ်သူများအား အဘယ်ကောင်းချီးများခံစားခဲ့ရကြောင်း မှတ်ချက်ပေးရန် ဖိတ်ခေါ်ပါ။ ကျောင်းအားလပ်ရက်များတွင် အရန်ရှေ့ဆောင်လုပ်ခဲ့သူများအား သူတို့၏မိဘများနှင့်အခြားသူတို့က မည်သို့အားပေးကူညီခဲ့ကြောင်း မေးမြန်းပါ။ အရန်ရှေ့ဆောင်လုပ်ခြင်းက သူတို့၏ဝိညာဉ်ရေးကို မည်သို့တိုးတက်စေသနည်း။ အဘယ်ပျော်ရွှင်မှုများ ခံစားခဲ့ရသနည်း။ အရည်အချင်းပြည့်မီသူတိုင်းကို ရှေ့ဆောင်လုပ်ကြရန် အားပေးပါ။

သီချင်း ၁၈၇

မေ ၁၉ တွင်စမည့်အပတ်

သီချင်း ၄၇

၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် သင်အံမှုစတင်နိုင်ပုံ။” ကြားညှပ်စာရွက်ကိုအခြေခံကာ သရုပ်ပြများပါဝင်သော ပရိသတ်နှင့်မေးဖြေဆွေးနွေးခန်း။ စိတ်ဝင်စားမှုပြသူများအား သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အသုံးပြု၍ ချက်ချင်းကျမ်းစာသင်အံမှုစတင်ပြီး ကျင်းပနိုင်သည်။ ပြန်လည်ပတ်မှုပြုရာတွင် (၁) စာမျက်နှာ ၄-၅၊ (၂) စာမျက်နှာ ၆၊ (၃) စာမျက်နှာ ၇ မှပထမအပိုဒ်ကို အသုံးပြုပြီး ကျမ်းစာသင်အံမှုစတင်ပုံနှင့်ပတ်သက်၍ ကောင်းစွာပြင်ဆင်ထားသော သရုပ်ပြသုံးခုစီစဉ်ပါ။ တင်ဆက်မှုတစ်ခုစီကို ကြိုတင်၍အကြမ်းဖျင်းဖော်ပြပါ၊ ပြီးနောက် ပြန်သုံးသပ်ပါ။ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ အပိုဒ်များကိုသုံးသပ်ရာတွင် လိုအပ်သလို အတိုချုပ်နိုင်သည်။ သရုပ်ပြတစ်ခုစီတွင် ကြေညာသူသည် နောက်တစ်ကြိမ်ပြန်လည်ပတ်ရန် စီစဉ်ခြင်းဖြင့် နိဂုံးချုပ်သည်။

သီချင်း ၂၀၆

မေ ၂၆ တွင်စမည့်အပတ်

သီချင်း ၁၀၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ မေလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ မေ ၁ ကင်းမျှော်စင်နှင့် မေ နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။

၁၅ မိ– အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်! ၂၀၀၅၊ ဇွန် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၃၀-၁ ကိုအခြေခံပြီး ဟောပြောရန်။ စမ်းသပ်မှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယေဟောဝါကူညီခဲ့ပုံအကြောင်း မှတ်ချက်ပေးရန် ရွေးချယ်ထားသောကြေညာသူများကို ဖိတ်ခေါ်ပါ။

၂၀ မိ– “ကြွယ်ဝသောစည်းစိမ်သည် သင့်အတွက်ဖြစ်နိုင်!”b အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၁၁၃-၁၄ တွင်ပါသော မှန်မှန်ရှေ့ဆောင်များ ပြည့်မီရမည့်အရည်အချင်းများနှင့်ပတ်သက်သည့် မှတ်ချက်များ ပါဝင်စေပါ။ စက်တင်ဘာ ၁ ရက်မှစ၍ ရှေ့ဆောင်စလုပ်လိုသူများသည် အမြန်ဆုံးလျှောက်လွှာတင်သင့်သည်။

သီချင်း ၁၆၉

ဇွန် ၂ တွင်စမည့်အပတ်

သီချင်း ၂၂၁

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– သစ္စာရှိရှိလုပ်ဆောင်မှုများက ကောင်းချီးများစွာရရှိစေ။ (သု. ၂၈:၂၀) အတွင်းရေးမှူးက ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ မတ်၊ ဧပြီနှင့် မေလများအတွင်း ဓမ္မအမှုတွင် တိုး၍လုပ်ဆောင်သောကြောင့် အသင်းတော်ကို ယေဟောဝါ မည်သို့ကောင်းချီးသွန်းလောင်းခဲ့ကြောင်း အကြမ်းဖျင်းဖော်ပြပြီး ချီးမွမ်းစကားပြောပါ။ အရန်ရှေ့ဆောင်လုပ်ခဲ့သောအရေအတွက်၊ ကျမ်းစာသင်အံမှုအသစ် မည်မျှစတင်ခဲ့ကြောင်းနှင့် ဓမ္မအမှုတွင်ရရှိခဲ့သော အခြားရလဒ်ကောင်းများကို ကြေညာပါ။ အောက်မေ့ရာပွဲ၊ ဖိတ်စာဝေငှခြင်းကင်ပိန်းနှင့်ပတ်သက်သော တွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်အားဖိတ်ခေါ်ပါ။ လယ်ကွင်းလုပ်ငန်းတွင်ရရှိခဲ့သော ထူးခြားသည့်တွေ့ကြုံမှုများကို ပြန်သရုပ်ပြနိုင်သည်။ အရန်ရှေ့ဆောင်လုပ်ခြင်းကြောင့် ခံစားရသောကောင်းချီးများနှင့်ပတ်သက်၍ ပြောပြရန် ကြေညာသူနှစ်ဦးသုံးဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။

၁၅ မိ– “ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုရန် အသင့်ဖြစ်နေပါ။”c တစ်အိမ်တက်ဆင်းဓမ္မအမှုအတွက် မည်သို့နှင့်မည်သည့်အချိန်တွင် ပြင်ဆင်ကြောင်း ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၄၄

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေ ဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေ ဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေ ဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ