ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇူလိုင် ၁၄ တွင် စမည့်အပတ်
  • ဇူလိုင် ၂၁ တွင် စမည့်အပတ်
  • ဇူလိုင် ၂၈ တွင် စမည့်အပတ်
  • ဩဂုတ် ၄ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၇/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇူလိုင် ၁၄ တွင် စမည့်အပတ်

သီချင်း ၁၂၆

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက်သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ ဇွန် ၁ ကင်းမျှော်စင်နှင့် ဇွန်နိုးလော့!ဝေငှပုံကို သရုပ်ပြပါ။

၁၅ မိ– သင်၌ “လွတ်လပ်စွာပြောဆိုခွင့်” ရှိသလော။ ၂၀၀၆၊ မေ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၆ ကိုအခြေခံ၍ ဟောပြောရန်။ ရဲရင့်စွာဟောပြောခြင်း၏ အရေးကြီးမှုကို ပေါ်လွင်စေပါ။

၂၀ မိ– “သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် လေ့လာမှုတွင် ပျော်မွေ့ပါ။” စာအုပ်၏ထူးခြားသောအသွင်အပြင်များကို ဖော်ပြပါ။ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၃ မှ စာအုပ်ကြီးသင်တန်းအစီအစဉ်ဇယားနှင့် ညွှန်ကြားချက်များကို သုံးသပ်ပါ။ မှန်မှန်တက်ရောက်ရန်နှင့် ပါဝင်ဖြေဆိုကြရန် အားလုံးကို တိုက်တွန်းပါ။ အစည်းအဝေးများအတွက် ကောင်းစွာပြင်ဆင်ရာတွင် ပုံသက်သေကောင်းသော ကြေညာသူတစ်ဦးနှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ၊ အစည်းအဝေးအားလုံးအတွက် ကောင်းစွာပြင်ဆင်ရန် အဘယ်အရာက လှုံ့ဆော်ပေးကြောင်း သူတို့အား မေးမြန်းပါ။

သီချင်း ၁၄၇

ဇူလိုင် ၂၁ တွင် စမည့်အပတ်

သီချင်း ၉၅

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ နောက်အပတ်လုပ်ငန်းတော်အစည်းအဝေးတွင် ဇူလိုင် ၁ ကင်းမျှော်စင်နှင့် ဇူလိုင်နိုးလော့!ကိုယူလာရန်၊ ရပ်ကွက်အတွက် သင့်လျော်သည့်တင်ဆက်နည်းများကို ဆွေးနွေးရာတွင် ကြိုတင်ပြင်ဆင်ထားရန် ပရိသတ်ကို နှိုးဆော်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ပြင်ဆင်ခြင်း​—ထိရောက်သောပြန်လည်ပတ်မှုများအတွက် သော့ချက်။”a ပြန်လည်ပတ်မှုအတွက် ပြင်ဆင်နေသော ကြေညာသူတစ်ဦး၏ လေးမိနစ်ကြာတစ်ကိုယ်တည်းစကားပြောဆိုခန်း ပါဝင်စေပါ။ သူသည် မှတ်စုများကို ပြန်သုံးသပ်ပြီး ဤအပတ်တွင် အိမ်ရှင်နှစ်ဦးထံ ပြန်လည်ပတ်ရန် ဆုံးဖြတ်သည်။ ထို့နောက် သူတို့နှင့် အဘယ်အရာဆွေးနွေးခဲ့ကြောင်း သုံးသပ်ပြီး သူ၏ဦးတည်ချက်ကို သတ်မှတ်ကာ ထိုဦးတည်ချက်အတိုင်း လုပ်ဆောင်နိုင်ရန် ပြင်ဆင်သည်။ သူသည် အိမ်ရှင်တစ်ဦးကို ကျမ်းစာသင်အံမှုကမ်းလှမ်းရန် ပြင်ဆင်သည်။ နောက်တစ်ဦးအတွက်မူ အပိုဒ် ၅ မှ အကြံပြုချက်တစ်ခုကိုသုံး၍ စိတ်ဝင်စားမှုနှိုးဆွရန် ပြင်ဆင်သည်။

သီချင်း ၁၈၉

ဇူလိုင် ၂၈ တွင် စမည့်အပတ်

သီချင်း ၆

၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကြရန် အားလုံးကို နှိုးဆော်ပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ဩဂုတ်လတွင် ဝေငှမည့်စာပေကို ဖော်ပြ၍ သရုပ်ပြတစ်ခု တင်ဆက်ပါ။

၁၅ မိ– အရေးတကြီးသဘောထား ဆက်ထိန်းထားခြင်း။ ၂၀၀၆၊ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၈-၁၉၊ အပိုဒ် ၁၇-၂၁ ကိုအခြေခံပြီး အားတက်သရောဟောပြောပါ။

၂၀ မိ– နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှရန် ပြင်ဆင်ပါ။ ပရိသတ်နှင့်ဆွေးနွေးရန်။ ဇူလိုင်နိုးလော့!နှင့် ဇူလိုင် ၁ ကင်းမျှော်စင်ကို အတိုချုပ်သုံးသပ်ပြီးနောက် အဘယ်ဆောင်းပါးများကို ရပ်ကွက်ရှိလူတို့ ကြိုက်နှစ်သက်နိုင်ကြောင်း၊ အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ မိမိတို့တင်ဆက်ရန် ကြံရွယ်ထားသည့် ဆောင်းပါးများမှ သတ်သတ်မှတ်မှတ်အချက်များကို ဖော်ပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။ စကားစမြည်စတင်ရန် အဘယ်အရာပြောဆိုနိုင်ပြီး အဘယ်မေးခွန်းများမေးနိုင်သနည်း။ ထို့နောက် ဆောင်းပါးထဲမှ အဘယ်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ နမူနာတင်ဆက်နည်းများ သို့မဟုတ် ပရိသတ်အကြံပြုသော တင်ဆက်နည်းတစ်ခုကို အသုံးပြုလျက် မဂ္ဂဇင်းတစ်စောင်စီကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။

သီချင်း ၁၀၆

ဩဂုတ် ၄ တွင် စမည့်အပတ်

သီချင်း ၂၂၂

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ကျောင်းတွင်ရင်ဆိုင်ရမည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် သင့်ကလေးများကို ပြင်ဆင်ပေးသလော။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျောင်းတွင် ခရစ်ယာန်လူငယ်များရင်ဆိုင်ရသည့် အခက်အခဲအချို့ကို ဖော်ပြပါ။ အထောက်အကူပြုအချက်အလက်များ ရရှိနိုင်ရန် ကင်းမျှော်စင်စာပေများအညွှန်း[လိပ်]ကို မိဘနှင့်ကလေးများ မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။ နမူနာအချို့ကို ဖော်ပြပါ။ (“Schools” ဟူသောခေါင်းစဉ်အောက်မှ “experiences” ခေါင်းစဉ်ငယ်ကိုကြည့်ပါ။) ကျောင်းတွင်ရင်ဆိုင်ရသော အခက်အခဲများကို အောင်မြင်နိုင်ရန်နှင့် ကျမ်းစာမူများကို လိုက်နာနိုင်ရန် မိမိတို့၏မိဘများပြင်ဆင်ပေးခဲ့ပုံကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ သူတို့သည် ကျောင်းသင်ခန်းစာများပြင်ဆင်ရာတွင် နိုးလော့!မှ အကြောင်းအရာများကိုအသုံးပြုကြောင်း ပြောပြနိုင်သည်။ ကျောင်းတွင် သက်သေခံခြင်းက မည်သို့အကာအကွယ်ဖြစ်စေကြောင်း ရှင်းပြစေပါ။

၂၀ မိ– “အခိုင်အမာ အမြစ်စွဲနေသောအရာများကို ကျွန်ုပ်တို့ဖြိုဖျက်နေ။”b အမြစ်စွဲနေသည့် ဘာသာရေးယုံကြည်ချက်အမှားများကို ဖယ်ရှားနိုင်ရန် မိမိတို့အား ကျမ်းစာသင်ပေးသူက စိတ်ရှည်စွာကူညီခဲ့ပုံကို မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၈၃

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ