ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၈ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၇/၀၈ စာ. ၃

ကြေညာချက်များ

◼ ဇူလိုင်လတွင် ဝေငှမည့်စာပေ– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ စောင့်နေကြလော့!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း​—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ ဩဂုတ်နှင့်စက်တင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဦးဆုံးအကြိမ်လည်ပတ်ချိန်တွင် ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားအားထုတ်ပါ။ အိမ်ရှင်များသည် ဤစာအုပ်ရရှိပြီးသားဖြစ်လျှင် ကျမ်းစာသင်အံမှုတစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြခြင်းအားဖြင့် ယင်းစာအုပ်မှ သူတို့အကျိုးရရှိနိုင်ပုံကို တင်ပြပါ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများ။

◼ ဩဂုတ်လတွင် စနေတနင်္ဂနွေငါးပတ်ရှိသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလဖြစ်လိမ့်မည်။

◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာလမှစ၍ “သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့” ဟူသော လူထုဟောပြောချက်ကို ဟောပါမည်။

◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲရုံးသို့မပို့မီ လစဉ် ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးက စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူးတောင်းခံပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

◼ ၂၀၀၈၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏ နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤစာရင်းသည် စာအုပ်စာတမ်းညှိနှိုင်းရေးမှူး လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်တူညီကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံတွင် ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်း(များ)ထံမှ ရယူနိုင်သည်။ အသင်းတော်အတွင်းရေးမှူးသည် စာရင်းကို ကြီးကြပ်သင့်သည်။ သူနှင့် ဦးစီးကြီးကြပ်မှူးသည် ပုံစံပေါ်တွင် လက်မှတ်ထိုးရပါမည်။ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း ပုံစံစာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပို့ပေးပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းထားပါ။ တတိယပုံစံစာရွက်ကို တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။

◼ ကျမ်းစာသင်အံမှုများစတင်ပြီး ကျင်းပရာတွင် တောင်းဆိုဘရိုရှာအစား သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အသုံးပြုသင့်သည်။ လက်ရှိတောင်းဆိုဘရိုရှာများ ကုန်သွားသည့်အထိ လယ်ကွင်းဓမ္မအမှုတွင် ဆက်ဝေငှသွားနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ