လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဩဂုတ် ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လက်ရှိမဂ္ဂဇင်းများတွင် ရပ်ကွက်ရှိလူတို့အတွက် နှစ်သက်ဖွယ်ဖြစ်စေမည့် မိမိတို့တွေ့ရှိထားသော ဆောင်းပါးများနှင့်ပတ်သက်၍ ပရိသတ်အား မှတ်ချက်ပေးစေပါ။ သူတို့တင်ဆက်ရန် ကြံရွယ်ထားသည့် ဆောင်းပါးများမှ သတ်သတ်မှတ်မှတ်အချက်များကို ဖော်ပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောဆိုနိုင်ရန် အဘယ်မေးခွန်းမေးနိုင်သနည်း။ ထို့နောက် ဆောင်းပါးထဲမှ မည်သည့်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ အကြံပြုထားသော တင်ဆက်နည်းများကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြသည့် သရုပ်ပြများကိုစီစဉ်ပါ။
၁၅ မိ– ဦးဆုံးအကြိမ်တွေ့ဆုံချိန်တွင် ကျမ်းစာသင်အံမှုတစ်ခု စတင်ပါ။ ပရိသတ်နှင့် ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် ဩဂုတ်နှင့် စက်တင်ဘာအတွင်း သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ဝေငှမည်ဖြစ်ပြီး ဦးဆုံးအကြိမ်လည်ပတ်ချိန်၌ အိမ်ရှင်နှင့်အတူ စာပိုဒ်အနည်းငယ်ကိုဆွေးနွေးရန် ကြိုးစားပါ။ ဇွန် ၂၀၀၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်မှ အကြံပြုချက်များကို ပြန်လည်သုံးသပ်ပြီး ဦးဆုံးအကြိမ်လည်ပတ်ချိန်၌ ကျမ်းစာသင်အံမှုတစ်ခု မည်သို့စတင်နိုင်ပုံကိုဖော်ပြသည့် သရုပ်ပြတစ်ခု သို့မဟုတ် နှစ်ခုကို ပြုလုပ်ပါ။
၂၀ မိ– “လူထုကင်းမျှော်စင်၏ အပိုင်းအားလုံးကို သင်အသုံးပြုနေပါသလော။”a လူထုကင်းမျှော်စင်၏ ကဏ္ဍအသစ်များထဲမှတစ်ခုကို အသုံးပြုခဲ့သည့် တွေ့ကြုံမှုတစ်ခုရှိသော ကြေညာသူတစ်ဦးကို လူတွေ့မေးမြန်းပါ။ တွေ့ကြုံမှုကို ပြန်လည်သရုပ်ပြနိုင်သည်။ စာပိုဒ် ၂ ကိုအခြေခံ၍ ဩဂုတ် ၁ ကင်းမျှော်စင်ရှိ “ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ” အပိုင်းကိုအသုံးပြုကာ သင်အံမှုတစ်ခု မည်သို့အစပြုနိုင်ပုံကိုလည်း သရုပ်ပြပါ။
ဩဂုတ် ၁၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ “တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်” ကိုဆွေးနွေးပါ။ ဖြစ်နိုင်မည်ဆိုလျှင် နောက်တိုက်နယ်စည်းဝေးပွဲ၏ ရက်စွဲကို ကြေညာပါ။ လာမည့်လုပ်ငန်းတော်စည်းဝေးသို့ ဩဂုတ် ၁ ကင်းမျှော်စင်နှင့် ဩဂုတ် နိုးလော့! တို့ကိုယူဆောင်လာရန်နှင့် ဒေသခံရပ်ကွက်တွင် မည်သို့ဝေငှနိုင်ပုံကို ဆွေးနွေးမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လာရန် ပရိသတ်ကို နှိုးဆော်ပါ။
၂၀ မိ– ကျွန်ုပ်တို့၏ ဝတ်စားဖြီးလိမ်းပုံက ယေဟောဝါကို ဂုဏ်တင်သည်။ အကြီးအကဲတစ်ဦးဟောရန်။ ယေဟောဝါသည် သန့်ရှင်းသောဘုရားသခင်ဖြစ်သောကြောင့် ကာယပိုင်းသန့်ရှင်းစင်ကြယ်မှုသည် ကိုယ်တော်၏လူမျိုးတော်အလယ်တွင် ဦးစားထားရာတစ်ခုဖြစ်သည်။ (ထွ. ၃၀:၁၇-၂၁; ၄၀:၃၀-၃၂) အထူးသဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် စံထားလောက်သော ကျွန်ုပ်တို့၏ဝတ်စားဖြီးလိမ်းပုံအားဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေပြီး ကိုယ်တော့်ဘုန်းတော်ကို ထင်ရှားစေကြသည်။ (၁ ပေ. ၂:၁၂) သို့သော် ယင်းသို့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းက “ဘုရားသခင်၏ တရားစကားတော်သည် ကဲ့ရဲ့ခြင်း” အဖြစ်သို့ရောက်သွားနိုင်သည်။ (တိ. ၂:၅၊ ကဘ) ကြေညာသူတစ်ဦး၏ စံထားလောက်သော အသွင်အပြင်က သက်သေခံရာတွင် မည်သို့သောရလဒ် ဖြစ်ပေါ်စေခဲ့ပုံကို ဖော်ပြသည့် ဒေသတွင်း သို့မဟုတ် ထုတ်ဝေခဲ့သောစာပေများမှ တွေ့ကြုံမှုများကို ပြောပြပါ။
၁၅ မိ– အစွမ်းထက်သည့် သက်သေခံချက်တစ်ခုပေးနေသော လူငယ်များ။ မိဘများနှင့် ကျောင်းတက်နေသော ၎င်းတို့၏ကလေးများအတွက် အားတက်ဖွယ်ဟောပြောချက်ပေးရန်။ သက်သေခံရန် အခွင့်အရေးရှာယူဖို့ လူငယ်များကို နှိုးဆော်ပါ။ အချိန်ရသရွေ့ ကျောင်းတွင်သက်သေခံခဲ့သည့် ကိုယ်ပိုင်တွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
ဩဂုတ် ၂၅ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ “အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်” ကိုဆွေးနွေးပါ၊ နောက်လာမည့်အထူးစည်းဝေးပွဲနေ့၏ ရက်စွဲကို သိမည်ဆိုလျှင် ကြေညာပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၅ မိ– ဩဂုတ် ၁ ကင်းမျှော်စင်နှင့် ဩဂုတ် နိုးလော့! တို့ကိုဝေငှရန် ပြင်ဆင်ပါ။ ပရိသတ်နှင့် ဆွေးနွေးရန်။ ယင်းမဂ္ဂဇင်းများကို အကျဉ်းချုပ်သုံးသပ်ပြီး မည်သည့်ဆောင်းပါးများက ဒေသခံရပ်ကွက်တွင် နှစ်သက်ဖွယ်ဖြစ်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ အကြောင်းအရာကိုမိတ်ဆက်ရန် အဘယ်မေးခွန်းနှင့် အဘယ်ကျမ်းချက်ကို အသုံးပြုနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ နမူနာတင်ဆက်နည်းတစ်ခုကို မည်ကဲ့သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။ အကြီးအကဲတစ်ဦးသည် ဒေသခံရပ်ကွက်နှင့်ကိုက်ညီမည့် ဆောင်းပါးတစ်ပုဒ်ကိုအခြေခံ၍ ပြင်ဆင်ခဲ့သည့် တိုတုတ်သောတင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။
စက်တင်ဘာ ၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၅ မိ– အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိပါ။ ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၊ ၂၀၀၄၊ စာမျက်နှာ ၂၁-၂၃၊ အပိုဒ် ၁၃-၂၀ ကိုအခြေခံ၍ ဟောပြောပါ။
၂၀ မိ– သီးခြားဖြစ်သော်လည်း မေ့လျော့မခံရ။ ဧပြီ ၁၅၊ ၂၀၀၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၂၈ ကိုအခြေခံ၍ ဟောပြောပါ။ ဒေသန္တရဘိုးဘွားရိပ်သာများတွင် နေထိုင်နေသော အသင်းတော်ရှိ မည်သည့်ခရစ်ယာန်ကိုမဆို ဖော်ပြပါ။ အကယ်၍ မရှိလျှင် အိုမင်းမစွမ်းသော သို့မဟုတ် အသင်းတော်လုပ်ဆောင်မှုတွင် ပါဝင်နိုင်စွမ်း အကန့်အသတ်သာရှိသော မည်သူ့ကိုမဆို ထောက်ပံ့ကူညီဖို့ အသင်းတော်ကိုအားပေးရန် ဆောင်းပါးတွင်ပါသော မူများကို အသုံးပြုပါ။
[အောက်ခြေမှတ်ချက်]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။