ကြေညာချက်များ
◼ ဩဂုတ်နှင့် စက်တင်ဘာ တွင်ဝေငှမည့်စာပေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်၌ ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားအားထုတ်ပါ။ အိမ်ရှင်များသည် ယင်းစာအုပ်ကို ရရှိထားပြီးဖြစ်လျှင် ကျမ်းစာသင်အံမှုတစ်ခုကို တိုတိုတုတ်တုတ် သရုပ်ပြခြင်းဖြင့် ယင်းစာအုပ်မှ ၎င်းတို့ မည်သို့အကျိုးရရှိနိုင်ပုံကို ပြသပါ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူလော့ [အင်္ဂလိပ်]။ မိမိတို့တွင်ကလေးမရှိကြောင်းပြောလျှင် စောင့်နေကြလော့! ဘရိုရှာကို ဝေငှပါ။
◼ အသင်းတော်များသည် ယေဟောဝါသက်သေများ၏ ၂၀၀၉ ခုနှစ် ပြက္ခဒိန်၊ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၉ နှင့် ယေဟောဝါသက်သေတို့၏ ၂၀၀၉ နှစ်ချုပ်စာအုပ်တို့ကို နောက်လ စာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ၎င်းတို့ကိုရရှိနိုင်သည့် ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။
◼ အသင်းတော်အတွင်း ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ၁၉၉၁၊ ဧပြီ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကို လိုက်လျှောက်ကြရန် အကြီးအကဲများအား နှိုးဆော်ပါသည်။