လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အဘယ်ဆောင်းပါးများကို ရပ်ကွက်ရှိလူတို့ ပို၍နှစ်သက်ကြောင်း ပရိသတ်ကိုမေးပါ။ ဆောင်းပါးများကို မိတ်ဆက်ပေးရာတွင် အဘယ်မေးခွန်းများနှင့် ကျမ်းချက်များကို သူတို့အသုံးပြုခဲ့ကြောင်း ပြန်ပြောပြစေပါ။ မဂ္ဂဇင်းတစ်စောင်စီအား ဝေငှနိုင်ပုံကို သရုပ်ပြပါ။
၁၅ မိ– သွန်သင်သူများဖြစ်လာရန် ကျမ်းစာသင်သားများကို ကူညီပါ။ ၂၀၀၇၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၉-၃၀၊ အပိုဒ် ၁၄-၂၀ ကိုအခြေခံ၍ ဟောပြောရန်။ ကြေညာသူတစ်ဦးသည် ကျမ်းစာသင်သားအသစ်အား လူထုဟောပြောချက်နှင့် ကင်းမျှော်စင်သင်တန်းအကြောင်း ရှင်းပြပြီး တက်ရောက်ရန်ဖိတ်ခေါ်ပုံကို အတိုချုပ်သရုပ်ပြပါ။
၂၀ မိ– ဓမ္မအမှုတွင် စိတ်စွန်းကွက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း။ စိတ်စွန်းကွက်မှုက ကျွန်ုပ်တို့၏ဓမ္မအမှုကို ထိခိုက်နိုင်ပုံနှင့်ပတ်သက်၍ ပုံနှိပ်ထုတ်ဝေပြီးသော အကြောင်းအရာများကို အခြေခံကာ အကြီးအကဲတစ်ဦး ဟောပြောရန်။ ထိုစိတ်စွန်းကွက်မှုများကို မည်သို့အောင်မြင်နိုင်ကြောင်း ရှင်းပြပါ။ တစ်ခါတစ်ရံ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်စဉ်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ် ကျွန်ုပ်တို့၏အပြုအမူများက ကျွန်ုပ်တို့အား အကဲခတ်နေသူများ၏ စိတ်စွန်းကွက်မှုများကို အောင်မြင်စေရန်နှင့် အမှန်တရားကို လက်ခံလာစေရန် များစွာကူညီပေးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အပြောအဆိုအပြုအမူကို အချိန်တိုင်းတွင် ဂရုပြုရန် အလွန်အရေးကြီးသည်။ (၁ ပေ. ၂:၁၂; ၃:၁၊ ၂) စိတ်စွန်းကွက်မှုများကို မည်သို့အောင်မြင်နိုင်ကြောင်း ဖော်ပြသည့် ဒေသခံတွေ့ကြုံမှု သို့မဟုတ် စာပေများမှ တွေ့ကြုံမှုအနည်းငယ်ကို ပြန်ပြောပြပါ။
စက်တင်ဘာ ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၂၀ မိ– လွန်ခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အရည်အချင်းရှိ အခြားအကြီးအကဲတစ်ဦး ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်၏ အမှုဆောင်လုပ်ငန်းတွင် အသင်းတော်လိုက် ပြီးမြောက်ခဲ့သည့် အားရှိစရာများကို အာရုံစိုက်စေကာ ပြန်သုံးသပ်ပါ။ သင့်လျော်သလို ချီးမွမ်းပါ။ မိမိတို့ရရှိခဲ့သော အားရှိဖွယ်တွေ့ကြုံမှုများကို ပြန်ပြောပြရန် ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ထားပါ။ လာမည့်လုပ်ငန်းတော်နှစ်တွင် အသင်းတော်အနေဖြင့် လုပ်ဆောင်နိုင်သည့်အချက် တစ်ချက်နှစ်ချက်ကို ဖော်ပြပြီး တိုးတက်နိုင်ရန် လက်တွေ့ကျအကြံပြုချက်များကို သုံးသပ်ပါ။
၁၅ မိ– ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ။ ပုံနှိပ်ထုတ်ဝေပြီးသော အကြောင်းအရာကို အခြေခံ၍ ဟောပြောရန်။ ကျောင်းတွင်၊ အလုပ်တွင် သို့မဟုတ် အခြားမည်သည့်နေရာတွင်မဆို ဖန်ဆင်းခြင်းယုံကြည်ချက်ကို မည်သို့ကာကွယ်ခဲ့ကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခုနှစ်ခုကို ကြိုတင်စီစဉ်ထားနိုင်သည်။
စက်တင်ဘာ ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။
၂၀ မိ– သင်၏လုပ်ဆောင်မှုအတွက် ဆုလာဘ်ရှိ။ ၂၀၀၅၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈၊ အပိုဒ် ၅ မှ စာမျက်နှာ ၂၉ အဆုံးအထိ အခြေခံ၍ ဟောပြောပါ။ မိမိတို့၏ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းလိုအပ်ရာများကို ယေဟောဝါဖြည့်ဆည်းပေးပုံနှင့်ပတ်သက်၍ ဇွဲရှိသောကြေညာသူတစ်ဦးနှစ်ဦးကို အတိုချုပ်လူတွေ့မေးမြန်းပါ။
၁၅ မိ– စက်တင်ဘာ ၁ ကင်းမျှော်စင်နှင့် စက်တင်ဘာ နိုးလော့!ကို ဝေငှရန် ပြင်ဆင်ပါ။ မဂ္ဂဇင်းများကို အတိုချုပ်သုံးသပ်ပြီးနောက် အဘယ်ဆောင်းပါးများကို ရပ်ကွက်ရှိလူတို့ ပို၍နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ ဆောင်းပါးများကို မိတ်ဆက်ပေးရာတွင် အဘယ်မေးခွန်းများနှင့် ကျမ်းချက်များကို အသုံးပြုနိုင်သနည်း။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ နမူနာတင်ဆက်နည်းတစ်ခုအား အသုံးပြုနိုင်ပုံကို သရုပ်ပြပါ။ ရပ်ကွက်နှင့်သင့်လျော်သော ဆောင်းပါးတစ်ခုကိုအခြေခံ၍ ပြင်ဆင်ထားသော အတိုချုပ်တင်ဆက်နည်းကို အကြီးအကဲတစ်ဦးအား သရုပ်ပြစေပါ။
စက်တင်ဘာ ၂၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။ အလွတ်သဘောသက်သေခံစဉ် ရရှိခဲ့သော တည်ဆောက်မှုဖြစ်စေသည့် တွေ့ကြုံမှုများကို ပြန်ပြောပြရန် ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “အထူးဝေစာကင်ပိန်း အောက်တိုဘာ ၂၀–နိုဝင်ဘာ ၁၆!”a ဝေစာများရနိုင်မည်ဆိုပါက ပရိသတ်တစ်ဦးစီကို တစ်စောင်စီဝေပေးပါ။ အပိုဒ် ၂ ကိုဆွေးနွေးစဉ် ဝေစာပါအကြောင်းအရာများကို အတိုချုပ်သုံးသပ်ပါ။ အပိုဒ် ၄ ကိုဆွေးနွေးစဉ် ဝေစာဝေငှနိုင်ပုံကို သရုပ်ပြပါ။ အပိုဒ် ၅ ကိုဆွေးနွေးစဉ် ပြန်လည်ပတ်မှုတွင် ဝေစာကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုစတင်ပုံကို ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။
အောက်တိုဘာ ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်ဆွေးနွေးရန်။ ၂၀၀၅၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၀-၂၂၊ အပိုဒ် ၁၀-၁၆ မှမှတ်ချက်များကို ပါဝင်စေပါ။
၂၀ မိ– “ယေဟောဝါအား ချစ်မြတ်နိုးတတ်ရန် အခြားသူများကို သင်ပေးပါ။”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။