ကြေညာချက်များ
◼ အောက်တိုဘာတွင် ဝေငှမည့်စာပေ– ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများ။ နိုဝင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကျမ်းစာသင်အံမှုစတင်ရန် ထက်သန်စွာကြိုးစားပါ။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုဝေငှပါ။ မိမိတို့တွင် ကလေးရှိကြောင်းပြောလျှင် ကြီးမြတ်သောဆရာထံမှသင်ယူလော့ [အင်္ဂလိပ်] စာအုပ်ကိုဝေငှပါ။
◼ နိုဝင်ဘာလတွင် စနေတနင်္ဂနွေငါးပတ်ရှိသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလဖြစ်လိမ့်မည်။
◼ ဦးစီးကြီးကြပ်မှူးနှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးတို့ သတိပြုရန်– အသင်းတော်အစည်းအဝေးအစီအစဉ်သစ်ကို ၂၀၀၈၊ ဒီဇင်ဘာ ၂၉ ရက်အပတ်တွင် စတင်မည်၊ ဤပြုပြင်ပြောင်းလဲထားသောအစီအစဉ်သည် ၂၀၀၈၊ ဒီဇင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဖော်ပြမည့်အတိုင်းဖြစ်ပါလိမ့်မည်။ ထိုအပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်းကို ကျင်းပသည့်အခါ ၂၀၀၉၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်စာရွက်မှ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်းဟူသောခေါင်းစဉ်အောက်ရှိ ညွှန်ကြားချက်များကို အသေအချာလိုက်နာပါ။ စကားပြောအရည်အသွေးကို သုံးသပ်တော့မည်မဟုတ်ပါ။