မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီဇင်ဘာ ၁
“ကမ္ဘာတစ်ဝန်းက လူတွေမှာ ကျန်းမာသန့်ရှင်းမှုစံချိန်စံနှုန်း အမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ သန့်ရှင်းမှုရှိဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတဲ့ အကြောင်းရင်းတစ်ခုကို ဒီမှာပြောထားတယ်။ [၁ ပေတရု ၁:၁၆ ကိုဖတ်ပါ။] သန့်သန့်ရှင်းရှင်းနေနိုင်ဖို့ ဘာလုပ်ရမယ်ဆိုတဲ့ လက်တွေ့ကျအကြံပြုချက်တချို့ကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၉ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဒီဇင်ဘာ
“လူအတော်များများက တစ်နှစ်တာရဲ့ ဒီအချိန်မှာ ယေရှုကို ဂုဏ်ပြုလေ့ရှိကြတယ်။ ကိုယ်တော့်ကို ဂုဏ်ပြုနိုင်တဲ့ အကောင်းဆုံးနည်းကို ဒီကျမ်းချက်မှာ ဒီလိုပြောထားတယ်။ [ယောဟန် ၁၄:၁၅ ကိုဖတ်ပါ။ တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုမွေးဖွားတဲ့ရက်အတိအကျကို မသိရပေမဲ့ ဒီဇင်ဘာ ၂၅ ရက်က ဘာကြောင့်ခရစ္စမတ်ပွဲနေ့ဖြစ်လာတယ်ဆိုတာကို သိရရင် မိတ်ဆွေအံ့သြသွားလိမ့်မယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် ဇန်နဝါရီ ၁
“ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေက ယေရှုရဲ့မိခင်မာရိကို အမျိုးမျိုးရှုမြင်ကြတယ်။ မာရိကိုဝတ်ပြုကိုးကွယ်သင့်တယ်လို့ လူတချို့ယူဆတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရှေးအချိန်တုန်းက တကယ့်ထူးခြားတဲ့တာဝန်တစ်ခုကို မာရိရခဲ့တယ်ဆိုပြီး ကျမ်းစာကပြောတယ်။ [လုကာ ၁:၃၀-၃၂ ကိုဖတ်ပါ။] မာရိရဲ့ပုံသက်သေကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်တယ်ဆိုတဲ့အကြောင်းကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! ဇန်နဝါရီ
“ကမ္ဘာ့မြစ်ချောင်းအင်းအိုင်အတော်များများက ခြောက်သွေ့လာနေပြီး လူသန်းပေါင်းများစွာက သန့်ရှင်းတဲ့သောက်ရေ မရရှိကြတော့ဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တော်တော်ခက်တယ် မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ အကောင်းဆုံးဖြေရှင်းနည်းအကြောင်း ဆွေးနွေးထားတယ်။”