သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သုံးသပ်သွားပါမည်။
၁။ ထွက်မြောက်ရာ ၂၃:၁၉ တွင်တွေ့ရသော တားမြစ်ချက်မှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ [က၀၆ ၄/၁ စ. ၃၁ ပိုဒ်. ၁-၅]
၂။ ဥရိမ်နှင့်သုမိမ်သည် အဘယ်အရာများဖြစ်ပြီး ရှေးဣသရေလလူတို့သည် ၎င်းကို မည်သို့အသုံးပြုကြသနည်း။ (ထွ. ၂၈:၃၀) [က၀၆ ၁/၁၅ စ. ၁၈; က၀၁ ၉/၁ စ. ၂၇]
၃။ ယေဟောဝါသည် မောရှေနှင့် မည်သို့ “မျက်နှာချင်းဆိုင်” စကားပြောသနည်း။ (ထွ. ၃၃:၁၁၊ ၂၀) [က၀၄ ၃/၁၅ စ. ၂၇]
၄။ တဲတော်ဆောက်လုပ်ရာတွင် ပစ္စည်းဥစ္စာများနှင့် ကျွမ်းကျင်မှုများကို ဣသရေလလူတို့ ရက်ရောစွာလှူဒါန်းခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ (ထွ. ၃၅:၅၊ ၁၀) [က၉၉ ၁၁/၁ စ. ၃၁ ပိုဒ်. ၂]
၅။ ထွက်မြောက်ရာ ၄၀:၂၈ တွင်ဖော်ပြထားသော ကန့်လန့်ကာသည် ဘုရားသခင်၏ သာ၍ကြီးမြတ်သော ဝိညာဏဗိမာန်တော်တွင် အဘယ်အရာကို ပုံဆောင်သနည်း။ [က၀၀ ၁/၁၅ စ. ၁၅ ပိုဒ်. ၇-၈]
၆။ ယေရှုပူဇော်သကာ၏ မည်သည့်အပိုင်းသည် ယဇ်ပလ္လင်ပေါ်တွင် တစ်ကောင်လုံးပူဇော်ရသော “မီးရှို့ရာယဇ်” ကိုရည်ညွှန်းသနည်း။ (ဝတ်. ၁:၁၃) [က၀၄ ၅/၁၅ စ. ၂၁ ပိုဒ်. ၃]
၇။ “ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏” ဟူသောအချက်သည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ (ဝတ်. ၃:၁၆၊ ၁၇) [က၀၄ ၅/၁၅ စ. ၂၂ ပိုဒ်. ၂]
၈။ ယဇ်ကောင်အဖြစ်ပူဇော်သော သိုးထီး၏အသွေးကို အာရုန်နှင့် သူ၏သားများ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌ထည့်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ဝတ်. ၈:၂၃၊ ၂၄) [it–2 စ. ၁၁၁၃ ပိုဒ်. ၄]
၉။ ယေရှု၏မိဘများနှင့်ပတ်သက်၍ ဝတ်ပြုရာ ၁၂:၈ မှ ကျွန်ုပ်တို့ အဘယ်အရာကို ထိုးထွင်းသိမြင်နိုင်ပြီး အဘယ်သင်ခန်းစာသင်ယူနိုင်သနည်း။ [က၉၈ ၁၂/၁၅ စ. ၆ ပိုဒ်. ၅]
၁၀။ ဣသရေလတို့ နှစ်စဉ်ကျင်းပသည့် အပြစ်ဖြေရာနေ့တွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၏ သက်ဆိုင်မှုကို မည်သို့ပုံတင်ပြခဲ့သနည်း။ (ဝတ်. ၁၆:၁၁-၁၆) [က၉၈ ၂/၁၅ စ. ၁၂ ပိုဒ်. ၂]