ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၉ စာ. ၁
  • သင့်ဓမ္မအမှုကို တိုးချဲ့နိုင်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဓမ္မအမှုကို တိုးချဲ့နိုင်ပါသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ရှေ့ဆောင်တစ်ဦးအနေနှင့် ယေဟောဝါအမှုတော် သင်ထမ်းဆောင်နိုင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • နိုင်ငံတော်လုပ်ငန်းဆိုင်ရာ သင့်ဘဏ္ဍာကို တိုးချဲ့လေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၇/၀၉ စာ. ၁

သင့်ဓမ္မအမှုကို တိုးချဲ့နိုင်ပါသလော

၁။ လယ်ကွင်းဓမ္မအမှုတွင် အဘယ်အရာ အရေးတကြီးလိုအပ်နေသနည်း၊ အဘယ်ကြောင့်နည်း။

၁ ယေရှုသည် နိုင်ငံတော်သတင်းကောင်းကို လူများစွာ စိတ်ဝင်စားကြောင်း တွေ့ရသောအခါ မိမိ၏တပည့်များအား “လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြ” ဖို့ ညွှန်ကြားခဲ့သည်။ (မ. ၉:၃၇၊ ၃၈) ကျွန်ုပ်တို့သည် ရိတ်သိမ်းရာကာလ ကုန်ဆုံးတော့မည့်အချိန်တွင် ရှိနေကြသောကြောင့် ကျွန်ုပ်တို့၏လုပ်ငန်းသည် မည်သည့်အချိန်ကထက်မဆို ပို၍ပင် အရေးတကြီးဖြစ်နေပါသည်။ ယင်းက ကျွန်ုပ်တို့သည် လယ်ကွင်းဓမ္မအမှုတွင် မည်သို့ပို၍ပါဝင်နိုင်ပုံကို ဆုတောင်းသုံးသပ်သင့်သည်ဟူသည့် သဘောသက်ရောက်၏။—ယော. ၁၄:၁၃၊ ၁၄။

၂။ လယ်ကွင်းလုပ်ငန်းတွင် လုပ်သားများပိုမိုလိုအပ်နေမှုကို အချို့သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၂ ဓမ္မအမှုတိုးချဲ့ရန် နည်းလမ်းများ– လူများစွာသည် ယေဟောဝါ၏လမ်းညွှန်မှုနှင့် ကူညီမှုဖြင့် ရှေ့ဆောင်လုပ်ငန်းတွင် စတင်ပါဝင်နိုင်ခဲ့ကြောင်း တွေ့ ရှိခဲ့ကြသည်။ (ဆာ. ၂၆:၂၊ ၃; ဖိ. ၄:၆) အချို့သည် တစ်နှစ်အတွင်း တစ်လ သို့မဟုတ် ထို့ထက်ပို၍ အရန်ရှေ့ဆောင်အဖြစ် လုပ်ဆောင်ရန် အထူးကြိုးစားအားထုတ်ခဲ့ကြသည်။ ယင်းသည် သူတို့၏ဓမ္မအမှုကိုတိုးချဲ့ရန် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ထင်ရှားခဲ့သည်။ ဤအခွင့်ထူးတွင်ပါဝင်ခြင်းမှ ရရှိလာသည့် ပျော်ရွှင်မှုက လူများစွာအား မှန်မှန်ရှေ့ဆောင်လုပ်ရန် သုံးသပ်စေခဲ့သည်။—တ. ၂၀:၃၅။

၃။ သင်သည် ယခင်က ရှေ့ဆောင်လုပ်ခဲ့ဖူးလျှင် ယခု အဘယ်အရာကို စဉ်းစားသုံးသပ်နိုင်သနည်း။

၃ ရှေ့ဆောင်လုပ်ငန်းတွင် သင် ပြန်ပါဝင်နိုင်ပါသလော– သင်သည် ယခင်က ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်ဆိုလျှင် ထိုအချိန်က စိတ်ကြည်နူးဖွယ်အမှတ်တရများ ရှိခဲ့မည်မှာ အမှန်ပင်။ ရှေ့ဆောင်လုပ်ငန်းတွင် ပြန်လည်ပါဝင်နိုင်ရန် ဆုတောင်း၍ စဉ်းစားသုံးသပ်ပြီးပြီလော။ ယခင်က သင့်အား ရှေ့ဆောင်လုပ်ခြင်းမှ ရပ်တန့်သွားစေခဲ့သည့် အခြေအနေများသည် ယခု အတားအဆီးဖြစ်ချင်မှဖြစ်ပေမည်။ ယခုအချိန်သည် သင်ရှေ့ဆောင်ပြန်လုပ်ရန် အချိန်ဖြစ်ပေမည်။—၁ ယော. ၅:၁၄၊ ၁၅။

၄။ ကျွန်ုပ်တို့အားလုံးအတွက် အဘယ်ထူးမြတ်လှသော အခွင့်အရေး ပွင့်နေသနည်း။

၄ ရိတ်သိမ်းခြင်းလုပ်ငန်းသည် တိုးတက်အောင်မြင်နေပြီး မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ (ယော. ၄:၃၅၊ ၃၆) ကျွန်ုပ်တို့အားလုံး လယ်ကွင်းတွင် တိုးချဲ့ပါဝင်ရန် မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုပြင်ပြောင်းလဲနိုင်မနိုင် ပိုင်းခြားဆုံးဖြတ်ဖို့ မိမိတို့၏လက်ရှိအခြေအနေကို ဆန်းစစ်နိုင်ကြပါစေ။ သို့မဟုတ် ကျွန်ုပ်တို့၏လုပ်ငန်းကို အမှန်တကယ်မတိုးချဲ့နိုင်ပါက ပို၍ထိရောက်စွာလုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ရှာဖွေနိုင်ပါသလော။ (မာ. ၁၂:၄၁-၄၄) မိမိတို့၏လက်ရှိအခြေအနေများက ယေဟောဝါ၏အသုံးတော်ခံရန် ခွင့်ပြုသူအားလုံးအတွက် ဤရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ရခြင်းသည် အခွင့်ထူးတစ်ခုဖြစ်ပေသည်။—ဆာ. ၁၁၀:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ