အောက်တိုဘာ ၂၆ အပတ်အတွက်ဇယား
အောက်တိုဘာ ၂၆ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
lv-BU နောက်ဆက်တွဲ၊ စစ. ၂၁၉-၂၂၁
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၁၁-၁၃
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ကင်းမျှော်စင်နှင့် နိုးလော့!ကို ဝေငှရန် ပြင်ဆင်ပါ။ ဟောပြောရန်။ ဝေငှမည့်မဂ္ဂဇင်းပါ အကြောင်းအရာများကို အတိုချုပ်သုံးသပ်ပြီး ဒေသခံရပ်ကွက်တွင် အဘယ်ဆောင်းပါးများ စိတ်ဝင်စားနိုင်သည်ကို တင်ပြပါ။ မိဘတစ်ဦးသည် မိမိကလေးကို ဓမ္မအမှုအတွက် ပြင်ဆင်ရန်ကူညီပေးပုံကို သရုပ်ပြစေပါ။ မိဘနှင့် ကလေးက ဆောင်းပါးတစ်ခုကို ရွေးချယ်ပြီး အိမ်ရှင်ကိုမေးနိုင်သည့် မေးခွန်းတစ်ခုကို စဉ်းစားထားကာ အသုံးပြုမည့်ကျမ်းချက်တစ်ချက်ကို ရွေးချယ်သည်။ ထို့နောက် ကလေးသည် သူ၏တင်ဆက်မှုကို သရုပ်ပြပြီး အလှူငွေအစီအစဉ်ကိုလည်း ဖော်ပြသည်။
၁၀ မိ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ပရိသတ်နှင့်ဆွေးနွေးရန်။ စာအုပ်ပါ အဘယ်အခန်းများကို ဒေသခံရပ်ကွက်တွင် အထိရောက်ဆုံးအသုံးပြုနိုင်ခဲ့ကြောင်း ပြန်ပြောပြရန် ပရိသတ်ကို မေးပါ။ စာအုပ်ကို မိတ်ဆက်ရာတွင် အဘယ်မေးခွန်း၊ ရုပ်ပုံ သို့မဟုတ် ကျမ်းချက်ကို အသုံးပြုခဲ့ကြသနည်း။ သရုပ်ပြတစ်ခု တင်ဆက်ပါ။
၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့် ဆွေးနွေးရန်။ ကျမ်းချက်များကို ဖတ်၍ ဆွေးနွေးပါ။