ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၉ စာ. ၁
  • အရေးတကြီးသဘောထားဖြင့် ဟောပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရေးတကြီးသဘောထားဖြင့် ဟောပြောပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အရေးတကြီးလုပ်ဆောင်တတ်သော သင့်သဘောကို စောင့်ထိန်းပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဟောပြောခြင်းလုပ်ငန်းမှာ အရေးတကြီးသဘောထားကို ဘယ်လိုမွေးမြူနိုင်မလဲ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • “ယေဟောဝါ၏နေ့ကြီး နီးပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၁၂/၀၉ စာ. ၁

အရေးတကြီးသဘောထားဖြင့် ဟောပြောပါ

၁။ ကျွန်ုပ်တို့အချိန်တွင် ပေါလု၏အဘယ်တိုက်တွန်းချက်ကို အာရုံစိုက်ဖို့လိုသနည်း။

၁ ‘တရားစကားတော်ကို အရေးတကြီးသဘောထားဖြင့် ဟောပြောလော့။’ (၂ တိ. ၄:၂) ပေါလု၏တိုက်တွန်းချက်သည် ယနေ့အချိန်တွင် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ ယင်းစကားများက ကျွန်ုပ်တို့နှင့် အခြားသူတို့၏အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

၂။ ကျွန်ုပ်တို့သည် သတင်းကောင်းမကြားဖူးသူတို့ကို အဘယ်ကြောင့် ဝီရိယရှိရှိရှာဖွေကြသနည်း။

၂ အသက် ပါဝင်ပတ်သက်နေ– ကယ်တင်ခြင်းရရှိစေနိုင်သည့် သတင်းကောင်းကို ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ ကြားရဖို့လိုအပ်နေဆဲဖြစ်သည်။ (ရော. ၁၀:၁၃-၁၅; ၁ တိ. ၄:၁၆) မကြာမကြာအမှုဆောင်သော ရပ်ကွက်တွင် စိတ်နှလုံးရိုးဖြောင့်သူများစွာကို တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားနေ့တစ်နေ့တွင် သို့မဟုတ် နေ့တစ်နေ့၏အခြားအချိန်တွင် အမှုဆောင်ပါက မတွေ့ဖူးသူကို တွေ့ကောင်းတွေ့ပေမည်။ ယင်းသို့ ဝီရိယရှိရှိရှာဖွေခြင်းက ကျွန်ုပ်တို့အား ကြည်လင်သောသြတ္တပ္ပစိတ်ရှိစေပြီး သွေးပြစ်မှ ကင်းလွတ်စေမည်ဖြစ်သည်။—တ. ၂၀:၂၆။

၃။ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာ မည်သို့အသုံးပြုနိုင်ကြသနည်း။

၃ ပထမရာစုရှိခရစ်ယာန်များသည် ပြင်းထန်သည့်ဆန့်ကျင်မှုကြုံရငြား ‘ဂျေရုဆလင်မြို့ကို သူတို့၏သွန်သင်ချက်နှင့် ပြည့်စေကြ၏။’ (တ. ၅:၂၈) ကျွန်ုပ်တို့လည်း “စေ့စေ့စပ်စပ်သက်သေခံကြရန်” အလားတူစိတ်ပိုင်းဖြတ်ထားသလော။ (တ. ၁၀:၄၂) အမှုဆောင်ထွက်ရာတွင် အချိန်ကို ပညာရှိရှိအသုံးပြုကြသလော။ အခြားသူများ ပြန်လည်ပတ်မှုသွားနေသည်ကို ကျွန်ုပ်တို့စောင့်နေပါက ဖြတ်သွားဖြတ်လာသူတို့ကို အစပြုစကားပြောဆိုပါသလော။

၄။ အရေးတကြီးသဘောထားဖြင့် ဟောပြောခြင်းသည် စောင့်နေရန် မည်သို့ထောက်ကူပေးသနည်း။

၄ ပို၍နိုးနိုးကြားကြားရှိပါ– ဤလောကစနစ်အဆုံးနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် နိုးကြားပြီး စောင့်နေကြရမည်။ (၁ သက်. ၅:၁-၆) ကျွန်ုပ်တို့သည် နိုင်ငံတော်မျှော်လင့်ချက်အကြောင်း ပုံမှန်ပြောဆိုသည့်အတွက် ဤလောကစနစ်အားဖြင့် မိမိတို့ကိုယ်ကို ဝန်လေးစေခြင်းကိုရှောင်ကြသည်။ (လု. ၂၁:၃၄-၃၆) တစ်ဖန် ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့ “စိတ်စွဲလမ်း” နေသောကြောင့် အသက်ကယ်ခြင်းနှင့်ဆိုင်သော ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ တိုး၍ပါဝင်ရန် လှုံ့ဆော်ခံရကြသည်။—၂ ပေ. ၃:၁၁၊ ၁၂။

၅။ အသက်ကို လေးမြတ်တန်ဖိုးထားခြင်းက ဓမ္မအမှုတွင် ကျွန်ုပ်တို့ကို မည်သို့လှုံ့ဆော်သနည်း။

၅ အရေးတကြီးသဘောထားဖြင့် ကျွန်ုပ်တို့ဟောပြောသောအခါ အသက်နှင့်ပတ်သက်သော ယေဟောဝါ၏ ဤရှုမြင်ချက်ကို ကျွန်ုပ်တို့တင်ပြကြသည်– ‘ယေဟောဝါသည် မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိတော်မူ၏။’ (၂ ပေ. ၃:၉; ယေဇ. ၃၃:၁၁) ယေဟောဝါအားချီးမွမ်းဖို့အတွက် ရပ်ကွက်ရှိလူများနိုင်သမျှများများနှင့် တွေ့ဆုံရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်နိုင်ပါစေ။—ဆာ. ၁၀၉:၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ