သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၉၊ ဒီဇင်ဘာ ၂၈ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ သုံးသပ်ကြမည်။
၁။ ယနေ့ခရစ်ယာန်များသည် တရားဟောရာ ၁၄:၁ ပါမူကို မည်သို့ကျင့်သုံးနိုင်သနည်း။ [က၀၅ ၁/၁ စ. ၂၈; က၀၄ ၉/၁၅ စ. ၂၇ ပိုဒ်. ၄]
၂။ တရားဟောရာ ၂၀:၅-၇ တွင်ပါသောမူကို ယနေ့ခရစ်ယာန်အသင်းတော်တွင် မည်သို့ကျင့်သုံးနိုင်သနည်း။ [က၀၄ ၉/၁၅ စ. ၂၇ ပိုဒ်. ၅]
၃။ စစ်ရေးနှင့်ပတ်သက်သောကိစ္စများတွင် ဣသရေလလူမျိုးသည် အခြားလူမျိုးများနှင့် မည်သို့ကွာခြားသနည်း။ (တရား. ၂၀:၁၀-၁၅၊ ၁၉၊ ၂၀; ၂၁:၁၀-၁၃) [cl-BU စ. ၁၃၄-၁၃၅၊ ပိုဒ်. ၁၇]
၄။ ယေဟောဝါ၏အမှုတော်ကို ရွှင်လန်းသောနှလုံးဖြင့် ထမ်းဆောင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။ (တရား. ၂၈:၄၇) [က၉၅ ၁/၁၅ စ. ၁၆ ပိုဒ်. ၄-၅]
၅။ ဣသရေလလူတို့အပေါ်ထားရှိသော ယေဟောဝါ၏မေတ္တာကို သရုပ်ဖော်ပြသည့် တရားဟောရာ ၃၂:၉၊ ၁၁၊ ၁၂ ပါပုံဥပမာမှ မိဘများ မည်သို့ အကျိုးရယူနိုင်သနည်း။ [က၀၁ ၁၀/၁ စ. ၉ ပိုဒ်. ၇-၉]
၆။ သူလျှိုများကိုရှာဖွေနေသော မင်းကြီး၏လူများအား ရာခပ်၏လှည့်စားပြောဆိုမှုကို ကျွန်ုပ်တို့ မည်သို့ နားလည်ရမည်နည်း။ (ယောရှု ၂:၄၊၅) [က၉၃ ၁၂/၁၅ စ. ၂၅ ပိုဒ်. ၁]
၇။ ယောရှု ၃:၁၅၊ ၁၆ တွင် မှတ်တမ်းတင်ထားသော ဣသရေလလူမျိုး၏ပုံနမူနာက ကျွန်ုပ်တို့ကို အဘယ်သင်ခန်းစာပေးသနည်း။ [က၀၄ ၁၂/၁ စ. ၉ ပိုဒ်. ၅]
၈။ အာခန်၏ခိုးမှုကို ယောရှုကိုင်တွယ်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ (ယောရှု ၇:၂၀-၂၅) [က၀၄ ၁၂/၁ စ. ၁၁ ပိုဒ်. ၄]
၉။ ယောရှု ၉:၂၂၊ ၂၃ က ဘုရားသခင့်နှုတ်ထွက်စကားတော် အမှန်တကယ်ပြည့်စုံမှုကို မည်သို့အလေးပေးဖော်ပြသနည်း။ [က၀၄ ၁၂/၁ စ. ၁၁ ပိုဒ်. ၃; si စ. ၄၄၊ ပိုဒ်. ၁၃ (အင်္ဂလိပ်)]
၁၀။ ကာလက်၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အားပေးမှု ရရှိနိုင်သနည်း။ (ယောရှု ၁၄:၈၊ ၁၀-၁၂) [က၀၄ ၁၂/၁ စ. ၁၂ ပိုဒ်. ၂; က၉၃ ၅/၁၅ စ. ၂၉ ပိုဒ်. ၁]