ဒီဇင်ဘာ ၂၇ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၂၇ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၂၅-၂၈
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။ “၂၀၁၁ ပြက္ခဒိန်က မိသားစုဝတ်ပြုမှုကို အလေးပေး။” ဟောပြောပါ။
၁၅ မိ– သင်စမ်းကြည့်ဖူးသလား။ ဆွေးနွေးပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် မကြာသေးမီကပါရှိခဲ့တဲ့ “ဦးဆုံးဟောပြောချိန်တွင် ကျမ်းစာသင်အံမှုကို သရုပ်ပြပါသလော၊” “ဟောပြောရန် လူသစ်များကို လေ့ကျင့်ပေးနိုင်ပုံ” (နဓ ၅/၁၀) နဲ့“သင်အလွတ်သဘောသက်သေခံနိုင်” (နဓ ၈/၁၀) ဆောင်းပါးတွေကို အတိုချုပ်ပြန်သုံးသပ်၍ ဟောပြောပါ။ ဒီဆောင်းပါးတွေမှာပါရှိတဲ့အကြံပြုချက်တွေကို ဘယ်လိုလက်တွေ့ကျင့်သုံးခဲ့သလဲဆိုတာနဲ့ ဘာအကျိုးရခဲ့သလဲဆိုတာ ပရိသတ်ကိုမှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ။
၁၅ မိ– “ကျမ်းစာသင်အံမှုစစေနိုင်မယ့် ဆောင်းပါးတွဲအသစ်။” မေးဖြေဆွေးနွေးရန်။ ဆွေးနွေးမှုမစတင်မီ ၂၀၁၁၊ ဇန်နဝါရီ ၁ ရက်ထုတ်ကင်းမျှော်စင်မပါလာသူတွေကို အဲဒီကင်းမျှော်စင် ဝေပေးပါ။ “ဘုရားသခင့် စကားတော်မှသင်ယူပါ– ဘုရားသခင်ဆီက ဘာကြောင့်သင်ယူရတာလဲ” ဆောင်းပါးကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုစတင်ပုံကိုပြတဲ့ သရုပ်ပြတစ်ခု (သို့) နှစ်ခုနဲ့ နိဂုံးချုပ်ပါ။