သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀၊ ဒီဇင်ဘာ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်ကြမည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၀၊ နိုဝင်ဘာ ၁ မှ ဒီဇင်ဘာ ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ ၁ ရာဇဝင်ချုပ် ၁၆:၃၄ မှာပါတဲ့ လေဝိသီချင်းသည်တွေရဲ့ ချီးမွမ်းဂုဏ်တင်မှုကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ [က၀၂ ၁/၁၅ စ. ၁၁ ပိုဒ်. ၆-၇]
၂။ ယေဟောဝါက သူ့အိမ်တော်ကို ဒါဝိဒ်ကိုမဆောက်စေလိုတာဟာ ဒါဝိဒ်ရဲ့စစ်တိုက်ခြင်းက မှားတဲ့အတွက်လို့ ၁ ရာဇဝင်ချုပ် ၂၂:၈ ကဖော်ပြပါသလား။ ရှင်းပြပါ။ [it-2-E စ. ၉၈၇ ပိုဒ်. ၁]
၃။ ဘုရင်ဒါဝိဒ်က သားရှောလမုန်ကို ဘုရားသခင်အပေါ် ဘယ်လိုခံစားချက်မျိုးရှိစေချင်သလဲ။ (၅ ရာ. ၂၈:၉) [က၀၈ ၁၀/၁၅ စ. ၇ ပိုဒ်. ၁၈]
၄။ ကြေးဝါရေကန်ရဲ့အောက်ခြေကို ဆောက်လုပ်တဲ့အခါ နွားရုပ်တွေကို အသုံးပြုတာ ဘာကြောင့် သင့်လျော်သလဲ။ (၆ ရာ. ၄:၂-၄) [က၀၅ ၁၂/၁ စ. ၁၉ ပိုဒ်. ၃; က၉၈ ၆/၁၅ စ. ၁၆ ပိုဒ်. ၁၇]
၅။ ပဋိညာဉ်သေတ္တာမှာ ကျောက်ပြားနှစ်ပြားပဲ ရှိသလား။ တခြားအရာတွေရောရှိသေးလား။ (၆ ရာ. ၅:၁၀) [က၀၆ ၁/၁၅ စ. ၃၁]
၆။ “ဤအရပ်ဌာန၌” ဘယ်သူမဆိုရဲ့ဆုတောင်းအသနားခံမှုကိုနားထောင်ပေးဖို့ ယေဟောဝါကို ရှောလမုန်တောင်းဆိုတဲ့အခါ သူဘာကိုပြောချင်တာလဲ။ (၆ ရာ. ၆:၂၁၊ ၃၂၊ ၃၃) [it-1-E စ. ၁၃၇ ပိုဒ်. ၁]
၇။ ၂ ရာဇဝင်ချုပ် ၁၃:၅ မှာပါတဲ့ “ဆားနဲ့ယှဉ်သော ပဋိညာဉ်” ဆိုတဲ့အသုံးအနှုန်းက ဘာကိုဆိုလိုသလဲ။ [က၀၅ ၁၂/၁ စ. ၂၀ ပိုဒ်. ၂; it-2-E စ. ၈၄၂ ပိုဒ်. ၇]
၈။ ၂ ရာဇဝင်ချုပ် ၁၇:၉၊ ၁၀ မှာပါတဲ့မူက ကျွန်တော်တို့ဓမ္မအမှုနဲ့ ဘယ်လိုသက်ဆိုင်မှုရှိနိုင်ပါသလဲ။ [က၀၉ ၆/၁၅ စ. ၁၂ ပိုဒ်. ၇]
၉။ ဘုရားသခင့်လူမျိုးဟာ ၂ ရာဇဝင်ချုပ် ၂၀:၁၇ နဲ့အညီ ဘယ်လိုပြုမူကြမလဲ။ [က၀၃ ၆/၁ စစ. ၂၁-၂၂ ပိုဒ်. ၁၄-၁၇]
၁၀။ ဩဇိမင်းရဲ့မာနထောင်လွှားစွာပြုမူတဲ့မှတ်တမ်းကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ (၆ ရာ. ၂၆:၁၅-၂၁) [က၉၉ ၁၂/၁ စ. ၂၆ ပိုဒ်. ၁-၂]