ဇွန် ၂၅ အပတ်အတွက်ဇယား
ဇွန် ၂၅ မှာစမယ့်အပတ်
သီချင်း ၆၃ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၂ အပိုဒ် ၁၅-၂၁ (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၁-၅ (၁၀ မိ.)
သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ကြေညာချက်များ။ ဇူလိုင်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ မဂ္ဂဇင်းတွေကိုသုံးပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ပုံကို စာမျက်နှာ ၄ မှာပါတဲ့ နမူနာတင်ဆက်နည်း ကိုသုံးပြီး သရုပ်ပြပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ ဇူလိုင်လမဂ္ဂဇင်းတွေနဲ့ ဇူလိုင်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိနေမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။)
၁၅ မိ– အမှုဆောင်သွားတဲ့အခါ သင့်အချိန်ကို ပညာရှိရှိ အသုံးပြုပါ။ (ဧ. ၅:၁၅၊ ၁၆) အောက်ပါမေးခွန်းတွေကို အခြေခံပြီး ဆွေးနွေးပါ။ (၁) ဒီလိုအခါမျိုးမှာ အချိန်ကို ဘယ်လို ပညာရှိရှိ သုံးနိုင်မလဲ– (က) လယ်ကွင်းတွေ့ဆုံမှုကျင်းပတဲ့အခါ၊ (ခ) လယ်ကွင်းတွေ့ဆုံမှု နိဂုံးချုပ်တဲ့အခါ၊ (ဂ) ကျွန်ုပ်တို့အုပ်စုအတွင်းမှာရှိသူတစ်ဦးဦးက စိတ်ဝင်စားသူနဲ့ အချိန်ကြာကြာစကားလက်ဆုံကျနေတဲ့အခါ၊ (ဃ) တစ်နေရာနဲ့တစ်နေရာ တော်တော်ဝေးတဲ့ လည်ပတ်မှုတွေကို သွားတဲ့အခါ။ (၂) ဒီအချက်တွေက အချိန်ကို ဘယ်လိုသက်သာစေသလဲ– (က) ဖြစ်နိုင်မယ်ဆိုရင် လယ်ကွင်းတွေ့ဆုံ မှုမတိုင်ခင် မိသားစုကို အဆာပြေစားထားစေခြင်း၊ (ခ) လယ်ကွင်းတွေ့ဆုံမှုကို လူတိုင်းအချိန်မီရောက်ရှိခြင်း၊ (ဂ) အုပ်စုကို စီစဉ်ပေးနေစဉ်မှာ ဦးဆောင်သူကို အာရုံစိုက်နားထောင်ခြင်းနဲ့ လယ်ကွင်းတွေ့ဆုံမှုပြီးတဲ့အခါ မလိုအပ်ဘဲ ပြန်အစီအစဉ်မလုပ်ခြင်း၊ (ဃ) ရပ်ကွက်ကို မထွက်ခွာခင်မှာ ဘယ်ကနေ စတင်မယ်ဆိုတာကို အားလုံးသိထားခြင်း။
၁၀ မိ– ဇူလိုင်လမှာ ဝေငှမယ့်စာပေ။ ဆွေးနွေးပါ။ ဝေငှမယ့်စာပေပါ စိတ်ဝင်စားဖွယ်အချက်တွေကို သုံးသပ်ပါ။ သရုပ်ပြ တစ်ခု၊ နှစ်ခု တင်ဆက်ပါ။
သီချင်း ၂၉ နဲ့ ဆုတောင်းချက်