ဇူလိုင် ၂ အပတ်အတွက်ဇယား
ဇူလိုင် ၂ မှာစမယ့်အပတ်
သီချင်း ၁၁၆ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၃ အပိုဒ် ၁-၈၊ စာမျက်နှာ ၁၈၀ မှလေးထောင့်ကွက် (၂၅ မိ.)
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၆-၁၀ (၁၀ မိ.)
နံပါတ် ၁– ယေဇကျေလ ၇:၁၄-၂၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– နှိမ့်ချမှုဆိုင်ရာ ပုံသက်သေကောင်းကို ယောနသန် ဘယ်လိုတင်ပြခဲ့သလဲ—၁ ရာ. ၂၃:၁၆-၁၈ (၅ မိ.)
နံပါတ် ၃– မုန့်နဲ့စပျစ်ရည်ဟာ ခရစ်တော်ရဲ့ခန္ဓာတော်နဲ့ အသွေးတော်အဖြစ်ကို တကယ်ပဲပြောင်းလဲသွားသလား—rs စ. ၂၁၇ အပိုဒ် ၁-စ. ၂၁၈ အပိုဒ် ၄ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– အိမ်ရှင်နဲ့ ကျိုးကြောင်းဆင်ခြင်နိုင်ပုံ—အပိုင်း ၁။ ဓမ္မအမှုကျောင်းစာအုပ် စာမျက်နှာ ၂၅၁ ကနေ ၂၅၃ အပိုဒ် ၂ အထိကိုအခြေခံပြီး ဆွေးနွေးပါ။ အကြောင်းအရာမှာပါတဲ့ အချက်တစ်ချက်၊ နှစ်ချက်ကို အတိုချုပ်သရုပ်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဇူလိုင်လမှာဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ ဇူလိုင်လမဂ္ဂဇင်းတွေနဲ့ ဇူလိုင်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိနေမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။) ဆောင်းပါးနှစ်ခု၊ သုံးခုရွေးပါ၊ စက္ကန့် ၃၀-၆၀ အချိန်ယူပြီး ဒီဆောင်းပါးတွေကို ရပ်ကွက်ကလူတွေ ဘာကြောင့်စိတ်ဝင်စားနိုင်ကြောင်း ပြောပါ။ ပြီးတဲ့နောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားမှုကို နှိုးဆွစေတဲ့ မေးခွန်းတစ်ခု အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ၊ ဖတ်ပြမယ့်ကျမ်းချက်တစ်ချက်ကိုလည်း အကြံပြုစေပါ။ နိုးလော့! မျက်နှာဖုံးဆောင်းပါးတွေနဲ့ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်က တခြားဆောင်းပါးတစ်ခုကိုလည်း အလားတူပြုလုပ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၃၁ နဲ့ ဆုတောင်းချက်