ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၁၂ စာ. ၂
  • ကြေညာသူများရဲ့မေးခွန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာသူများရဲ့မေးခွန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ
    နိုးလော့!—၂၀၀၇
  • သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၆/၁၂ စာ. ၂

ကြေညာသူများရဲ့မေးခွန်း

◼ ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ ကျွန်ုပ်တို့ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတချို့ ဒါမှမဟုတ် အားလုံးကို ယေဟောဝါအဖွဲ့အစည်းကို လှူဒါန်းလိုတယ်ဆိုရင် ဘယ်အချက်တွေကို သုံးသပ်သင့်သလဲ။

လူတစ်ယောက်သေဆုံးသွားတဲ့အခါ သူ့ရဲ့ရုပ်ပစ္စည်းပိုင်ဆိုင်ရာတွေကို သူ မထိန်းချုပ်နိုင်တော့ဘူး။ (ဒေ. ၉:၅၊ ၆) ဒါကြောင့် လူများစွာက သူတို့ပိုင်ဆိုင်တဲ့အဖိုးတန်ပစ္စည်းတွေ ဝေခွဲရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ဆန္ဒကိုဖော်ပြဖို့ သေတမ်းစာ ကြိုလုပ်ထားကြတယ်။ (၄ ရာ. ၂၀:၁) ဒီသေတမ်းစာမှာ သေတမ်းစာအရဆောင်ရွက်ပိုင်သူအဖြစ် ဘယ်သူ့ကို လုပ်ဆောင်စေချင်တယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။ သေတမ်းစာ ကြိုမလုပ်ထားဘူးဆိုရင် နိုင်ငံများစွာမှာ သေဆုံးသွားသူရဲ့ ပိုင်ဆိုင်ရာတွေကို အာဏာပိုင်တွေက ဆုံးဖြတ်ခွဲဝေပေးလိုက်ကြတယ်။ ဒါကြောင့် ပိုင်ဆိုင်ရာတချို့ ဒါမှမဟုတ် အားလုံးကို ယေဟောဝါအဖွဲ့အစည်းကို လှူဒါန်းလိုတယ် စတဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်ရာတွေနဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ်ဆန္ဒရှိမယ်ဆိုရင် ဒီအချက်ကို ဖော်ပြထားတဲ့ သေတမ်းစာလုပ်ထားဖို့နဲ့ သေတမ်းစာအရဆောင်ရွက်ပိုင်သူကို အသေအချာရွေးချယ်ဖို့ အရေးကြီးပါတယ်။

သေတမ်းစာအရဆောင်ရွက်ပိုင်သူမှာ ကြီးလေးတဲ့တာဝန်ရှိတယ်။ ပိုင်ဆိုင်ရာပမာဏအပေါ်မူတည်ပြီး ဒါတွေကိုစုစည်းတဲ့နေရာမှာ၊ ပြီးနောက် ခွဲဝေတဲ့နေရာမှာ အသေးစိတ်လုပ်ဆောင်စရာများစွာရှိနိုင်ပြီး အချိန်များစွာလိုနိုင်တယ်။ ဒါ့အပြင် လိုက်နာဖို့လိုအပ်တဲ့ အစိုးရဥပဒေစည်းမျဉ်းတွေလည်း ရှိတယ်။ ဥပမာ၊ သေတမ်းစာရေးသူ ကွယ်လွန်ပြီးနောက်ပိုင်းမှာ သေတမ်းစာအရ ဆောင်ရွက်ပိုင်သူက သူသာဆောင်ရွက်ပိုင်သူဖြစ်ကြောင်း တရားရုံးမှာ သေတမ်းစာအတည်ပြုလက်မှတ် လျှောက်ထားရယူဖို့ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါသက်သေတစ်ယောက်ဖြစ်တာနဲ့ပဲ သေတမ်းစာအရဆောင်ရွက်ပိုင်သူအဖြစ် ထိထိရောက်ရောက်လုပ်ဆောင်နိုင်သူလို့ မယူမှတ်နိုင်ဘူး။ သေတမ်းစာအရဆောင်ရွက်ပိုင်သူအဖြစ် ကျွန်ုပ်တို့ရွေးချယ်တဲ့သူဟာ လုပ်ဆောင်နိုင်စွမ်းရှိသူ၊ ယုံကြည်စိတ်ချရသူ၊ ကျွန်ုပ်တို့ဆန္ဒအတိုင်း လုပ်ဆောင်ဖို့တလိုတလားရှိသူ ဖြစ်သင့်တယ်။—ဒီဇင်ဘာ ၈၊ ၁၉၉၈၊ နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို ကြိုတင်စီစဉ်ထားခြင်းက ပညာရှိရာရောက်ပြီး အကျိုးပြု” ဆောင်းပါးကိုကြည့်ပါ။

သေတမ်းစာအရဆောင်ရွက်ပိုင်သူအဖြစ် လုပ်ဆောင်ပေးဖို့ သင့်ကိုအကူအညီတောင်းလာတယ်ဆိုရင်– တစ်စုံတစ်ဦးက သူသေဆုံးသွားပြီးနောက် သူ့ရဲ့ပိုင်ဆိုင်ရာတွေကို စီမံဆောင်ရွက်ပေးလိုမလို မေးလာတယ်ဆိုရင် ဦးဆုံး ‘အကုန်အကျကို တွက်ချက်’ ပါ၊ ဒီတာဝန်ကို လုပ်ဆောင်နိုင်မနိုင် ဆုတောင်းဆုံးဖြတ်ပါ။ (လု. ၁၄:၂၈-၃၂) အဲဒီသူသေဆုံးသွားပြီးတဲ့နောက် အကျိုးခံစားခွင့်ရှိသူတွေအဖြစ် နာမည်ပါသူအားလုံးကို သင် အကြောင်းကြားဖို့ လိုပါလိမ့်မယ်။ သင့်မှာ လုပ်ပိုင်ခွင့်ရှိပြီဆိုတဲ့အခါ ပိုင်ဆိုင်ရာတွေကို ခွဲဝေတဲ့နေရာမှာ တရားဥပဒေအရဖြစ်ဖို့နဲ့ သေတမ်းစာမှာပါတဲ့အတိုင်း အတိအကျလုပ်ဆောင်ဖို့က သင့်တာဝန်ဖြစ်တယ်။ သေတမ်းစာအရဆောင်ရွက်ပိုင်သူဖြစ်တဲ့ သင့်အနေနဲ့ ပစ္စည်းပမာဏ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သေတမ်းစာမှာရေးထားရာကို လျစ်လျူရှုလို့မရဘူး။ သေတမ်းစာအားဖြင့် ယေဟောဝါသက်သေတွေရဲ့ တရားဝင်ကိုယ်စားလှယ်ကိုပေးတဲ့ ဘယ်ပစ္စည်းမဆိုဟာ ယေဟောဝါအဖွဲ့အစည်းပိုင်ဆိုင်တဲ့ ရန်ပုံငွေဖြစ်ပါတယ်။—လု. ၁၆:၁၀; ၂၁:၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ