သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ ဇွန် ၂၅ ရက်မှာ စတင်မယ့် အပတ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်ကျောင်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ စားဝတ်နေရေးခက်ခဲတဲ့အချိန်အတွင်း အသက်ရှင်ကျန်ရစ်တဲ့ ယေရမိရဲ့အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ဘာသင်ယူရရှိသလဲ။ (ယေ. ၃၇:၂၁) [မေ ၇၊ က၉၇ ၉/၁၅ စ. ၃ ပိုဒ်. ၄-စ. ၄ ပိုဒ်. ၁]
၂။ မြေကြီးမျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေဟာ ဧဗဒမေလက်ရဲ့ ပုံသက်သေကောင်းကို ဘယ်လိုနည်းနဲ့ တုပကြသလဲ။ (ယေ. ၃၈:၈-၁၃) [မေ ၇၊ su-E စ. ၁၇၉ ပိုဒ်. ၉]
၃။ ယေဟောဝါက နေဗုခဒ်နေဇာရဲ့ ကိုယ်ရံတော်တွေကိုသုံးပြီး ယေရမိနဲ့ ဗာရုတ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် ခရစ်ယာန်တွေဟာ လက်နက်ကိုင် ရဲတွေရဲ့ အကာအကွယ်ပေးမှုကို ရယူတာ သင့်တော်သလား။ (ယေ. ၃၉:၁၁-၁၄) [မေ ၁၄၊ က၈၃-E ၇/၁၅ စ. ၃၁]
၄။ ဗာရုတ်ရှာဖွေခဲ့တဲ့ “ကြီးစွာသောအရာ” တွေက ဘာတွေလဲ။ ယေဟောဝါရဲ့ သတိပေးချက်ကို သူ တုံ့ပြန်ခဲ့ပုံက ဘာကိုအာရုံစိုက်ဖို့ ကျွန်ုပ်တို့ကို ထောက်ကူသလဲ။ (ယေ. ၄၅:၅) [မေ ၂၁၊ က၀၆ ၈/၁၅ စ. ၁၈ ပိုဒ်. ၁; စ. ၁၉ ပိုဒ်. ၆]
၅။ ဧဒုံလူမျိုးခံသင့်တဲ့ပြစ်ဒဏ်အကြောင်း ဖော်ပြတဲ့အခါ ယေဟောဝါက မိမိဟာ “စပျစ်သီးကို ဆွတ်သောသူ၊” “သူခိုး” နဲ့ တူမှာမဟုတ်ဘူးလို့ ဘာကြောင့်ပြောခဲ့သလဲ။ (ယေ. ၄၉:၉၊ ၁၀) [မေ ၂၈၊ က၇၈ ၇/၁၅ စ. ၂၁ ပိုဒ်. ၃၊ ၄]
၆။ ဗာဗုလုန်ကိုပုန်ကန်တဲ့ ဘုရင်ဇေဒကိမင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကနေ လေးနက်တဲ့ ဘာသင်ခန်းစာရသလဲ။ (ယေ. ၅၂:၃၊ ၇-၁၁) [ဇွန် ၄၊ က၈၉ ၉/၁၅ စ. ၁၃ ပိုဒ်. ၈; က၈၁–E ၄/၁ စ. ၁၃ ပိုဒ်. ၃-၄; စ. ၁၄ ပိုဒ်. ၆]
၇။ ယေဟောဝါရဲ့ “ခြေတော်တင်ရာခုံ” နဲ့ “တောင်ယာခြံ [တဲ၊ ကဘ]” တွေက ဘာတွေလဲ။ (မြည်. ၂:၁၊ ၆) [ဇွန် ၁၁၊ က၀၇ ၆/၁ စ. ၁၇ ပိုဒ်. ၃]
၈။ ယေဟောဝါက ကျွန်ုပ်တို့ကို ‘သတိရပြီး ကူညီဖို့ ကိုယ်ကိုကိုင်းညွတ်ပါလိမ့်မယ်’ လို့ ယေရမိ ပြောတဲ့အခါ သူ ဘာကိုဆိုလိုချင်တာလဲ။ ဒီအချက်က ကျွန်ုပ်တို့အတွက် ဘာကြောင့် အလွန်အရေးပါသလဲ။ (မြည်. ၃:၂၀၊ ကဘ) [ဇွန် ၁၈၊ က၀၇-E ၆/၁ စ. ၁၁ ပိုဒ်. ၃]
၉။ ခက်ခဲဆင်းရဲမှုထမ်းပိုးကို ထမ်းတတ်အောင် ငယ်ရွယ်စဉ်မှာ သင်ယူထားခြင်းက ဘာကြောင့် အကျိုးရှိသလဲ။ (မြည်. ၃:၂၇) [ဇွန် ၁၈၊ က၀၇ ၆/၁ စ. ၂၀ ပိုဒ်. ၁; က၈၇-E ၂/၁၅ စ. ၂၄ ပိုဒ်. ၁]
၁၀။ တခြားသူတွေရဲ့ လျစ်လျူရှုမှုကြား ရဲရင့်စွာဟောပြောဖို့ ယေဇကျေလရဲ့ ပုံသက်သေက ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူနိုင်သလဲ။ (ယေဇ. ၃:၈၊ ၉) [ဇွန် ၂၅၊ က၀၈ ၇/၁၅ စ. ၈-၉ ပိုဒ်. ၆-၇]