ဩဂုတ် ၂၇ အပတ်အတွက်ဇယား
ဩဂုတ် ၂၇ မှာစမယ့်အပတ်
သီချင်း ၁၀၀ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၅ အပိုဒ် ၁၄-၂၁ (၂၅ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၃၅-၃၈ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ကြေညာချက်များ။ “ကြားရက်အစည်းအဝေးအစီအစဉ် ပြုပြင်ပြောင်းလဲချက်များ။” ဟောပြောပါ။ ဟောပြောပြီးတဲ့နောက်၊ စက်တင်ဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ မဂ္ဂဇင်းတွေကိုသုံးပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ပုံကို စာမျက်နှာ ၈ မှာပါတဲ့ နမူနာတင်ဆက်နည်းကို သရုပ်ပြပါ။ (တကယ်လို့ အသင်းတော်မှာ စက်တင်ဘာ မဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိနေမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။)
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– စက်တင်ဘာလမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ စက်တင်ဘာလ မဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိနေမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။) စက္ကန့် ၃၀-၆၀ အချိန်ယူပြီး မဂ္ဂဇင်းတွေကို ရပ်ကွက်ကလူတွေ ဘာကြောင့် စိတ်ဝင်စားနိုင်ကြောင်း ပြောပြပါ။ ပြီးတဲ့နောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားမှုကို နှိုးဆွစေတဲ့ မေးခွန်းတစ်ခု အကြံပြုဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ၊ ဖတ်ပြမယ့် ကျမ်းချက်တစ်ချက်ကိုလည်း အကြံပြုစေပါ။ နိုးလော့! မျက်နှာဖုံးဆောင်းပါးတွကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်က တခြားဆောင်းပါးတစ်ခုကိုလည်း အလားတူပြုလုပ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၅၇ နဲ့ ဆုတောင်းချက်