ဒီဇင်ဘာ ၂၄ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၂၄ မှာစမယ့်အပတ်
သီချင်း ၅ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၃ အပိုဒ် ၁-၆ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ဇာခရိ ၉-၁၄ (၁၀ မိ.)
နံပါတ် ၁– ဇာခရိ ၁၁:၁-၁၃ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘယ်သူ့ဆုတောင်းသံကို ဘုရားသခင် နားညောင်းလိုသလဲ—rs စ. ၉၁ အပိုဒ် ၆-စ. ၉၂ အပိုဒ် ၆ (၅ မိ.)
နံပါတ် ၃– ဘယ်အခြေအနေတွေမှာ သုတ္တံ ၁၅:၁ ကို ကျွန်ုပ်တို့ကျင့်သုံးနိုင်မလဲ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၃၀ မိ– ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ကောင်းကောင်းအသုံးပြုနိုင်ပုံ။ စာမျက်နှာ ၃-၆ အထိ ဆွေးနွေးပါ။ စာမျက်နှာ ၄ ကို ဆွေးနွေးတဲ့အခါ မိသားစုတစ်စု မိသားစုဝတ်ပြုမှုကို နိဂုံးချုပ်နေပုံကို သုံးမိနစ်သရုပ်ပြပါ။ အိမ်ထောင်ဦးစီးက နောက်အပတ် ဘာလေ့လာရင်ကောင်းမလဲလို့ မေးတယ်။ ကလေးတွေက ဝက်ဘ်ဆိုက်ပါ “ဆယ်ကျော်သက်များ” အပိုင်းကအကြောင်းတွေကို လေ့လာချင်တယ်လို့ပြောတယ်။ ကိုယ်ပိုင်လေ့လာမှုအတွက် ဒါမှမဟုတ် မိသားစုဝတ်ပြုမှုအတွက် jw.org ကို ဘယ်လိုသုံးဖို့ အစီအစဉ်ရှိသလဲဆိုတာ ပရိသတ်ကို မေးမြန်းပါ။ စာမျက်နှာ ၅ ကို လေ့လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း မေးလာတဲ့အိမ်ရှင်ကို မိုဘိုင်းဖုန်းကနေ ဝက်ဘ်ဆိုက်အသုံးပြုပြီး ဖြေဆိုပုံကို သုံးမိနစ်သရုပ်ပြပါ။ စာမျက်နှာ ၆ ကို ဆွေးနွေးတဲ့အခါ စာပေတွေကို တခြားဘာသာစကားနဲ့ဖတ်လိုတဲ့ စိတ်ဝင်စားသူတစ်ယောက်နဲ့ စကားပြောနေပုံကို လေးမိနစ်သရုပ်ပြပါ။ ကြေညာသူက အိမ်ရှင်ရဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် အင်တာနက်ဆိုင်က ကွန်ပျူတာကို သုံးပြီး အမှန်တရားကို သင်သိလိုပါသလော ဝေစာ ဒါမှမဟုတ် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို အိမ်ရှင်ရဲ့ဘာသာစကားနဲ့ ဖွင့်ပြပြီး ဆွေးနွေးကြတယ်။ jw.org ဝက်ဘ်ဆိုက်ကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်