ကြေညာချက်များ
◼ ဝေငှမယ့် စာပေများ၊ နိုဝင်ဘာ– နိုင်ငံတော်သတင်း နံပါတ် ၃၈ ကို ဝေငှတဲ့ ကင်ပိန်းအစီအစဉ်။ ဒီဇင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ– လူမျိုးအားလုံးအတွက် သတင်းကောင်း၊ ဘုရားသခင့်စကား နားထောင်ပါ၊ ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ် အသက်ရှင်ပါ ဒါမှမဟုတ် အသင်းတော်မှာ ရနိုင်တဲ့ ၃၂ မျက်နှာရှိ ဘယ်ဘရိုရှာကိုမဆို ဝေငှနိုင်ပါတယ်။
◼ ဒီဇင်ဘာ ၂ ရက်နေ့အပတ်အတွင်း သုံးသပ်ခဲ့တဲ့ စည်းဝေးကြီးအတွက် အကြံပေးချက်နဲ့ သတိပေးချက်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့ စည်းဝေးကြီးမတိုင်ခင် တစ်ပတ်အလိုမှာ အသင်းတော်စည်းဝေးအစီအစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ စည်းဝေးကြီးပြီးနောက် တစ်လ ဒါမှမဟုတ် နှစ်လကြာတဲ့အခါ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ကြေညာသူတွေကို ထောက်ကူပေးခဲ့တဲ့ စည်းဝေးကြီးက အချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဒေသလိုအပ်ရာအပိုင်းကို အသုံးပြုနိုင်ပါတယ်။
◼ ခရီးကြုံလို့ တိုင်းတစ်ပါးမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်ချင်တယ်ဆိုရင် www.pr418.com/mya ရဲ့ “ကျွန်ုပ်တို့အကြောင်း” ဆိုတဲ့ခေါင်းစဉ်အောက်က “စည်းဝေးကြီးများ” ဆိုတဲ့နေရာမှာ အထောက်အကူပြု အချက်အလက်တွေ ရရှိနိုင်ပါတယ်။