ဖေဖော်ဝါရီ ၃ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၃ မှာစမယ့်အပတ်
သီချင်း ၂၂ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၊ အပိုဒ် ၁၂-၂၀ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၂၁-၂၄ (၁၀ မိ.)
နံပါတ် ၁– ကမ္ဘာဦး ၂၃:၁-၂၀ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ယေရှုဟာ သွေးသားခန္ဓာကိုယ်နဲ့ ဘာကြောင့် ကိုယ်ယောင်ထင်ရှားပြခဲ့တာလဲ—rs စ. ၂၇၂ အပိုဒ် ၂-စ. ၂၇၃ အပိုဒ် ၁ (၅ မိ.)
နံပါတ် ၃– (အေဒီ) ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားအချိန်ကုန်ဆုံး—td ၆က (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဖေဖော်ဝါရီလမှာ မဂ္ဂဇင်းတွေဝေငှပါ။ ဆွေးနွေးပါ။ (အသင်းတော်မှာ ဖေဖော်ဝါရီ မဂ္ဂဇင်းတွေ မရှိသေးဘူးဆိုရင် ဇန်နဝါရီ မဂ္ဂဇင်းတွေကို အသုံးပြုပါ။ နမူနာတင်ဆက်နည်းတွေအတွက် ဒီဇင်ဘာလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။) ပထမဦးစွာ၊ ဒီစာမျက်နှာမှာ ဖော်ပြထားတဲ့ နမူနာတင်ဆက်နည်းတွေကို အသုံးပြုပြီး မဂ္ဂဇင်းတွေဝေငှပုံကို သရုပ်ပြပါ။ ပြီးတော့ နမူနာတင်ဆက်နည်းတွေကို ဖတ်ပြီးဆွေးနွေးပါ။ တစ်ခါဖတ်ရင် တစ်ကြောင်းနှစ်ကြောင်းဖတ်ပြီး စာကြောင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ ကိုယ်ပိုင်စကားနဲ့ တင်ဆက်ဖို့ အားပေးပါ။ နမူနာတင်ဆက်နည်းကို ပြောင်းလဲနိုင်တယ်၊ ဒါမှမဟုတ် တခြားတစ်ခုကို တင်ဆက်နိုင်တယ်ဆိုတာ ပြောပြပါ။ မဂ္ဂဇင်းတွေကို ကောင်းကောင်းလေ့လာဖတ်ရှုထားပြီး စိတ်ထက်ထက်သန်သန် ဝေငှဖို့ အတိုချုပ်အားပေးရင်း အစီအစဉ်ကို နိဂုံးချုပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– သူတို့၏ အသီးများအားဖြင့် သူတို့ကို သိလိမ့်မည်။ (မ. ၇:၁၆) ၂၀၁၃ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၇၊ အပိုဒ် ၂၊ ၃၊ နဲ့ စာမျက်နှာ ၅၂၊ အပိုဒ် ၁ ကနေ ၆ အထိ အခြေခံပြီး ဆွေးနွေးပါ။ ဘာသင်ခန်းစာ ရရှိသလဲဆိုတာ မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၂၅ နဲ့ ဆုတောင်းချက်