ဩဂုတ် ၄ အပတ်အတွက်ဇယား
ဩဂုတ် ၄ မှာ စမယ့်အပတ်
သီချင်း ၅၁ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၁ အပိုဒ် ၁-၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တောလည်ရာ ၄-၆ (၁၀ မိ.)
နံပါတ် ၁– တောလည်ရာ ၄:၁၇-၃၃ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ကယ်တင်ခံရမှာမဟုတ်တဲ့ လူတချို့ရှိမယ်လို့ ကျမ်းစာမှာပြောထားသလား—rs စ. ၅၀ အပိုဒ် ၂-၄ (၅ မိ.)
နံပါတ် ၃– ကောင်းကင်အသက်တာကို ခရစ်တော်၏ခန္ဓာတွင် ပါဝင်သူတို့အတွက်သာ ကန့်သတ်ထား—td ၄၃ခ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဩဂုတ်လမှာ မဂ္ဂဇင်းတွေဝေငှပါ။ ဆွေးနွေးပါ။ (အသင်းတော်မှာ ဩဂုတ်လမဂ္ဂဇင်းတွေ မရှိသေးဘူးဆိုရင် ဇူလိုင်လမဂ္ဂဇင်းတွေကို အသုံးပြုပါ။ နမူနာတင်ဆက်နည်းတွေအတွက် ဇွန်လထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။) အထူးကင်ပိန်းလဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မဂ္ဂဇင်းတွေ တွဲဝေငှနိုင်ပုံကို ဒီစာမျက်နှာမှာ ဖော်ပြထားတဲ့ နမူနာတင်ဆက်နည်းတွေကိုသုံးပြီး သရုပ်ပြပါ။ ပြီးတော့ ဒီမေးခွန်းတွေဖြေဆိုဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ– ဩဂုတ်လရဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အခွင့်အရေးရရင် မဂ္ဂဇင်းတွေကို ဘာကြောင့်ဝေငှသင့်သလဲ။ ဘယ်လိုအချိန်အခါမျိုးတွေမှာ ဝေငှမလဲ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဘယ်လိုလုပ်ခဲ့ကြသလဲ။ ဆွေးနွေးပါ။ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ” ဆောင်းပါးမှာပါတဲ့ အချက်တွေကို လုပ်ဆောင်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့တယ်ဆိုတာ မှတ်ချက်ပေးဖို့၊ တွေ့ကြုံမှုကောင်းတွေပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၇၅ နဲ့ ဆုတောင်းချက်