၁၉၁၄–၂၀၁၄ နိုင်ငံတော်အုပ်ချုပ်တာ အနှစ်တစ်ရာပြည့်ပြီ
၁၉၂၂ ခုနှစ်မှာ ဂျေ အက်ဖ် ရပ်သဖော့ဒ်က “ကြည့်ပါ၊ ဘုရင်စိုးစံပြီ။ . . . ဘုရင်နဲ့ ကိုယ်တော့်နိုင်ငံကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဆိုပြီး ကြွေးကြော်ခဲ့တယ်။ နိုင်ငံတော်အုပ်စိုးတာ အနှစ် ၁၀၀ ပြည့်ပြီဖြစ်တဲ့ အခုအချိန်အထိ အဲဒီစကားတွေက ကျွန်တော်တို့ကို စိတ်လှုပ်ရှားနေစေတုန်းပါပဲ။ ဒါကြောင့် သမိုင်းဝင်မယ့် ဒီသြဂုတ်လမှာ ကျွန်တော်တို့ဝက်ဘ်ဆိုက်ကနေ နိုင်ငံတော်အကြောင်း တခြားသူတွေ လေ့လာနိုင်အောင် ကူညီပေးတဲ့ကင်ပိန်းမှာ ကြိုးစားပါဝင်ကြရအောင်။