ဧည့်ဝတ်ပြုခြင်းအားဖြင့် “ကောင်းသောအရာ” တွေကို ဝေမျှပါ (မ. ၁၂:၃၅က)
ကျွန်ုပ်တို့အားလုံးဟာ “ဧည့်သည်ဝတ်ကိုပြု” ပြီး တခြားသူတွေကို “ကောင်းသောအရာ” တွေ ဝေမျှချင်ကြပါတယ်။ (ရော. ၁၂:၁၃) အကြီးအကဲတွေဟာ ဧည့်ဟောပြောသူတွေလာတဲ့အခါ သူတို့အတွက် ခရီးစရိတ်ပေးတာ၊ ဧည့်ဝတ်ပြုတာတွေကို ဦးဆောင်ပြီး စီစဉ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေဟာ ငွေကြေးအခက်အခဲကြောင့် ဒါမှမဟုတ် ကိုယ့်အိမ်ရဲ့ အခြေအနေတွေကြောင့် ဧည့်ဝတ်ပြုဖို့ စိုးရိမ်စိတ်တွေ ဝင်လာနိုင်တယ်။ အဲဒီအခါ မာသကို ယေရှုပြောခဲ့တဲ့စကားတွေကို အမှတ်ရမယ်ဆိုရင် စိုးရိမ်စိတ်တွေ ပျောက်သွားမှာဖြစ်တယ်။ (လု. ၁၀:၃၉-၄၂) ယေရှုက ဧည့်ဝတ်ပြုခြင်းမှာ “သာ၍ကောင်းသောအရာ” ဆိုတာ မိတ်ဆွေအချင်းချင်း ပေါင်းသင်ခြင်း၊ အားပေးခြင်းတို့ဖြစ်တယ်လို့ အလေးပေးပြောခဲ့တယ်။ ဖွယ်ဖွယ်ရာရာစီမံချက်ပြုတ်တာ ဒါမှမဟုတ် အိမ်ကို လှလှပပ ပြင်ဆင်တာမျိုးကို ပြောနေတာ မဟုတ်ပါဘူး။ ဒီလမ်းညွှန်ချက်ကို လိုက်နာတာက ညီအစ်ကိုညီအစ်မတွေကို “ကောင်းသောအရာ” တွေ ဝေမျှပေးနေခြင်းဖြစ်ပါတယ်။ အဲဒါက ကျမ်းစာနဲ့လည်း ကိုက်ညီပါတယ်။—၃ ယော. ၅-၈။