ဘာကြောင့် “ကောင်းသောအမှု၌ စိတ်အားကြီး” သင့်သလဲ
သင်က ကောင်းတဲ့အမှုမှာ စိတ်အားကြီးပါသလား။ ကျွန်ုပ်တို့က ဟောပြောသူတွေဖြစ်လို့ စိတ်အားကြီးဖို့လိုပါတယ်။ ဘာကြောင့်လဲ။ တိတု ၂:၁၁-၁၄ မှာပါတဲ့ အချက်တွေကို ဖတ်ပြီး သုံးသပ်ကြည့်ရအောင်။
အခန်းငယ် ၁၁– “ဘုရားသခင်၏ မဟာကရုဏာတော်” ဆိုတာ ဘာလဲ။ အဲဒီကရုဏာတော်ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ဘယ်လိုအကျိုးခံစားရသလဲ။—ရော. ၃:၂၃၊ ၂၄။
အခန်းငယ် ၁၂– ဘုရားသခင်ရဲ့ မဟာကရုဏာတော်က ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ ညွှန်ကြားသလဲ။
အခန်းငယ် ၁၃ နဲ့ ၁၄– သန့်စင်ခံရတဲ့ ကျွန်ုပ်တို့ဟာ ဘာမျှော်လင့်ချက်ကို စောင့်မျှော်နေသလဲ။ ဘုရားတရားမဲ့တဲ့ လောက,ကနေ ကျွန်ုပ်တို့ကို သန့်စင်ပေးရတဲ့ ရည်ရွယ်ချက်ကဘာလဲ။
ကောင်းတဲ့အမှုမှာ စိတ်အားကြီးနေဖို့ ဒီအခန်းငယ်တွေက သင့်ကို ဘယ်လိုလှုံ့ဆော်ပေးသလဲ။