ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ ဖေဖော်ဝါရီ ၂၃ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
၁။ ရှေးခေတ်အစ္စရေးနိုင်ငံက ခိုလှုံရာမြို့တွေဟာ အယူမှားဝတ်ကျောင်းတွေမှာရှိတဲ့ ဝရမ်းပြေးတွေ ခိုလှုံတဲ့နေရာတွေနဲ့ ဘယ်လို ကွာခြားသလဲ။ (ယောရှု ၂၀:၂၊ ၃) [ဇန်. ၅၊ က၁၀ ၁၁/၁ စ. ၁၅ ပိုဒ် ၄-၆]
၂။ ယောရှု ၂၃:၁၄ မှာပါတဲ့စကားတွေကို ယောရှုဘာကြောင့် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ခဲ့တာလဲ။ ကျွန်ုပ်တို့လည်း ဘုရားရဲ့ကတိတွေ ပြည့်စုံလာမယ်ဆိုတာကို ဘာကြောင့် အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်တာလဲ။ [ဇန်. ၁၂၊ က၀၇ ၁၁/၁ စ. ၂၆ ပိုဒ်. ၁၉]
၃။ ခွဲဝေထားတဲ့အမွေမြေကို သိမ်းယူဖို့ ယုဒကို ပထမမျိုးနွယ်အဖြစ် ဘာကြောင့် ဖော်ပြရတာလဲ။ (သူကြီး. ၁:၂၊ ၄) [ဇန်. ၁၉၊ က၀၅ ၁/၁၅ စ. ၂၄ ပိုဒ်. ၅]
၄။ ဗာရက်က ပရောဖက်မဒေဗောရကို မိမိနဲ့အတူ စစ်မြေပြင်ဆီကိုလိုက်ပါဖို့ ဘာလို့အတင်းအကျပ် တောင်းဆိုခဲ့တာလဲ။ (သူကြီး. ၄:၈) [ဇန်. ၁၉၊ က၀၅ ၁/၁၅ စ. ၂၅ ပိုဒ်. ၄]
၅။ ဂိဒေါင်တည်ခဲ့တဲ့ယဇ်ပလ္လင်ရဲ့ နာမည်ကနေ ဘာသိရသလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။ (သူကြီး. ၆:၂၃၊ ၂၄) [ဇန်. ၂၆၊ က၁၄ ၂/၁၅ စ. ၂၂-၂၃ ပိုဒ်. ၉]
၆။ ဧဖရိမ်လူတွေ ရန်မူတဲ့အခါ ဂိဒေါင်ရဲ့တုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ဘာသင်ယူနိုင်သလဲ။ (သူကြီး. ၈:၁-၃) [ဖေ. ၂၊ က၀၅ ၇/၁၅ စ. ၁၆ ပိုဒ်. ၄]
၇။ ယေဖသဟာ သစ္စာကတိပြုချိန်မှာ လူတစ်ဦးကို ယဇ်ပူဇော်မယ်လို့ စိတ်ထဲရှိခဲ့သလား။ (သူကြီး. ၁၁:၃၀၊ ၃၁) [ဖေ. ၉၊ က၀၅ ၁/၁၅ စ. ၂၅-၂၆ ပိုဒ်. ၆]
၈။ တရားသူကြီး ၁၁:၃၅-၃၇ အရ ယေဖသရဲ့သမီးဟာ အဖေရဲ့သစ္စာကတိအတိုင်း ဘာကြောင့် လုပ်ဆောင်နိုင်တာလဲ။ [ဖေ. ၉၊ က၁၁ ၁၂/၁၅ စ. ၂၀-၂၁ ပိုဒ်. ၁၅-၁၆]
၉။ အစ္စရေးပြည်မှာ ဘုရင်မရှိတဲ့အတွက် “လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်းပြု” တယ်လို့ ပြောထားတယ်။ ဒါက မင်းမဲ့စရိုက်အခြေအနေကို အားပေးအားမြှောက်ပြုနေတာလား။ ရှင်းပြပါ။ (သူကြီး. ၁၇:၆) [ဖေ. ၁၆၊ က၀၅ ၁/၁၅ စ. ၂၇ ပိုဒ်. ၇]
၁၀။ ခေါင်းမာတဲ့ ဗင်ယာမိန်အနွယ်ရှေ့မှာ နှစ်ကြိမ်တိုင်တိုင် စစ်ရှုံးခဲ့တဲ့ အစ္စရေးလူတွေရဲ့ အဖြစ်အပျက်ကနေ စွဲစွဲမြဲမြဲ ဆုတောင်းဖို့ ဘာသင်ခန်းစာ ရရှိသလဲ။ (သူကြီး. ၂၀:၁၄-၂၅) [ဖေ. ၂၃၊ က၁၁ ၉/၁၅ စ. ၃၂ ပိုဒ်. ၂-၅]