ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို ထက်ထက်သန်သန် ဟောပြောပါ
တခြားသူတွေကို ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရား ဘယ်လိုပြောပြရမလဲဆိုတာ ကျွန်ုပ်တို့ သိလာတဲ့အခါ ထက်ထက်သန်သန် ပြောပြချင်လာတယ်။ ယေရှုက စစ်မှန်တဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့ အုတ်မြစ်ကျောက်ဖြစ်တယ်။ (ဧ. ၂:၂၀) ကိုယ်တော်ကနေတစ်ဆင့် ဘဝမျှော်လင့်ချက်ကို ကျွန်ုပ်တို့ ရရှိနိုင်မှာဖြစ်တယ်။ (တ. ၄:၁၂) ဒါကြောင့် ဘုရားရဲ့ရည်ရွယ်ချက်မှာပါတဲ့ ယေရှုရဲ့ အဓိကကဏ္ဍကိုသိဖို့ အရေးကြီးပါတယ်။ လူများစွာဟာ ကျမ်းစာမှာမပါတဲ့ အယူအဆတွေကို သွန်သင်ခံရပြီး လှည့်စားခံနေရတယ်။ သူတို့ဟာ ယေရှုကို ယုံကြည်ကြောင်းတင်ပြတဲ့သူတွေ ရရှိမယ့် ဘုရားပေးကောင်းချီးတွေကို ရနိုင်မှာမဟုတ်ဘူး။ အမှန်တရားဘက်မှာ ကျွန်ုပ်တို့ရဲ့ ထက်သန်မှုက ယေရှုအကြောင်း၊ ယေရှုနဲ့ဘုရားရဲ့ ဆက်ဆံရေး၊ ဘုရားရဲ့ ရည်ရွယ်ချက်မှာ ယေရှုရဲ့ ကဏ္ဍတွေအကြောင်း စိတ်နှလုံးရိုးဖြောင့်သူတွေကို မှန်မှန်ကန်ကန်နားလည်နိုင်အောင် ကူညီဖို့ လှုံဆော်ပေးတယ်။ အောက်မေ့ရာပွဲကာလမှာ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို ထက်ထက်သန်သန် သင်တို့ ဟောပြောကြမှာလား။