အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—တခြားဘာသာစကားပြောသူတွေကို သက်သေခံပါ
ဘာကြောင့်အရေးကြီး– ယေဟောဝါဘုရားက “လူအမျိုးမျိုး” ထဲကလူတွေကို အမှန်တရားနဲ့ဆိုင်တဲ့ တိကျမှန်ကန်တဲ့အသိပညာ ရစေချင်တယ်။ (တ. ၁၀:၃၄၊ ၃၅) ဒါ့အပြင် ယေရှုလည်း “လူနေရာမြေတစ်ပြင်လုံး” မှာရှိတဲ့ “လူမျိုးအပေါင်း” ကို သတင်းကောင်းဟောပြောရမယ်လို့ မိန့်မှာခဲ့တယ်။ (မ. ၂၄:၁၄) “ဘာသာအသီးသီးကိုပြောတတ်သော” လူအမျိုးမျိုးက သတင်းကောင်းကို နားထောင်ကြမယ်လို့ ဇာခရိ ကြိုဟောခဲ့တယ်။ (ဇာ. ၈:၂၃) “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲ” ကလူတွေဟာ ကြီးစွာသောဒုက္ခကို ကပ်ကျော်လာမယ်လို့ အဆင်းအာရုံထဲမှာ တမန်တော်ယောဟန် မြင်တွေ့ခဲ့တယ်။ (ဗျာ. ၇:၉၊ ၁၃၊ ၁၄) အဲဒီအချက်တွေကြောင့် အမှုဆောင်လုပ်ငန်းမှာ တခြားဘာသာစကားပြောသူတွေနဲ့ တွေ့တဲ့အခါ သက်သေခံဖို့ ကြိုးစားသင့်တယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
တခြားဘာသာစကားပြောသူတွေကို သက်သေခံနိုင်ဖို့ မိသားစုဝတ်ပြုမှုမှာ လေ့ကျင့်ပါ။