အောက်တိုဘာ ၁၂ အပတ်အတွက်ဇယား
အောက်တိုဘာ ၁၂ မှာစမယ့်အပတ်
သီချင်း ၁၃၅ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၃၁၊ အပိုဒ် ၂၁-၂၃၊ စာမျက်နှာ ၃၁၉ မှလေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၁ ရာဇဝင်ချုပ် ၅-၇ (၈ မိ.)
နံပါတ် ၁– ၁ ရာဇဝင်ချုပ် ၆:၄၈-၆၀ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ‘ခင်ဗျားတို့က သွေးသွင်းတာကိုလက်မခံတော့ကာ ကိုယ့်ကလေးကို သေရွာပို့တာနဲ့မခြားပါဘူး။ တကယ်ရက်စက်တယ်ဗျာ’—rs စ. ၃၇၇ အပိုဒ် ၁-စ. ၃၇၈ အပိုဒ် ၁ (၅ မိ.)
နံပါတ် ၃– လက်မထပ်မီ လိင်ဆက်ဆံမှုသည် အပြစ်လော —rs စ. ၃၀၅ အပိုဒ် ၁-၂ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– “စွဲမြဲလျက်၊” ‘ယုံကြည်ခြင်း၌ တည်မြဲလျက်နေပါ။’ —ကော. ၂:၆၊ ၇။
၁၀ မိ– “စွဲမြဲလျက်၊” ‘ယုံကြည်ခြင်း၌ တည်မြဲလျက်နေပါ။’ ဒီလအတွက် အဓိကအကြောင်းအရာကို အခြေခံပြီးဆွေးနွေးပါ။ “စွဲမြဲ [အမြစ်တွယ်] လျက်၊” ‘ယုံကြည်ခြင်း၌ တည်မြဲလျက်နေပါ’ ဆိုတာက ဘာအဓိပ္ပာယ်လဲ။ (၁၉၉၈၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၀-၁၂ ကိုကြည့်ပါ။) ကောလောသဲ ၂:၆၊ ၇၊ ဟေဗြဲ ၆:၁ နဲ့ ယုဒ ၂၀၊ ၂၁ တို့ကိုဖတ်ပြီး ကျင့်သုံးနိုင်ပုံကိုဆွေးနွေးပါ။ ဒီလရဲ့ လုပ်ငန်းတော်စည်းဝေး အပိုင်းတချို့ကိုဖော်ပြပြီး ဒီလအတွက်အဓိကအကြောင်းအရာနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ဆွေးနွေးပါ။
၂၀ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—လေ့လာမှုအလေ့အထကောင်းရှိအောင် သင်သားတွေကို လေ့ကျင့်ပေးပါ။” ဆွေးနွေးပါ။ ကျမ်းစာမေးခွန်းတွေကို ဖြေဖို့ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက်ကို သုံးနိုင်ကြောင်း အတွေ့အကြုံရှိ ကြေညာသူတစ်ဦးက သင်သားတစ်ဦးကိုပြပေးနေပုံကို သရုပ်ပြပါ။
သီချင်း ၁၁၆ နဲ့ဆုတောင်းချက်