အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—လေ့လာမှုအလေ့အထကောင်းရှိအောင် သင်သားကို လေ့ကျင့်ပေးပါ
ဘာကြောင့်အရေးကြီး– ကျမ်းစာသင်သားတွေ အမှန်တရားမှာတိုးတက်လာဖို့ သူတို့ရဲ့စိတ်နှလုံးထဲမှာ အခြေခံကျမ်းစာ အမှန်တရားတွေသာမဟုတ်ဘဲ နက်နဲတဲ့အမှန်တရားတွေ ရှိနေရမယ်။ (ဟေဗြဲ ၅:၁၂-၆:၁) လေ့လာမှုမှာ ကြိုးစားအားထုတ်မှု လိုအပ်သလို သိပြီးသားအကြောင်းတွေကို သိလာတဲ့အသစ်သောအကြောင်းတွေနဲ့ ဆက်စပ်တာ၊ လက်တွေ့ကျကျင့်သုံးနိုင်ပုံကို ပိုင်းခြားသိမြင်တာတို့ ပါဝင်တယ်။ (သု. ၂:၁-၆) သင်သားက ကိုယ်ပိုင်လေ့လာမှု လုပ်တတ်အောင်သင်ယူရင် ကျမ်းစာမေးခွန်းတွေကို အဖွဲ့အစည်းထုတ်စာပေတွေသုံးပြီး ဖြေဆိုနိုင်ပါလိမ့်မယ်။ သိလာတဲ့အတိုင်း သင်သား ကြိုးစားကျင့်သုံးမယ်ဆိုရင် ခရစ်ယာန်တစ်ဦး ကြုံရမယ့်စမ်းသပ်မှုတွေကို သူရင်ဆိုင်သွားနိုင်အောင် ပြင်ဆင်ပေးနေခြင်းဖြစ်ပါတယ်။—လု. ၆:၄၇၊ ၄၈။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
ခေါင်းစဉ်ငယ် ဒါမှမဟုတ် အခန်းတစ်ခန်းရဲ့အဆုံးရောက်တိုင်း သင်သားကို သူ အခု သင်ယူသိရှိခဲ့ရာတွေကို အကျဉ်းချုပ်ပြန်ပြောခိုင်းကြည့်ပါ။ ကိုယ့်မှာ သင်သားမရှိဘူးဆိုရင် ကိုယ်ပိုင်ဖတ်ရှုလေ့လာခြင်း တိုးတက်လာအောင် ကျမ်းစာထဲက အပိုင်းတစ်ပိုင်း ဒါမှမဟုတ် ကင်းမျှော်စင်ထဲက စာပိုဒ်တစ်ပိုဒ်ကို အကျဉ်းချုပ်ပြန်ပြောကြည့်ပါ။