ဘုရားသခင့်စကားတော်က သင့်ဘဝအပေါ် အကျိုးသက်ရောက်သလား
နေ့တိုင်းကျမ်းစာဖတ်ရှုခြင်းက “စွဲမြဲလျက်၊” “ယုံကြည်ခြင်း၌ တည်မြဲလျက်” နေဖို့ ထောက်ကူပေးနိုင်ပါတယ်။ (ကော. ၂:၆၊ ၇) ဒါပေမဲ့ ယေဟောဝါရဲ့စကားတော်က ကျွန်ုပ်တို့ဘဝအပေါ် အကျိုးသက်ရောက်စေဖို့ ကျမ်းစာကို တွေးတောဆင်ခြင်ပြီး ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်လျှောက်ရပါမယ်။ (ဟေဗြဲ ၄:၁၂; ယာ. ၁:၂၂-၂၅) ယောရှု ၁:၈ မှာ ကျမ်းစာကို ထိထိရောက်ဖတ်နိုင်တဲ့ အချက်သုံးချက်ကို ဖော်ပြထားပါတယ်– (၁) ကျမ်းစာကို “နေ့ညမပြတ်” ဖတ်ပါ။ (၂) “ကြည့်ရှုဖတ်ရွတ်ရမည်။” ကျမ်းစာပါ အခြေအနေတွေ၊ ဖြစ်ရပ်တွေကို တွေးတောဆင်ခြင်ပြီး မြင်ယောင်နိုင်ဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့ဝန်းကျင်မှာ ကျမ်းစာဖတ်ပါ။ (၃) “ကျမ်းစာ၌ ရေးထားသမျှအတိုင်း” ကြိုးစားလိုက်လျှောက်ပါ။ အဲဒီအချက်တွေအတိုင်း လုပ်မယ်ဆိုရင် ကျွန်ုပ်တို့ဘဝလမ်းခရီးက “အောင်မြင်” ပြီး “အကြံထမြောက်” ပါလိမ့်မယ်။