အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ရာစာအုပ်ကို ဝေငှပါ
ဘာကြောင့်အရေးကြီး– သွန်သင်ခြင်းမှာအသုံးပြုတဲ့ အဓိကကိရိယာတစ်ခုက သွန်သင်ရာစာအုပ် ဖြစ်တယ်။ လူတစ်ဦးနဲ့ ကျမ်းစာမလေ့လာခင် သူ့ကို ဒီစာအုပ် ဝေငှထားဖို့လိုပါတယ်။ ဒါကြောင့် အမှုဆောင်မှာ သွန်သင်ရာစာအုပ်ကို ကျွမ်းကျင်စွာဝေငှနိုင်အောင် ကျွန်ုပ်တို့အားလုံး ကြိုးစားသင့်တယ်။ (သု. ၂၂:၂၉) ဝေငှနိုင်တဲ့နည်းတွေ အများကြီးရှိတယ်။ ညီအစ်ကို/မတို့အတွက် ထိရောက်မှုရှိတဲ့ တခြားနည်းတွေကိုလည်း သုံးနိုင်ပါတယ်။
ဒီလအတွင်း ကြိုးစားကြည့်ပါ–
မိသားစုဝတ်ပြုမှုမှာ လက်တွေ့လေ့ကျင့်ပါ။
အမှုဆောင်မှာ တခြားညီအစ်ကို/မတွေကို ကိုယ်ပြင်ထားတဲ့ တင်ဆက်နည်းပြောပြပါ။ (သု. ၂၇:၁၇) တင်ဆက်နည်းက မထိရောက်ဘူးဆိုရင် တခြားနည်း ပြောင်းသုံးပါ။