ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ ဒီဇင်ဘာ ၂၈ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာ ဖြစ်တယ်။ ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြပေးထားပါတယ်။
၁ ရာဇဝင်ချုပ် ၂၀:၃ ကိုထောက်ပြီး လူတချို့ကောက်ချက်ချသလို ဒါဝိဒ်ဟာ သုံ့ပန်းတွေကို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခဲ့သလား။ [နို. ၂၊ က၀၅ ၂/၁၅ စ.၂၇]
ရက်ရောတဲ့စိတ်ဖြစ်ပေါ်လာဖို့ ဒါဝိဒ်ကို ဘာက လှုံ့ဆော်ပေးခဲ့တာလဲ။ ကျွန်ုပ်တို့လည်း သူ့လိုလုပ်ဆောင်ဖို့ ဘာက ကူညီပေးမလဲ။ (၅ ရာ. ၂၂:၅) [နို. ၉၊ က၀၅ ၁၀/၁ စ. ၁၁ ပိုဒ်. ၇]
“သင့်အဘ၏ ဘုရားသခင်ကိုသိလော့” လို့ ရှောလမုန်ကိုပြောချိန်မှာ ဒါဝိဒ် ဘာကိုဆိုလိုချင်တာလဲ။ (၅ ရာ. ၂၈:၉) [နို. ၁၆၊ က၁၀ ၁၁/၁ စ. ၃၀ ပိုဒ်. ၃၊ ၇]
၂ ရာဇဝင်ချုပ် ၁:၁၀ ပါ ရှောလမုန်ရဲ့ဆုတောင်းချက်က သူ့အကြောင်း ဘာဖော်ပြသလဲ။ ကျွန်ုပ်တို့လည်း ကိုယ်ပိုင်ဆုတောင်းချက်ကို ပြန်ဆန်းစစ်ရင် ဘာသိရှိနိုင်မလဲ။ (၆ ရာ. ၁:၁၁၊ ၁၂) [နို. ၂၃၊ က၀၅ ၁၂/၁ စ. ၁၉ ပိုဒ်. ၆]
၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀ အရ ယေဟောဝါဘုရားမှာ ပြိုက်ဖက်ကင်းတဲ့ ဘယ်အရည်အသွေး ရှိသလဲ။ ကိုယ်တော်ဆီ ဘာကြောင့် ရင်ဖွင့်ဆုတောင်းသင့်တာလဲ။ (ဆာ. ၅၅:၂၂) [နို. ၃၀၊ က၁၀ ၁၂/၁ စ. ၁၁ ပိုဒ်. ၇]
အင်အားကြီးမားတဲ့ ရန်သူကို အောင်နိုင်ဖို့ ဘုရင်အာသ အသနားခံဆုတောင်းတာ ဘာကြောင့်လဲ။ ကျွန်ုပ်တို့လည်း ဘုရားရေးရာပုံဆောင်တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာကို ယုံကြည်စိတ်ချနိုင်မလဲ။ (၆ ရာ. ၁၄:၁၁) [ဒီ. ၇၊ က၁၂ ၈/၁၅ စ. ၈ ပိုဒ်. ၆-စ. ၉ ပိုဒ်. ၁]
ဘုရင်ယောရှဖတ် အမှားလုပ်တာကို ယေဟောဝါဆက်ဆံပုံကနေ ကိုယ်တော့်မေတ္တာအကြောင်း ဘာသိရသလဲ။ ဒါက တခြားသူတွေကို ကျွန်ုပ်တို့ရှုမြင်ချက်အပေါ် ဘယ်လို အကျိုးသက်ရောက်စေသင့်သလဲ။ (၆ ရာ. ၁၉:၃) [ဒီ. ၁၄၊ က၀၃ ၇/၁ စ. ၁၇ ပိုဒ်. ၁၃; cl စ. ၂၄၅ ပိုဒ်. ၁၂]
ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ “တည်ကြည်စွာမတ်တပ်နေ၊” “နေရာယူ [ကဘ]” နိုင်မလဲ။ ဘာကြောင့်လဲ။ (၆ ရာ. ၂၀:၁၇) [ဒီ. ၂၁၊ က၀၅ ၁၂/၁ စ. ၂၁ ပိုဒ်. ၁; က၀၃ ၆/၁ စ. ၂၁ ပိုဒ်. ၁၅-၁၆]
၂ ရာဇဝင်ချုပ် ၂၁:၂၀ မှာဖော်ပြထားတဲ့ ဘုရင်ယဟောရံသေဆုံးခြင်းက အရေးကြီးတဲ့ဘယ်သင်ခန်းစာ ပေးသလဲ။ [ဒီ. ၂၁၊ က၉၈ ၁၁/၁၅ စ. ၃၂ ပိုဒ်. ၄]
၂ ရာဇဝင်ချုပ် ၂၆:၅ အရ လူငယ်သြဇိအပေါ် ကောင်းတဲ့သြဇာညောင်းခဲ့တာ ဘယ်သူလဲ။ ဒီနေ့ခေတ်လူငယ်တွေလည်း ရင့်ကျက်တဲ့ခရစ်ယာန်တွေဆီကနေ အကျိုးခံစားနိုင်ဖို့ ဘာလုပ်ရမလဲ။ [ဒီ. ၂၈၊ က၀၇ ၁၂/၁၅ စ. ၁၀ ပိုဒ်. ၂၊ ၄]