နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင် ဇန်နဝါရီ ၁
“ဒီကျမ်းစာလမ်းညွှန်ချက်ကို လူတိုင်း လိုက်နာမယ်ဆိုရင် ကမ္ဘာကြီးက ပိုကောင်းလာမယ်လို့ မိတ်ဆွေထင်လား။ [ဟေဗြဲ ၁၃:၁၈ ကိုဖတ်ပြပါ၊ အဖြေကိုစောင့်ပါ။] ဘယ်ကိစ္စမှာမဆို ရိုးသားဖို့ ကျမ်းစာမှာ ကျွန်တော်တို့ကို တိုက်တွန်းထားတယ်။ ရိုးသားခြင်းက ဘဝကဏ္ဍတိုင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာ ဒီလထုတ် ကင်းမျှော်စင်မှာ ဆွေးနွေးထားတယ်။”
နိုးလော့! ဇန်နဝါရီ
“ဒီလထုတ် နိုးလော့! မဂ္ဂဇင်း လာပေးတာပါ။ [မဂ္ဂဇင်းကို ပေးပါ။] စာမျက်နှာ ၂ က မေးခွန်းနဲ့ လူတွေဖြေတတ်တဲ့အဖြေတွေကို တစ်ချက်လောက်ကြည့်ကြည့်ပါ။ မိတ်ဆွေကော ဘယ်လိုထင်လဲ။ [အဖြေကို စောင့်ပါ။] ဘဝကို ပိုပြီးအကောင်းမြင်တတ်လာအောင် ကူညီပေးတဲ့ ကျမ်းစာလမ်းညွှန်ချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။”