ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်အတွက် ကိုးကားချက်များ
အောက်တိုဘာ ၃–၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၁-၆
‘ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့’
(သုတ္တံ ၃၁:၁–၄) ငါ့သား ငါပေးသောတရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ ၂ အကြောင်းမူကား ပညတ်တရားသည် အသက်တာရှည်သောကာလ နှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။ ၃ ကရုဏာတရားနှင့်သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ ၄ ထိုသို့ပြုလျှင် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာမျက်နှာရ၍ ကျေးဇူးကိုခံရလိမ့်မည်။
ယေဟောဝါနှင့်ရင်းနှီးမှုကို ပြုစုပျိုးထောင်လော့
“ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) ထို့အပြင် ဆာလံဆရာဒါဝိဒ်က ဤသို့စပ်ဆိုသည်– “[“ယေဟောဝါ၊” ကဘ] ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့် ရှိကြ၏။” (ဆာလံ ၂၅:၁၄) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေး ရှိစေလိုသည်မှာ ထင်ရှားနေပါသည်။ သို့တိုင် ဘုရားသခင်အား ကိုးကွယ်သူ၊ ကိုယ်တော်၏ဥပဒေသများကို လိုက်နာနေကြသူတိုင်းက ကိုယ်တော်နှင့်ရင်းနှီးသည်ဟု မခံစားကြရချေ။
သင့်အနေနှင့်ကော။ သင်သည် ဘုရားသခင်နှင့်ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသောဆက်ဆံရေး ရှိပါသလော။ ကိုယ်တော်ထံ သင်ချဉ်းကပ်လိုမည်မှာ ယုံမှားဖွယ်မရှိချေ။ ဘုရားသခင်နှင့် ရင်းနှီးမှု မည်သို့ရှိနိုင်မည်နည်း။ ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ သမ္မာကျမ်းစာပါ နယပုံပြင်ကျမ်း၏ တတိယအခန်းကြီးက အဖြေများပေးပါသည်။
ချစ်ခင်ကြင်နာမှုနှင့် သစ္စာတရားကိုထင်ရှားပြခြင်း
ရှေးဣသရေလလူမျိုးတို့၏ဘုရင် ရှောလမုန်သည် နယပုံပြင်ကျမ်း၏တတိယအခန်းကြီးကို ဤစကားများဖြင့် အစပျိုးထားသည်– “ငါ့သား ငါပေးသောတရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။” (သု. ၃:၁၊ ၂) ဘုရားသခင်၏မှုတ်သွင်းမှုအရ ရှောလမုန်ရေးသားခဲ့ခြင်းကြောင့် ဖခင်သဖွယ် ဤအကြံပေးချက်သည် အမှန်မှာ ယေဟောဝါဘုရားသခင်ထံမှဖြစ်ပြီး ကျွန်ုပ်တို့ကို ဆင့်ဆိုခဲ့ခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဘုရားသခင်၏သတိပေးနှိုးဆော်ချက်များ—ကိုယ်တော့်နည်းဥပဒေသများ၊ သွန်သင်ချက်များနှင့် ကိုယ်တော့်ပညတ်တော်များ—ကိုလိုက်နာရန် ဤတွင်ကျွန်ုပ်တို့အား ညွှန်ကြားထားသည်။ ယင်းသို့ ကျွန်ုပ်တို့ပြုမည်ဆိုလျှင် ကျွန်ုပ်တို့အား “အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။” မှန်ပါသည်၊ ယခုပင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းသောအသက်တာကို ပျော်မွေ့နိုင်ကြပြီး ဆိုးယုတ်သူတို့ကြုံရလေ့ရှိသည့် အချိန်မတန်ဘဲသေဘေးသင့်ရခြင်းကို ရှောင်တိမ်းနိုင်ကြ၏။ ထိုထက်ကား ငြိမ်ဝပ်မှုရှိသောကမ္ဘာသစ်တွင်ရမည့် ထာဝရအသက်ကို မျှော်လင့်နိုင်ကြသည်။—သု. ၁:၂၄-၃၁။၂:၂၁၊ ၂၂။
ရှောလမုန်က ဤသို့ဆက်၍ဆိုသည်– “[“ချစ်ခင်ကြင်နာမှု၊” ကဘ] နှင့်သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးစာရင်း၌ ရေးသွင်းလော့။ ထိုသို့ပြုလျှင်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာမျက်နှာရ၍၊ ကျေးဇူးကိုခံရလိမ့်မည်။”—သု. ၃:၃၊ ၄။
“ချစ်ခင်ကြင်နာမှု” အတွက် မူရင်းဘာသာစကား၌ ဖော်ပြချက်အခြားတစ်မျိုးမှာ “သစ္စာစောင့်သိသောမေတ္တာ” ဖြစ်ရာ မသွေမဖည်သစ္စာမြဲမှု၊ သွေးစည်းမှု၊ သစ္စာစောင့်သိမှုတို့လည်း ပါဝင်သည်။ မည်သို့ပင်ဖြစ်လာပါစေ၊ ယေဟောဝါနှင့်ဆက်လက်တွယ်ကပ်နေရန် စိတ်ဆုံးဖြတ်ထားကြပါသလော။ ယုံကြည်သူချင်းတို့နှင့် ဆက်ဆံရာတွင် ချစ်ခင်ကြင်နာမှုကို တင်ပြနေပါသလော။ သူတို့နှင့်ရင်းနှီးမှုဆက်ရှိဖို့ ကြိုးပမ်းနေပါသလော။ သူတို့နှင့် နေ့စဉ်နေ့တိုင်းပေါင်းသင်းဆက်ဆံရာတွင် ခဲယဉ်းသောအခြေအနေများအောက်၌ပင် ‘မေတ္တာတရားအားဖြင့် ဆက်ပြောဆို’ သလော။—သု. ၃၁:၂၆။
ချစ်ခင်ကြင်နာမှုကြွယ်ဝခြင်းကြောင့် ယေဟောဝါသည် “အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ . . . ၏။” (ဆာလံ ၈၆:၅၊ သမ္မာ) အတိတ်ကအပြစ်များကို နောင်တယူ၍ ယခု ကျွန်ုပ်တို့သွားဖို့ရာ ဖြောင့်မတ်သောလမ်းကို ပြင်ဆင်နေမည်ဆိုလျှင် ယေဟောဝါထံတော်မှ “ချမ်းအေးသောအချိန်ကာလသည်ရောက်လာ” မည်သေချာနိုင်သည်။ (တမန်တော် ၃:၁၉) ကျွန်ုပ်တို့သည် သူတစ်ပါး၏အပြစ်ကိုလွှတ်ခြင်းအားဖြင့် ဘုရားသခင်အား အတုမယူသင့်ပေလော။—မဿဲ ၆:၁၄၊ ၁၅။
ယေဟောဝါသည် “သစ္စာစောင့်တော်မူသော ဘုရားသခင်” ဖြစ်ပြီး ကိုယ်တော်နှင့်ရင်းနှီးလိုသူတို့ ထံမှ “သစ္စာတရား” ကိုကိုယ်တော်အလိုရှိတော်မူသည်။ (ဆာလံ ၃၁:၅) ကျွန်ုပ်တို့သည် မည်သို့သောလူစားဖြစ်ကြောင်း ဖုံးကွယ်တတ်ကြသည့် “လျှပ်ပေါ်သောလူတို့” ကဲ့သို့ နှစ်ဘဝစံ—ခရစ်ယာန်အပေါင်းအဖော်များရှေ့တွင် တစ်မျိုးကျင့်ကြံ၍ သူတို့၏မျက်ကွယ်၌တစ်ဖုံကျင့်ကြံ—နေမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်လိမ့်မည်ဟု မျှော်လင့်နိုင်ပါမည်လော။ (ဆာလံ ၂၆:၄) “ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ” ယေဟောဝါ၏ “မျက်မှောက်တော်၌လှန်ထားလျက်ရှိ” ခြင်းကြောင့် ထိုသို့ပြုခြင်းသည် မည်မျှပင်မိုက်မဲစွတကား!—ဟေဗြဲ ၄:၁၃။
ချစ်ခင်ကြင်နာမှုနှင့် သစ္စာတရားသည် ‘ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာသာရ’ စေသောကြောင့် ‘ကျွန်ုပ်တို့၏လည်ပင်း၌ ဆွဲထားသည့်’ အဖိုးမဖြတ်နိုင်သော လည်ဆွဲရတနာကဲ့သို့တန်ဖိုးထားရမည်။ ဤအရည်အသွေးများကို အပေါ်ယံသာဖော်ပြရန်မဟုတ်ဘဲ ကျွန်ုပ်တို့ဥပဓိရုပ်၏ပင်ကိုအရည်အသွေး ဖြစ်စေခြင်းဖြင့် ‘ကျွန်ုပ်တို့၏နှလုံး ကျောက်သားပြင်ပေါ်တွင်’ ထွင်းထုထားရန်လိုသည်။
ယေဟောဝါအား လုံးလုံးလျားလျားကိုးစားခြင်းကို ပြုစုပျိုးထောင်လော့
ပညာရှိသောရှင်ဘုရင်က ဤသို့ဆက်ပြောသည်– “ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးများကို ဖြောင့်စေတော်မူမည်။”—သု. ၃:၅၊ ၆၊ သမ္မာ။
ကျွန်ုပ်တို့၏လုံးလုံးလျားလျားကိုးစားမှုကို ယေဟောဝါ အမှန်ပင်ရထိုက်ပေသည်။ ဖန်ဆင်းရှင်အနေဖြင့် ကိုယ်တော်သည် “ခွန်အားကြီး” ၍ “တန်ခိုး” ၏အရင်းအမြစ်ဖြစ်တော်မူသည်။ (ဟေရှာယ ၄၀:၂၆၊ ၂၉) ကိုယ်တော်ရည်ရွယ်တော်မူသမျှအားလုံးကို ဖြစ်မြောက်စေနိုင်၏။ ကိုယ်တော့်နာမတော်ကိုယ်နှိုက်က “ကိုယ်တော်ဖြစ်လာစေသည်” ဟုအဓိပ္ပာယ်ရှိရာ ကတိထားတော်မူသမျှကိုပြည့်စုံစေရန် ကိုယ်တော့်စွမ်းရည်ကို ကျွန်ုပ်တို့အားယုံကြည်စိတ်ချစေသည်။ “ဘုရားသခင်သည် မုသာမသုံးနိုင်” ဟူသောအချက်က ကိုယ်တော်အား သစ္စာတရား၏ပြယုဂ် ဖြစ်စေတော်မူ၏။ (ဟေဗြဲ ၆:၁၈) ကိုယ်တော်၏ အထင်ရှားဆုံးဂုဏ်ရည်တော်မှာ မေတ္တာဖြစ်သည်။ (၁ ယောဟန် ၄:၈) ကိုယ်တော်၏ “လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။” (ဆာလံ ၁၄၅:၁၇) ဘုရားသခင်အား ကျွန်ုပ်တို့မကိုးစားနိုင်လျှင် မည်သူ့ကို ကျွန်ုပ်တို့ယုံကြည်ကိုးစားနိုင်ပါမည်နည်း။ သို့သော်၊ ကိုယ်တော်အားယုံကြည်ကိုးစားခြင်းကို ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာ ဘဝအသက်တာတွင် သမ္မာကျမ်းစာမှသိရှိလာသမျှကို လက်တွေ့ကျင့်သုံး၍ ဖြစ်ပေါ်လာသောအကျိုးကျေးဇူးကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ‘ယေဟောဝါသည် ကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်း၍သိမှတ်’ ရန်လိုသည်။—ဆာလံ ၃၄:၈။
ကျွန်ုပ်တို့သည် ‘သွားလေရာရာ၌ ယေဟောဝါအား မည်သို့မျက်မှောက်ပြု’ မည်နည်း။ မှုတ်သွင်းခံ ဆာလံဆရာက ဤသို့ဆိုသည်– “ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။” (ဆာလံ ၇၇:၁၂) ဘုရားသခင်ကို မမြင်နိုင်သောကြောင့် ကိုယ်တော်၏ကြီးမြတ်သောဆောင်ရွက်မှုများနှင့် လူမျိုးတော်နှင့်ပတ်သက်၍ ကိုယ်တော်၏စီရင်ချက်တို့ကို စဉ်းစားဆင်ခြင်ခြင်းသည် ကိုယ်တော်နှင့်ရင်းနှီးမှု ပြုစုပျိုးထောင်ရာတွင် အရေးပါသည်။
ယေဟောဝါအား မျက်မှောက်ပြုခြင်း၌ ဆုတောင်းခြင်းသည်လည်း အရေးပါသောနည်းလမ်းတစ်ရပ်ဖြစ်၏။ ဘုရင်ဒါဝိဒ်သည် ယေဟောဝါအား “အစဉ်” ဟစ်ခေါ်ခဲ့သည်။ (ဆာလံ ၈၆:၃) ဒါဝိဒ်သည် တောအရပ်၌ထွက်ပြေးတိမ်းရှောင်နေရစဉ် မကြာခဏ တစ်ညလုံးဆုတောင်းခဲ့သည်။ (ဆာလံ ၆၃:၆၊ ၇) ‘ဝိညာဉ်တော်အားဖြင့် အခါခပ်သိမ်း တောင်းလျှောက်ကြလော့’ ဟူ၍တမန်တော်ပေါလုက တိုက်တွန်းခဲ့သည်။ (ဧဖက် ၆:၁၈၊ သမ) ကျွန်ုပ်တို့ ကြိမ်ဖန်မည်မျှ ဆုတောင်းလေ့ရှိကြသနည်း။ ဘုရားသခင်နှင့် ကိုယ်တိုင်လှိုက်လှိုက်လှဲလှဲဆက်သွယ်ခြင်း၌ ပျော်မွေ့ကြပါသလော။ ခက်ခဲသောအခြေအနေများကို ကြုံတွေ့ကြရသောအခါ ကိုယ်တော့်မစမှုရရန် အသနားခံကြပါသလော။ အရေးကြီးသောဆုံးဖြတ်ချက်များမချမီ ကိုယ်တော်၏ညွှန်ကြားမှုအတွက် ဆုတောင်းကြပါသလော။ ယေဟောဝါထံ ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲတောင်းသည့် ဆုတောင်းချက်များက ကျွန်ုပ်တို့ကို ကိုယ်တော်နှင့် ပိုရင်းနှီးစေ၏။ ထို့အပြင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို နားညောင်း၍ ‘ကျွန်ုပ်တို့၏ လမ်းခရီးတို့ကို ဖြောင့်စေတော်မူမည်’ ဟူသည့်အာမခံချက်ရှိစေသည်။
ကျွန်ုပ်တို့သည် ယေဟောဝါအား အပြည့်အဝယုံကြည်စိတ်ချနိုင်လျက်နှင့် လောကရှိ အထင်ကရပုဂ္ဂိုလ်များ၊ သို့မဟုတ် ‘ကိုယ့်ဉာဏ်ကို အမှီပြုခြင်း’ မှာ မည်မျှမိုက်မဲလှလေခြင်း! “ဉာဏ်ကောင်းသည်ဟု အထင်အမြင်မရှိစေနှင့်” ဟူ၍ရှောလမုန်က ဆိုသည်။ ထိုသို့ပြုမည့်အစား သူကဤသို့သတိပေးသည်– “ထာဝရဘုရားကိုခန့်ညား၍ ဒုစရိုက်[မကောင်းမှု] ကိုကြဉ်ရှောင်လော့။ သင်၏ချက်တိုင်အဖို့ သန်မာခြင်း၊ အရိုးများအဖို့ အားပြည့်ခြင်းဖြစ်လိမ့်မည်။” (သု. ၃:၇၊ ၈၊ သမ) ဘုရားသခင် မနှစ်သက်မည်ကို စိုးရွံ့သော အကျိုးဖြစ်ထွန်းသည့် ကြောက်ရွံ့မှုက ကျွန်ုပ်တို့၏လုပ်ရပ်များ၊ စဉ်းစားမှုများနှင့် စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်သင့်သည်။ ယင်းသို့သော ကြည်ညိုကြောက်ရွံ့ခြင်းက အဆိုးကိုပြုလုပ်ခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးပြီး ဝိညာဉ်ရေးအရကုသမှုနှင့် အားသစ်လောင်းပေးခြင်းကို ဖြစ်စေသည်။
သင့်အကောင်းဆုံးကို ယေဟောဝါအား ပေးလော့
အခြားအဘယ်နည်းဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်မည်နည်း။ “သင်၏ အဖိုးထိုက်သောအရာများနှင့် အဦးသီးသောအသီးအနှံရှိသမျှတို့ဖြင့် ယေဟောဝါအား ဂုဏ်ပြုလော့” ဟုမင်းကြီးကညွှန်ကြားသည်။ (သု. ၃:၉၊ ကဘ) ယေဟောဝါအား ဂုဏ်ပြုခြင်းဟူသည် ကိုယ်တော်၏နာမတော်ကို လူသူရှေ့ကြေညာခြင်းတွင်ပါဝင် ထောက်ပံ့ပေးခြင်းဖြင့် ကိုယ်တော်အား အလွန်ကြည်ညိုလေးမြတ်ခြင်း၊ လူသိရှင်ကြား ချီးမြှောက်ခြင်းဖြစ်သည်။ ယေဟောဝါအား ကျွန်ုပ်တို့ဂုဏ်တင်ကြရာ၌ အသုံးပြုသည့် အဖိုးထိုက်သောအရာများမှာ ကျွန်ုပ်တို့၏အချိန်၊ စွမ်းရည်၊ ခွန်အားနှင့် ဥစ္စာဓနတို့ဖြစ်သည်။ ၎င်းတို့သည် အဦးသီးသော—ကျွန်ုပ်တို့၏အကောင်းဆုံး—အသီးများဖြစ်ရမည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်စွမ်းပကားကို အသုံးပြုပုံပြုနည်းက “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ” ရန် ကျွန်ုပ်တို့၏အဓိဌာန်ပြုချက်ကို ထင်ဟပ်ပြသင့်သည်မဟုတ်ပေလော။—မဿဲ ၆:၃၃။
(သုတ္တံ ၃:၅–၈) ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ ၆ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ၇ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ ၈ သို့ပြုလျှင် သင်၏အကြောတို့သည် အားသန်၍ အရိုးတို့သည် ခြင်ဆီနှင့်ပြည့်စုံကြလိမ့်မည်။
ယေဟောဝါနှင့်ရင်းနှီးမှုကို ပြုစုပျိုးထောင်လော့
ချစ်ခင်ကြင်နာမှုနှင့် သစ္စာတရားသည် ‘ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာသာရ’ စေသောကြောင့် ‘ကျွန်ုပ်တို့၏လည်ပင်း၌ ဆွဲထားသည့်’ အဖိုးမဖြတ်နိုင်သော လည်ဆွဲရတနာကဲ့သို့တန်ဖိုးထားရမည်။ ဤအရည်အသွေးများကို အပေါ်ယံသာဖော်ပြရန်မဟုတ်ဘဲ ကျွန်ုပ်တို့ဥပဓိရုပ်၏ ပင်ကိုအရည်အသွေး ဖြစ်စေခြင်းဖြင့် ‘ကျွန်ုပ်တို့၏နှလုံး ကျောက်သားပြင်ပေါ်တွင်’ ထွင်းထုထားရန်လိုသည်။
ယေဟောဝါအား လုံးလုံးလျားလျားကိုးစားခြင်းကို ပြုစုပျိုးထောင်လော့
ပညာရှိသောရှင်ဘုရင်က ဤသို့ဆက်ပြောသည်– “ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးများကို ဖြောင့်စေတော်မူမည်။”—သု. ၃:၅၊ ၆၊ သမ္မာ။
ကျွန်ုပ်တို့၏လုံးလုံးလျားလျားကိုးစားမှုကို ယေဟောဝါ အမှန်ပင်ရထိုက်ပေသည်။ ဖန်ဆင်းရှင်အနေဖြင့် ကိုယ်တော်သည် “ခွန်အားကြီး” ၍ “တန်ခိုး” ၏အရင်းအမြစ် ဖြစ်တော်မူသည်။ (ဟေရှာယ ၄၀:၂၆၊ ၂၉) ကိုယ်တော်ရည်ရွယ်တော်မူသမျှအားလုံးကို ဖြစ်မြောက်စေနိုင်၏။ ကိုယ်တော့်နာမတော်ကိုယ်နှိုက်က “ကိုယ်တော်ဖြစ်လာစေသည်” ဟုအဓိပ္ပာယ်ရှိရာ ကတိထားတော်မူသမျှကို ပြည့်စုံစေရန် ကိုယ်တော့်စွမ်းရည်ကို ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။ “ဘုရားသခင်သည် မုသာမသုံးနိုင်” ဟူသောအချက်က ကိုယ်တော်အား သစ္စာတရား၏ပြယုဂ် ဖြစ်စေတော်မူ၏။ (ဟေဗြဲ ၆:၁၈) ကိုယ်တော်၏ အထင်ရှားဆုံးဂုဏ်ရည်တော်မှာ မေတ္တာဖြစ်သည်။ (၁ ယောဟန် ၄:၈) ကိုယ်တော်၏ “လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။” (ဆာလံ ၁၄၅:၁၇) ဘုရားသခင်အား ကျွန်ုပ်တို့မကိုးစားနိုင်လျှင် မည်သူ့ကို ကျွန်ုပ်တို့ယုံကြည်ကိုးစားနိုင်ပါမည်နည်း။ သို့သော်၊ ကိုယ်တော်အား ယုံကြည်ကိုးစားခြင်းကို ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာ ဘဝအသက်တာတွင် သမ္မာကျမ်းစာမှသိရှိလာသမျှကို လက်တွေ့ကျင့်သုံး၍ ဖြစ်ပေါ်လာသောအကျိုးကျေးဇူးကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ‘ယေဟောဝါသည် ကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်း၍သိမှတ်’ ရန်လိုသည်။—ဆာလံ ၃၄:၈။
ကျွန်ုပ်တို့သည် ‘သွားလေရာရာ၌ ယေဟောဝါအား မည်သို့မျက်မှောက်ပြု’ မည်နည်း။ မှုတ်သွင်းခံ ဆာလံဆရာက ဤသို့ဆိုသည်– “ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။” (ဆာလံ ၇၇:၁၂) ဘုရားသခင်ကို မမြင်နိုင်သောကြောင့် ကိုယ်တော်၏ကြီးမြတ်သောဆောင်ရွက်မှုများနှင့် လူမျိုးတော်နှင့်ပတ်သက်၍ ကိုယ်တော်၏စီရင်ချက်တို့ကို စဉ်းစားဆင်ခြင်ခြင်းသည် ကိုယ်တော်နှင့်ရင်းနှီးမှု ပြုစုပျိုးထောင်ရာတွင် အရေးပါသည်။
ယေဟောဝါအား မျက်မှောက်ပြုခြင်း၌ ဆုတောင်းခြင်းသည်လည်း အရေးပါသောနည်းလမ်းတစ်ရပ်ဖြစ်၏။ ဘုရင်ဒါဝိဒ်သည် ယေဟောဝါအား “အစဉ်” ဟစ်ခေါ်ခဲ့သည်။ (ဆာလံ ၈၆:၃) ဒါဝိဒ်သည် တောအရပ်၌ထွက်ပြေးတိမ်းရှောင်နေရစဉ် မကြာခဏ တစ်ညလုံးဆုတောင်းခဲ့သည်။ (ဆာလံ ၆၃:၆၊ ၇) ‘ဝိညာဉ်တော်အားဖြင့် အခါခပ်သိမ်း တောင်းလျှောက်ကြလော့’ ဟူ၍တမန်တော်ပေါလုက တိုက်တွန်းခဲ့သည်။ (ဧဖက် ၆:၁၈၊ သမ) ကျွန်ုပ်တို့ ကြိမ်ဖန်မည်မျှ ဆုတောင်းလေ့ရှိကြသနည်း။ ဘုရားသခင်နှင့် ကိုယ်တိုင်လှိုက်လှိုက်လှဲလှဲဆက်သွယ်ခြင်း၌ ပျော်မွေ့ကြပါသလော။ ခက်ခဲသောအခြေအနေများကို ကြုံတွေ့ကြရသောအခါ ကိုယ်တော့်မစမှုရရန် အသနားခံကြပါသလော။ အရေးကြီးသောဆုံးဖြတ်ချက်များမချမီ ကိုယ်တော်၏ညွှန်ကြားမှုအတွက် ဆုတောင်းကြပါသလော။ ယေဟောဝါထံ ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲတောင်းသည့် ဆုတောင်းချက်များက ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်ပိုရင်းနှီးစေ၏။ ထို့အပြင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို နားညောင်း၍ ‘ကျွန်ုပ်တို့၏ လမ်းခရီးတို့ကို ဖြောင့်စေတော်မူမည်’ ဟူသည့်အာမခံချက်ရှိစေသည်။
ကျွန်ုပ်တို့သည် ယေဟောဝါအား အပြည့်အဝယုံကြည်စိတ်ချနိုင်လျက်နှင့် လောကရှိ အထင်ကရပုဂ္ဂိုလ်များ၊ သို့မဟုတ် ‘ကိုယ့်ဉာဏ်ကို အမှီပြုခြင်း’ မှာ မည်မျှမိုက်မဲလှလေခြင်း! “ဉာဏ်ကောင်းသည်ဟု အထင်အမြင်မရှိစေနှင့်” ဟူ၍ရှောလမုန်က ဆိုသည်။ ထိုသို့ပြုမည့်အစား သူက ဤသို့သတိပေးသည်– “ထာဝရဘုရားကိုခန့်ညား၍ ဒုစရိုက်[မကောင်းမှု] ကိုကြဉ်ရှောင်လော့။ သင်၏ချက်တိုင်အဖို့ သန်မာခြင်း၊ အရိုးများအဖို့ အားပြည့်ခြင်းဖြစ်လိမ့်မည်။” (သု. ၃:၇၊ ၈၊ သမ) ဘုရားသခင်မနှစ်သက်မည်ကိုစိုးရွံ့သော အကျိုးဖြစ်ထွန်းသည့် ကြောက်ရွံ့မှုက ကျွန်ုပ်တို့၏လုပ်ရပ်များ၊ စဉ်းစားမှုများနှင့် စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်သင့်သည်။ ယင်းသို့သော ကြည်ညိုကြောက်ရွံ့ခြင်းက အဆိုးကိုပြုလုပ်ခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးပြီး ဝိညာဉ်ရေးအရကုသမှုနှင့် အားသစ်လောင်းပေးခြင်းကိုဖြစ်စေသည်။
သင့်အကောင်းဆုံးကို ယေဟောဝါအား ပေးလော့
အခြားအဘယ်နည်းဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်မည်နည်း။ “သင်၏ အဖိုးထိုက်သောအရာများနှင့် အဦးသီးသောအသီးအနှံရှိသမျှတို့ဖြင့် ယေဟောဝါအား ဂုဏ်ပြုလော့” ဟုမင်းကြီးကညွှန်ကြားသည်။ (သု. ၃:၉၊ ကဘ) ယေဟောဝါအားဂုဏ်ပြုခြင်းဟူသည် ကိုယ်တော်၏နာမတော်ကို လူသူရှေ့ကြေညာခြင်းတွင်ပါဝင် ထောက်ပံ့ပေးခြင်းဖြင့် ကိုယ်တော်အား အလွန်ကြည်ညိုလေးမြတ်ခြင်း၊ လူသိရှင်ကြားချီးမြှောက်ခြင်းဖြစ်သည်။ ယေဟောဝါအား ကျွန်ုပ်တို့ဂုဏ်တင်ကြရာ၌ အသုံးပြုသည့်အဖိုးထိုက်သောအရာများမှာ ကျွန်ုပ်တို့၏အချိန်၊ စွမ်းရည်၊ ခွန်အားနှင့် ဥစ္စာဓနတို့ဖြစ်သည်။ ၎င်းတို့သည် အဦးသီးသော—ကျွန်ုပ်တို့၏အကောင်းဆုံး—အသီးများဖြစ်ရမည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်စွမ်းပကားကို အသုံးပြုပုံပြုနည်းက “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ” ရန် ကျွန်ုပ်တို့၏အဓိဌာန်ပြုချက်ကို ထင်ဟပ်ပြသင့်သည်မဟုတ်ပေလော။—မဿဲ ၆:၃၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၁:၇) ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
သုတ္တံကျမ်းမှ ပေါ်လွင်ချက်များ
ကျမ်းစာမေးခွန်းများအဖြေ–
၁:၇၊ ၉:၁၀၊ ကဘ—ယေဟောဝါကိုကြောက်ရွံ့သောသဘောသည် အဘယ်နည်းဖြင့် “အသိပညာ၏အချုပ်အခြာ” နှင့် “ဉာဏ်ပညာ၏မူလအမြစ်” ဖြစ်သနည်း။ ယေဟောဝါသည် အရာခပ်သိမ်းကိုဖန်ဆင်းပြီး သမ္မာကျမ်းစာကိုလည်း မှုတ်သွင်းခဲ့သောကြောင့် ကိုယ်တော်ကိုမကြောက်ရွံ့ပါက အသိပညာလည်း မရှိနိုင်ပေ။ (ရောမ ၁:၂၀။၂ တိမောသေ ၃:၁၆၊ ၁၇) ကိုယ်တော်သည် စစ်မှန်သောအသိပညာခပ်သိမ်း၏ ရင်းမြစ်ဖြစ်တော်မူသည်။ ထို့ကြောင့် ယေဟောဝါကိုကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အချုပ်အခြာဖြစ်၏။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအမြစ်လည်း ဖြစ်သည်၊ အကြောင်းမှာ အသိပညာမရှိဘဲ ဉာဏ်ပညာရှိနိုင်မည်မဟုတ်ချေ။ ထို့ပြင် ယေဟောဝါကိုမကြောက်ရွံ့သူသည် သူ၏အသိပညာကို ဖန်ဆင်းရှင်အားဂုဏ်တင်ရန် အသုံးပြုမည်မဟုတ်ပေ။
it–2–E ၁၈၀
အသိပညာ
ဉာဏ်ပညာ၏မူလအမြစ်။ ယေဟောဝါဟာ ဉာဏ်ပညာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တယ်။ အသက်ဟာလည်း ကိုယ်တော့်ဆီကလာတာဖြစ်ပြီး အသက်ရှိမှ ဉာဏ်ပညာရှိနိုင်မယ်။ (ဆာ. ၃၆:၉။ တ. ၁၇:၂၅၊ ၂၈) ဒါတင်မက ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး လူ့အသိပညာဟာ ကိုယ်တော့်ရဲ့ လက်ရာတွေကို လေ့လာခြင်းအပေါ် အခြေခံတယ်။ (ဗျာ. ၄:၁၁။ ဆာ. ၁၉:၁၊ ၂) လူသားတွေ ဘုရားသခင်ရဲ့အလိုတော်နဲ့ ရည်ရွယ်ချက်ကို သိနိုင်ဖို့ သူ့ရဲ့ စကားတွေကို ရေးသားစေခဲ့တယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဒါကြောင့် စစ်မှန်တဲ့ အသိပညာအားလုံးရဲ့ ရင်းမြစ်က ယေဟာဝါဖြစ်တယ်။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ကြောက်ရွံ့တယ်ဆိုတာက ယေဟောဝါရဲ့မျက်နှာသာဆုံးရှုံးစေမယ့်အရာကို မလုပ်မိစေဖို့ ဂရုစိုက်ခြင်းဖြစ်တယ်။ အဲဒီကြောက်ရွံ့ခြင်းက ဉာဏ်ပညာရဲ့ အရင်းအမြစ်ဖြစ်တယ်။ (သု. ၁:၇) ဒီဘုရားရေးရာကြောက်ရွံ့ခြင်းက မှန်ကန်တဲ့အသိပညာရရှိစေသလို ဆန့်ကျင်ဖက်အနေနဲ့ ဘုရားသခင်ကို ထည့်မစဉ်းစားတဲ့သူတွေကတော့ ဆုံးဖြတ်ချက်အမှားတွေ ချမိလိမ့်မယ်။
(သုတ္တံ ၆:၁–၅) ငါ့သား သင်သည်အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်းရိုက်မိသော်လည်းကောင်း၊ ၂ ကိုယ်နှုတ်ထွက်စကားဖြင့်ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။ ၃ ငါ့သား သင်သည် အဆွေခင်ပွန်းလက်သို့ရောက်မိလျှင် ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ပြုရမည်နည်းဟူမူကား အဆွေခင်ပွန်းထံသို့သွား၍ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။ အိပ်မပျော်နှင့်။ မျက်စိမှိတ်၍မငိုက်နှင့်။ ၅ မုဆိုးလက်မှ သမင်ဒရယ်ကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း နုတ်ရသကဲ့သို့ ကိုယ်ကိုနုတ်လော့။
သင့်နာမည်ကို ထိန်းသိမ်းပါ
လူတစ်ဦးဆွဲလိုက်သည့် လှပသောအဆောက်အအုံဒီဇိုင်းများက ထိုသူအား ပြောင်မြောက်သောဗိသုကာပညာရှင်အဖြစ် နာမည်ရသွားစေသည်။ ပညာရေးတွင် ထူးချွန်သောအမျိုးသမီးငယ်တစ်ဦးသည် ထက်မြက်သောကျောင်းသူအဖြစ် လူသိများလာသည်။ ဘာအလုပ်မှမလုပ်သူပင် လူပျင်းဟု နာမည်ရလာနိုင်သည်။ နှစ်သက်ဖွယ်နာမည်ရရှိစေခြင်း၏တန်ဖိုးကို အလေးပေးကာ ကျမ်းစာက ဤသို့ဖော်ပြသည်– “နာမည်ကောင်းသည် များစွာသောဥစ္စာထက် သာ၍နှစ်သက်ဖွယ်ကောင်း၏။ ကောင်းသောဂုဏ်သတင်းသည် ငွေ၊ ရွှေထက်သာ၍ကောင်း၏။”—သု. ၂၂:၁၊ အမေရိကန်ဘာသာပြန်ကျမ်း။
အချိန်အတိုင်းအတာတစ်ခုအတွင်း သေးငယ်သောလုပ်ရပ်များစွာဖြင့် နာမည်ကောင်းတစ်ခု ရလာစေသည်။ သို့သော် မိုက်မဲသောလုပ်ရပ်တစ်ခုလေးက ၎င်းကိုဖျက်ဆီးပစ်လိုက်နိုင်သည်။ ဥပမာ၊ လိင်ဆိုင်ရာအကျင့်ပျက်မှုတစ်ခုတည်းနှင့်ပင် နာမည်ကောင်းပျက်ပြားသွားနိုင်သည်။ နယပုံပြင်ကျမ်း၏ ၆ ခုမြောက် အခန်းကြီးတွင် ရှေးဣသရေလဘုရင် ရှောလမုန်က နာမည်ကောင်းကိုပျက်စီးစေနိုင်သည့်အပြင် ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးပျက်နိုင်သော စိတ်သဘောထားနှင့်အပြုအမူများနှင့်စပ်လျဉ်း၍ သတိပေးထားသည်။ ယင်းတို့ထဲတွင် အထူးသဖြင့် ယေဟောဝါရွံမုန်းသည့် မဆင်မခြင်အာမခံခြင်း၊ ပျင်းရိခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် လိင်ဆိုင်ရာအကျင့်ယိုယွင်းခြင်းတို့ပါဝင်သည်။ အဆိုပါအကြံဉာဏ်ကို ဂရုပြုခြင်းသည် ကျွန်ုပ်တို့၏နာမည်ကောင်းကို ထိန်းသိမ်းရန် အထောက်အကူရပါလိမ့်မည်။
မဆင်မခြင်အာမခံမှုများမှ သင့်ကိုယ်ကိုကယ်နုတ်
နယပုံပြင်ကျမ်း၏ ၆ ခုမြောက်အခန်းကြီးတွင် ဤစကားများဖြင့် အစပျိုးထားသည်– “ငါ့သား သင်သည် အပေါင်းအဖော်အတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော် လည်းကောင်း၊ ကိုယ့်နှုတ်ခမ်းစကားဖြင့် ကျော့မိသော်လည်းကောင်း၊ ကိုယ်မြွက်သောစကားဖြင့် အဖမ်းခံရသော်လည်းကောင်း ငါ့သား သင်သည် အပေါင်းအဖော်လက်တွင်းသို့ရောက်ပြီးဖြစ်၍ ကိုယ်ကိုနုတ်အံ့သောငှာ ဤသို့ပြုလော့။ အပေါင်းအဖော်ထံသို့ အလျင်အမြန်သွား၍ [“ကိုယ်ကိုနှိမ့်ချလျက်၊” ယုဒသန်] ပူပြင်းစွာနှိုးဆော်တောင်းပန်လော့။”—သု. ၆:၁-၃၊ သမ္မာ။
ဤစကားသည် သူတစ်ပါး၊ အထူးသဖြင့် သူစိမ်းတစ်ရံတို့၏ စီးပွားရေးကိစ္စများတွင် မပတ်သက်ရန် ဆုံးမထားခြင်းဖြစ်သည်။ ဣသရေလလူများသည် ‘ဆင်းရဲ၍ လက်အားလျော့သော သူတို့၏ညီအစ်ကိုကိုမစ’ ရမည်မှာမှန်၏။ (ဝတ်ပြုရာ ၂၅:၃၅-၃၈) သို့သော် စီးပွားရေးလုပ်သော ဣသရေလအချို့သည် ကုန်လှောင်ဈေးကစားရသည့် စီးပွားရေးစွန့်စားမှုများတွင် ပါဝင်လုပ်ကိုင်ခဲ့ကြကာ မိမိတို့အတွက် ‘အာမခံပေး’ ရန်အခြားသူများအား အယုံသွင်း၍ ငွေကြေးအကူအညီယူခဲ့ကြသည်၊ သို့ဖြင့် အကြွေးဆပ်ရန်တာဝန်ရှိလာခဲ့သည်။ ယနေ့ အလားတူအခြေအနေမျိုး ပေါ်ပေါက်နိုင်သည်။ ဥပမာ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများသည် အရဲစွန့်ပြီးပေးရသည်ဟု ၎င်းတို့ယူမှတ်ထားသော ချေးငွေတစ်ရပ်ကို ချေးရန်အတည်မပြုမီ လူနှစ်ဦးကလက်မှတ်ထိုးဖို့ တောင်းဆိုပေမည်။ အခြားသူများကိုယ်စား ဤသို့အလျင်စလိုတာဝန်ခံပေးလိုက်ခြင်းသည် မည်မျှမိုက်မဲလိုက်လေစွ! ယင်းကြောင့် ကျွန်ုပ်တို့သည် ငွေကြေးထောင်ချောက်ထဲကျော့ဖမ်းမိသွားနိုင်ရာ ဘဏ်များနှင့် အခြားမြီရှင်များအသိုင်းအဝိုင်းတွင် နာမည်ပင်ပျက်သွားစေနိုင်သည်!
အစတွင် အမြော်အမြင်ရှိရာကျသည်ဟုထင်ရသော်လည်း အသေအချာဆန်းစစ်ကြည့်သော် မိုက်မဲရာကျနေကြောင်းထင်ရှားသည့် လုပ်ရပ်တစ်ခုကို လက်ခံမိလျက်သားဖြစ်၍ အကြံရခက်နေကြောင်းတွေ့ရလျှင်ကော အသို့နည်း။ ဤအကြံပေးချက်မှာ မာန်မာနကို ခဝါချပြီး “အပေါင်းအဖော် . . . ထံသို့သွား၍ ပူပြင်းစွာနှိုးဆော်တောင်းပန်”—ဇွဲမလျှော့တမ်းတောင်းဆို—ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များ ပုံမှန်အခြေအနေပြန်ရောက်စေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ရမည်။ ကိုးကားချက်တစ်ခုက ဤသို့ဖော်ပြသည်– “သင့်ကတိစာချုပ်ကြောင့် သင် သို့မဟုတ် သင့်မိသားစုကို မထိခိုက်စေရန် သင်၏ရန်ဘက်နှင့်သဘောတူညီမှုရပြီး ကိစ္စရပ်ပြေလည်သွားသည့်အထိ နည်းကုန်လမ်းကုန်ကြိုးစားပါ။” ယင်းကို အချိန်မဆွဲဘဲပြုလုပ်သင့်ကြောင်း ရှင်ဘုရင်က ဤသို့ထပ်ဆင့်ဆိုသည်– “အိပ်မပျော်နှင့်။ မျက်စိမှိတ်၍မငိုက်နှင့်။ မုဆိုးလက်မှ သမင်ဒရယ်ကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း နုတ်ရသကဲ့သို့ ကိုယ်ကိုနုတ်လော့။” (သု. ၆:၄၊ ၅) ကျော့မိခံခြင်းထက် ဖြစ်နိုင်သောအခါ ဉာဏ်ပညာမဲ့သောအာမခံခြင်းကို ပြန်ရုပ်သိမ်းခြင်းသည် သာ၍ကောင်း၏။
ပုရွက်ဆိတ်ကဲ့သို့ လုံ့လဝီရိယရှိလော့
“အချင်းလူပျင်း ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့” ဟူ၍ ရှောလမုန်ကသတိပေးဆုံးမသည်။ ကျွန်ုပ်တို့သည် သေးငယ်သောပုရွက်ဆိတ်လေးတစ်ကောင်၏ အပြုအမူများမှ မည်သည့်ဉာဏ်ပညာကို ရရှိနိုင်သနည်း။ ရှင်ဘုရင်က ဤသို့ဖြေသည်– “ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။”—သု. ၆:၆-၈။
ပုရွက်ဆိတ်များ၏ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်အံ့သြစရာကောင်းပြီး အချင်းချင်း ထူးခြားစွာပူးပေါင်းလုပ်ဆောင်ကြသည်။ သူတို့သည် ပင်ကိုအသိဉာဏ်ဖြင့် အနာဂတ်အတွက် ရိက္ခာစုဆောင်းတတ်ကြသည်။ သူတို့၌ “ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိ” ချေ။ မှန်သည်၊ ဘုရင်မ,ရှိသော်လည်း သူသည် ဥဥပေးဖို့နှင့် ထိုပုရွက်ဆိတ်အုံ၏မိခင်အနေဖြင့်သာ ဘုရင်မဖြစ်နေသည်။ သူသည် မည်သည့်အမိန့်မျှမပေးချေ။ ဆော်သြပေးမည့်ဦးစီး သို့မဟုတ် စစ်ဆေးမည့်ကြီးကြပ်ရေးမှူးမရှိသော်လည်း ပုရွက်ဆိတ်တို့သည် သူတို့၏အလုပ်ကို မမောနိုင်မပန်းနိုင် မရပ်မနားလုပ်တတ်ကြသည်။
ကျွန်ုပ်တို့သည် ပုရွက်ဆိတ်နည်းတူ ဝီရိယစိုက်ထုတ်လုပ်ဆောင်သင့်သည်မဟုတ်လော။ ကြီးကြပ်ပေးသူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလုပ်ကို ကြိုးစားလုပ်ကာ တိုးတက်ရန် အားထုတ်ခြင်းသည် ကျွန်ုပ်တို့အတွက် ကောင်းကျိုးဖြစ်စေသည်။ မှန်၏၊ ကျွန်ုပ်တို့သည် ကျောင်း၌ဖြစ်စေ၊ အလုပ်၌ဖြစ်စေ၊ ဝိညာဉ်ရေးရာလုပ်ဆောင်မှုများတွင် ပါဝင်နေစဉ်ဖြစ်စေ အကောင်းဆုံး လုပ်ဆောင် သင့်သည်။ ပုရွက်ဆိတ်တို့သည် လုံ့လဝီရိယစိုက်ထုတ်ခြင်းမှ အကျိုးကျေးဇူးရရှိသည့်နည်းတူ ဘုရားသခင်သည် ကျွန်ုပ်တို့အား ‘မိမိတို့ကြိုးစားအားထုတ်သမျှမှရသည့် ကောင်းကျိုးကိုတွေ့မြင်စေ’ လိုတော်မူသည်။ (ဒေ. ၃:၁၃၊ ၂၂၊ ကဘ; ၅:၁၈) ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်နှင့် စိတ်ကျေနပ်မှုတို့သည် ကြိုးစားအားထုတ်မှုမှရသော အကျိုးကျေးဇူးများဖြစ်သည်။—ဒေ. ၅:၁၂။
ရှောလမုန်သည် အဖြေမလိုသော ဤမေးခွန်းနှစ်ခုကို အသုံးပြု၍ ပျင်းရိသူကို သူ၏ လတ်လျားနေခြင်းမှ နိုးထလာရန်ကြိုးပမ်းသည်– “အိုလူပျင်း သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။” ရှင်ဘုရင်သည် ပျင်းရိသူကို ဤသို့ထပ်ဆင့်ဆိုသည်– “ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှာ ခဏလက်ချင်း ပိုက်လျက်နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။” (သု. ၆:၉-၁၁) ပျင်းရိသူသည် ပက်လက်နေစဉ် ဆင်းရဲခြင်းသည် တောပုန်းဓားပြကဲ့သို့ ရုတ်ကနဲ ပေါ်လာကာ ရှားပါးမှုသည် သူရဲကဲ့သို့တိုက်ခိုက်လေသည်။ လူပျင်း၏လယ်ယာများတွင် ပေါင်းပင်များနှင့်ဖက်ယားပင်များဖြင့် လျင်မြန်စွာဖုံးလွှမ်းသွားသည်။ (သု. ၂၄:၃၀၊ ၃၁) သူ၏စီးပွားရေးလုပ်ငန်းသည် တစ်ခဏအတွင်း လက်လွတ်ဆုံးရှုံးသွားလေသည်။ အလုပ်ရှင်တစ်ဦးသည် လူပျင်းကို မည်မျှကြာကြာ လက်သင့်ခံထားမည်နည်း။ လေ့လာကျက်မှတ်ရန် အလွန်ပျင်းရိသောကျောင်းသားတစ်ဦးသည် ကျောင်းသားကောင်းဖြစ်မည်ဟု မျှော်လင့်နိုင်ပါသလော။
ရိုးသားပါ
အကြမ်းဖျင်းဖော်ပြချက်ဖြစ်သော်လည်း ရပ်ရွာတွင် နာမည်ပျက်စေသည့်အပြင် ဘုရားသခင်နှင့်ဆက်ဆံရေးပျက်စေသော အမူအကျင့်နောက်တစ်ခုကို ရှောလမုန် ဤသို့ဆက်ဆိုသည်– “ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။ မျက်တောင်မခတ်လျက်၊ ခြေဖြင့်အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့်သွန်သင်လျက် ပြုတတ်၏။ ကောက်သောစိတ်သဘောနှင့်ပြည့်စုံ၍ မကောင်းသောအကြံကို အစဉ်ကြံစည်တတ်၏။ သူတစ်ပါးချင်းရန်တွေ့စေခြင်းငှာ ပြုတတ်၏။”—သု. ၆:၁၂-၁၄။
ယင်းသည် လိမ်လည်လှည့်ဖြားသူအကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ မုသာပြောသူသည် မိမိ၏မဟုတ်မမှန်မှုကို ထိန်ချန်ထားရန် ကြိုးစားတတ်သည်။ မည်သို့အားဖြင့်နည်း။ “ကောက်လိမ်သော စကား” ဖြင့်သာမက အမူအရာဖြင့်လည်းပါသည်။ ပညာရှင်တစ်ဦးက ဤသို့ဖော်ပြသည်– “ဟန်အမူအရာများ၊ အသံနေအသံထားနှင့် မျက်နှာအမူအရာတို့ကပင် လှည့်ကွက်များဖြစ်သည်; အပြင်ပန်းရိုးသားမှု၏ နောက်ကွယ်တွင် ဖောက်ပြန်သောစိတ်ထားနှင့် ရန်လိုစိတ်တို့ကို ဖုံးကွယ်ထားသည်။” ဤကဲ့သို့သော အသုံးမကျသူသည် မကောင်းသောအကြံကို ကြံစည်တတ်၍ အစဉ်ရန်တွေ့ငြင်းခုံနေတတ်သည်။ သူ့အတွက် အခြေအနေများ မည်သို့ဖြစ်ပျက်လာမည်နည်း။
အောက်တိုဘာ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၇-၁၁
‘စိတ်မယိုင်သွားပါနဲ့’
(သုတ္တံ ၇:၆–၁၂) ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသောအမှုဟူမူကား၊ ၇ ဉာဏ်တိမ်သောအမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင် ဉာဏ်မရှိသောလူပျိုတစ်ယောက်သည်၊ ၈ ထိုသို့သောမိန်းမနေရာ လမ်းထောင့်အနားသို့ လျောက်သွားသဖြင့်၊ ၉ မိုးချုပ်၍ညဦးအချိန် ညနက်သောအချိန်ရောက်သောအခါ ၁၀ ထိုမိန်းမနေရာလမ်းသို့လိုက်လေ၏။ ပြည်တန်ဆာအဝတ်ကိုဝတ်၍ ဆန်းပြားသောမိန်းမသည် ထိုသူကိုကြိုဆို၏။ ၁၁ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသောစိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။ ၁၂ ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
“ငါ့ပညတ်တို့ကိုစောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”
ရှောလမုန်သည်ဆက်၍ “[ငါ့ပညတ်တို့ကို] သင်၏လက်ချောင်းများ၌ချည်ထား၍ နှလုံးပြားပေါ်၌ရေးမှတ်လော့” ဟုဆိုသည်။ (သု. ၇:၃၊ သမ္မာ) လက်ချောင်းများသည် ကျွန်ုပ်တို့၏မျက်စိဖြင့် အထင်အရှားမြင်နေရပြီး ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို ဆောင်ရွက်ရာတွင် အရေးပါသကဲ့သို့၊ ကျမ်းစာ၏သွန်သင်ပဲ့ပြင်မှု သို့မဟုတ် ကျမ်းစာအသိပညာ၏အကျိုးဖြစ်ထွန်းမှုတို့မှရလာသည့် သင်ခန်းစာများသည် ကျွန်ုပ်တို့ပြုလေသမျှတွင် အမြဲတစေသတိပေးလမ်းညွှန်ချက်တစ်ခုဖြစ်သင့်သည်။ ယင်းတို့ကို ကျွန်ုပ်တို့၏နှလုံးပြားပေါ်တွင်ရေးထွင်းထားပြီး၊ မိမိတို့၏ပင်ကိုအရည်အသွေးတစ်ခုဖြစ်စေရမည်ဖြစ်သည်။
ဉာဏ်ပညာနှင့် နားလည်မှုတို့၏အရေးကြီးမှုကို မမေ့ဘဲ၊ “ဉာဏ်ပညာအား ‘သင်သည် ငါ့နှမဖြစ်၏’ ဟုခေါ်လော့၊ နားလည်မှုကိုယ်နှိုက်ကို ‘အမျိုးတော်သောအမျိုးသမီး’ ဟုခေါ်နိုင်သည်” ဟု ရှင်ဘုရင်က အားပေးတိုက်တွန်းခဲ့သည်။ (သု. ၇:၄၊ ကဘ) ဉာဏ်ပညာသည် ဘုရားသခင်ပေးထားသည့်အသိပညာကို သင့်လျော်စွာအသုံးပြုနိုင်သည့်စွမ်းရည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဉာဏ်ပညာကို အလွန်ချစ်ခင်မြတ်နိုးသည့်နှမကဲ့သို့ ချစ်ခင်စုံမက်မှုရှိသင့်သည်။ နားလည်မှုဟူသည်မှာအဘယ်နည်း။ နားလည်မှုဟူသည် ကိစ္စရပ်ကို ထိုးဖောက်မြင်နိုင်စွမ်းရှိကာ အဆိုပါကိစ္စ၏ကဏ္ဍရပ်များနှင့် ကိစ္စရပ်တစ်ခုလုံးစပ်ကြား ဆက်နွှယ်မှုများကိုနားလည်ခြင်းဖြင့် ၎င်းကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည့်စွမ်းရည်ဖြစ်သည်။ နားလည်မှုသည် အလွန်ရင်းနှီးသောမိတ်ဆွေတစ်ဦးအလား ကျွန်ုပ်တို့နှင့်ရင်းနှီးရမည်။
ကျွန်ုပ်တို့သည် ကျမ်းစာဆိုင်ရာလေ့ကျင့်မှုကို အဘယ်ကြောင့်တွယ်ကပ်ထားသင့်ပြီး ဉာဏ်ပညာ၊ နားလည်မှုတို့နှင့်ရင်းနှီးမှုကို အဘယ်ကြောင့်ပြုစုပျိုးထောင်ပေးသင့်သနည်း။ “သူစိမ်းအမျိုးသမီး၏အန္တရာယ်မှ၊ နှုတ်ချိုသော တိုင်းတစ်ပါးသူ၏အန္တရာယ်မှ [မိမိကိုယ်ကို] ကာကွယ်” နိုင်ရန်ဖြစ်သည်။ (သု. ၇:၅၊ ကဘ) မှန်ပါသည်၊ ထိုသို့ပြုလုပ်ပါက အကျင့်ပျက်သူစိမ်းတစ်ဦး သို့မဟုတ် တိုင်းတစ်ပါးသူတစ်ဦး၏ နားဝင်ချိုပြီးသွေးဆောင်ဖြားယောင်းတတ်သော နည်းလမ်းများမှ ကျွန်ုပ်တို့အားကာကွယ်ပေးပါလိမ့်မည်။
လူရွယ်သည် ‘ပရိယာယ်များသောအမျိုးသမီးတစ်ဦး’ ကိုတွေ့ဆုံ
ဣသရေလရှင်ဘုရင်သည် သူကိုယ်တိုင်တွေ့မြင်သိရှိရသည့် မြင်ကွင်းတစ်ခုကို နောက်ဆက်တွဲဤသို့ဖော်ပြသည်– “ငါ့အိမ်ပြတင်းရွက်ကြားမှငါကြည့်၍မြင်ရသောအမှုဟူမူကား၊ ဉာဏ်တိမ်သောအမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင် ဉာဏ်မရှိသောလူပျိုတစ်ယောက်သည်၊ ထိုသို့သောမိန်းမနေရာ လမ်းထောင့်အနားသို့ လျှောက်သွားသဖြင့်၊ မိုးချုပ်၍ညဦးအချိန် ညနက်သောအချိန်ရောက်သောအခါ ထိုမိန်းမနေရာလမ်းသို့လိုက်လေ၏။”—သု. ၇:၆-၉။
ရှောလမုန်မျှော်ကြည့်ရာပြတင်းပေါက်တွင် သစ်သားမှန်ကူကွက်ပုံဖြစ်သည်—ဖြစ်ဖွယ်ရှိသည်မှာ ပွတ်လုံးများဖြင့် သေချာစွာထုဆစ်ထားသော ပန်းပုလက်ရာများပါရှိသည်။ ဆည်းဆာနေရောင်သည် တဖြည်းဖြည်းမှေးမှိန်လာသည်နှင့်အမျှ လမ်းများပေါ်တွင် အမှောင်ထုကစိုးမိုးလာသည်။ ခုခံနိုင်မှုအားနည်းသောလူရွယ်တစ်ယောက်ကို သူမြင်တွေ့လိုက်ရသည်။ ပိုင်းခြားသိမြင်မှု သို့မဟုတ် စဉ်စားဆင်ခြင်ဉာဏ်ကင်းမဲ့ကာ နှလုံးလိုအပ်ချက်ရှိသောသူဖြစ်သည်။ မိမိသည် မည်သည့်ရပ်ကွက်မျိုးသို့ဝင်လာကြောင်းနှင့် ဤတွင် မိမိဘာဖြစ်နိုင်သည်တို့ကို သူသိနေပုံရသည်။ လူရွယ်သည် အမျိုးသမီးအိမ်သို့သွားသည့်လမ်းပေါ်ရှိ “လမ်းထောင့်” နားသို့လာသည်။ ထိုအမျိုးသမီးကား မည်သူနည်း။ သူ ဘာလုပ်မလို့လဲ။
ဤမျက်စိရှင်သောဘုရင်က ဤသို့ဆက်၍ဆိုသည်မှာ– “ကြည့်ပါ! ပြည့်တန်ဆာအဝတ်ကိုဝတ်၍ နှလုံးစဉ်လဲဉာဏ်များသောမိန်းမသည် ထိုသူကိုကြိုဆို၏။ ထိုမိန်းမသည် လျှာကြမ်းအာကြမ်းပြီး အလျှော့မပေးတတ်။ ကိုယ်အိမ်၌ ခြေငြိမ်သူမဟုတ်။ သူသည် ခုပင်အပြင်သွား၊ ခုပင်လူစုဝေးရာနေရာရောက်နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။”—သု. ၇:၁၀-၁၂၊ ကဘ။
ထိုအမျိုးသမီး၏ဝတ်စားပုံက သူ့အားမည်မျှရလွယ်ကြောင်းကို ဖွင့်ပြောနေသည်။ (ကမ္ဘာဦး ၃၈:၁၄၊ ၁၅) သူသည် ပြည့်တန်ဆာမကဲ့သို့ အရှက်အကြောက်တရားမဲ့စွာ ဝတ်ဆင်ထားသည်။ ထို့အပြင်၊ ထိုအမျိုးသမီးသည် နှလုံးစဉ်းလဲဉာဏ်များ—သူ့စိတ်ထားသည် “လှည့်စားတတ်” ၏၊ “သူ၏သဘောရင်းမှာ ပရိယာယ်ဆင်တတ်” ၏။ (အမေရိကန်ဘာသာပြန်ကျမ်း၊ နိုင်ငံတကာဘာသာပြန်ကျမ်းသစ်) ထိုအမျိုးသမီးသည် လျှာကြမ်းအာကြမ်းပြီး အလျှော့မပေးတတ်၊ စကားများကာ ခေါင်းမာ၏၊ အာကျယ်ပြီး ကိုယ်ကျိုးရှေ့ရှု၏၊ ရဲတင်းပြီး ဖီဆန်အာခံတတ်သူဖြစ်၏။ အိမ်၌နေမည့်အစား လူအများစုဝေးရာနေရာများကို ပိုကြိုက်၏၊ လမ်းထောင့်များတွင် အမဲဖမ်းရန် ချောင်းမြောင်းနေတတ်၏။ လူရွယ်ကဲ့သို့သောတစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်။
‘များစွာသွေးဆောင်မှု’
သို့ဖြစ်၍ လူရွယ်သည် ကောက်ကျစ်သောအကြံရှိသည့် မိန်းမပေါ့နှင့် တွေ့ဆုံသည်။ ဤအရာသည် ရှောလမုန်၏အာရုံကို ဖမ်းစားခဲ့ရမည်ဖြစ်ခြင်း! သူဤသို့ပြန်ပြောပြသည်– “ထိုလူပျိုကိုတွေ့သောအခါ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊ ‘ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ငါ့ကတိဝတ်ကို ငါဖြေပြီ။ ထို့ကြောင့် သင့်ကိုကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။’”—သု. ၇:၁၃-၁၅။
ဤအမျိုးသမီး၏နှုတ်သည် နားဝင်ချိုသည်။ ရဲတင်းသောမျက်နှာထားဖြင့် ယုံကြည်စွာပြောဆိုသည်။ လူရွယ်အားဖြားယောင်းသွေးဆောင်ရန် သူပြောသမျှစကားလုံးတိုင်းကို သေသေချာချာတွက်ဆထားသည်။ ထိုနေ့တွင် မိတ်သဟာယယဇ်ကိုပူဇော်ခဲ့ပြီး သစ္စာကတိဝတ်ကိုဖြေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးတွင်မလစ်ဟင်းကြောင်း အရိပ်အမြွက်ပေးခြင်းဖြင့်လည်းကောင်း ဖြောင့်မတ်မှုရှိပုံ ပြသသည်။ ယေရုရှလင်မြို့ဗိမာန်တော်ရှိ မိတ်သဟာယယဇ်တွင် အသား၊ မုန့်ညက်၊ ဆီနှင့် စပျစ်ရည်တို့ပါဝင်သည်။ (ဝတ်ပြုရာ ၁၉:၅၊ ၆; ၂၂:၂၁; တောလည်ရာ ၁၅:၈-၁၀) ပူဇော်သကာပြုသူသည် မိမိနှင့်မိသားစုအတွက် မိတ်သဟာယယဇ်တွင်ပါဝင်နိုင်သောကြောင့် သူ၏အိမ်၌ စားသောက်စရာအလျှံပယ်ရှိကြောင်း တင်ပြသည်။ တွေးဆကြည့်နိုင်ရာကား ရှင်းပါသည်– လူရွယ်သည် ထိုနေရာတွင် ပျော်မွေ့ခဲ့ပေမည်။ သူ အိမ်မှထွက်လာခြင်းသည် အထူးသဖြင့် လူရွယ်အားရှာရန်ဖြစ်သည်။ မည်သူမဆို ထိုဇာတ်လမ်းမျိုး ဝင်တိုးလျှင်—ရင်နင့်စဖွယ်ကောင်းလှပေသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “တစ်စုံတစ်ဦးအားရှာဖွေရန် ထွက်လာခဲ့သည်မှာမှန်ပါသည်၊ သို့သော် ဤအထူးလူငယ်လေးအတွက်သာ သူအမှန်တကယ်ထွက်လာခြင်းလော။ ရူးမိုက်သည့်ဤသို့သောသူမျိုးသာလျှင် သူ့ကိုယုံကြည်ပေမည်။”
သွေးဆောင်ဖြားယောင်းသူသည် ဝတ်စားမှု အမြင်အာရုံ၊ မြှောက်ပင့်ပြောဆိုတတ်သည့် အကြားအာရုံ၊ ပွေ့ဖက်မှု အထိအတွေ့အာရုံ၊ နှုတ်ခမ်း ရသာရုံတို့ဖြင့် ဆွဲဆောင်မှုရှိအောင်ဖန်တီးပြင်ဆင်ပြီးနောက် ရနံ့အာရုံကိုပါထပ်ဆောင်းပေးထားသည်။ သူဤသို့ပြောသည်– “ငါ့ခုတင်ကို ခြယ်လှယ်သောအိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်း ပြင်ဆင်ပြီ။ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။” (သု. ၇:၁၆၊ ၁၇) သူ၏အိပ်ရာကို အီဂျစ်ပြည်မှရောင်စုံပိတ်ချော၊ အထူးရွေးချယ်ထားသောအမွှေးနံ့သာများဖြစ်သည့် မုရန်၊ အကျော်နှင့် သစ်ကြံပိုးတို့နှင့် ထုံသင်းစေခြင်းဖြင့် လှပစွဲမက်စွာ ပြင်ဆင်ခဲ့သည်။
“လာပါ၊ နံနက်တိုင်အောင် စုံမက်ခြင်းအာရုံကို ဖျော်ဖြေကြကုန်အံ့။ ချစ်ကြိုက်ပျော်ပါးကြကုန်အံ့” ဟုဆက်ဆိုသည်။ ဖိတ်ကြားချက်သည် နှစ်ယောက်အတွက် သာယာသောညစာစားပွဲတစ်ခုထက်မက တစ်စုံတစ်ရာပိုမည်ဖြစ်သည်။ သူ့ကတိသည် လိင်ဆိုင်ရာပျော်ပါးရန်ဖြစ်သည်။ လူငယ်အဖို့ ဆွဲဆောင်မှုသည် စွန့်စားခန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်သည်! ထပ်မံသွေးဆောင်သည့်အနေနှင့် ဤသို့ဆိုသည်– “လင်မူကား၊ အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက် ခရီးဝေးစွာသွားလေပြီ။ လပြည့်နေ့မှ ပြန်ရောက်လိမ့်မည်။” (သု. ၇:၁၈-၂၀၊ သမ) သူ၏လင်ယောက်ျားသည် စီးပွားရေးကိစ္စဖြင့် ခရီးသွားနေသောကြောင့် တော်တော်နှင့်ပြန်ရောက်ဖို့အကြောင်းမရှိ၊ သူတို့အပြည့်အဝလုံခြုံမည်ဖြစ်ကြောင်းကို လူရွယ်အားသေချာစေသည်။ ငယ်ရွယ်သူတစ်ဦးကို ညှို့ယူဖမ်းစားရာတွင် ကျင်လည်လိုက်လေခြင်း! “များစွာသွေးဆောင်ခြင်းအားဖြင့် အလိုသို့ပါစေ၍၊ မြှောက်ပင့်သောနှုတ်ခမ်းနှင့်အနိုင်ရလေ၏။” (သု. ၇:၂၁၊ သမ) ဤမြှူဆွယ်ခြင်းကို တွန်းလှန်ရန် ယောသပ်၏ကိုယ်ကျင့်တရားအစွမ်းအစအဆင့်မျိုးလိုမည်။ (ကမ္ဘာဦး ၃၉:၉၊ ၁၂) ဤလူရွယ်သည် အရည်အချင်းပြည့်မီပါသလော။
(သုတ္တံ ၇:၁၃–၂၃) ထိုလူပျိုကိုတွေ့သောအခါ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊ ၁၄ ငါ၌ မိတ်သဟာရပူဇော်သကာရှိ၏။ ယနေ့ငါ့ကတိဝတ်ကို ငါဖြေပြီ။ ၁၅ ထို့ကြောင့် သင့်ကိုကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။ ၁၆ ငါ့ခုတင်ကို ချယ်လှယ်သောအိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်း ပြင်ဆင်ပြီ။ ၁၇ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။ ၁၈ လာပါ၊ မိုးလင်းသည်တိုင်အောင် ကာမရာဂစိတ်ကိုဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။ ၁၉ ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက် ဝေးသောအရပ်သို့သွားပြီ။ ၂၀ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊ ၂၁ ချစ်ဖွယ်သောစကားနှင့် ထိုသူကိုသွေးဆောင်၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့် နိုင်သဖြင့်၊ ၂၂ နွားသည် အသေခံရာသို့ လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင် ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊ ၂၃ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှာထောင်မှန်းကို မရိပ်မိဘဲ ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သကဲ့သို့လည်းကောင်း လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏။
“ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”
ဤမျက်စိရှင်သောဘုရင်က ဤသို့ဆက်၍ဆိုသည်မှာ– “ကြည့်ပါ! ပြည့်တန်ဆာအဝတ်ကိုဝတ်၍ နှလုံးစဉ်လဲဉာဏ်များသောမိန်းမသည် ထိုသူကိုကြိုဆို၏။ ထိုမိန်းမသည် လျှာကြမ်းအာကြမ်းပြီး အလျှော့မပေးတတ်။ ကိုယ်အိမ်၌ ခြေငြိမ်သူမဟုတ်။ သူသည် ခုပင်အပြင်သွား၊ ခုပင်လူစုဝေးရာနေရာရောက်နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။”—သု. ၇:၁၀-၁၂၊ ကဘ။
ထိုအမျိုးသမီး၏ဝတ်စားပုံက သူ့အားမည်မျှရလွယ်ကြောင်းကို ဖွင့်ပြောနေသည်။ (ကမ္ဘာဦး ၃၈:၁၄၊ ၁၅) သူသည် ပြည့်တန်ဆာမကဲ့သို့ အရှက်အကြောက်တရားမဲ့စွာ ဝတ်ဆင်ထားသည်။ ထို့အပြင်၊ ထိုအမျိုးသမီးသည် နှလုံးစဉ်လဲဉာဏ်များ—သူ့စိတ်ထားသည် “လှည့်စားတတ်” ၏၊ “သူ၏သဘောရင်းမှာ ပရိယာယ်ဆင်တတ်” ၏။ (အမေရိကန်ဘာသာပြန်ကျမ်း၊ နိုင်ငံတကာဘာသာပြန်ကျမ်းသစ်) ထိုအမျိုးသမီးသည် လျှာကြမ်းအာကြမ်းပြီး အလျှော့မပေးတတ်၊ စကားများကာ ခေါင်းမာ၏၊ အာကျယ်ပြီး ကိုယ်ကျိုးရှေ့ရှု၏၊ ရဲတင်းပြီး ဖီဆန်အာခံတတ်သူဖြစ်၏။ အိမ်၌နေမည့်အစား လူအများစုဝေးရာနေရာများကို ပိုကြိုက်၏၊ လမ်းထောင့်များတွင် အမဲဖမ်းရန် ချောင်းမြောင်းနေတတ်၏။ လူရွယ်ကဲ့သို့သောတစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်။
‘များစွာသွေးဆောင်မှု’
သို့ဖြစ်၍ လူရွယ်သည် ကောက်ကျစ်သောအကြံရှိသည့် မိန်းမပေါ့နှင့် တွေ့ဆုံသည်။ ဤအရာသည် ရှောလမုန်၏အာရုံကို ဖမ်းစားခဲ့ရမည်ဖြစ်ခြင်း! သူဤသို့ပြန်ပြောပြသည်– “ထိုလူပျိုကိုတွေ့သောအခါ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊ ‘ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ငါ့ကတိဝတ်ကို ငါဖြေပြီ။ ထို့ကြောင့် သင့်ကိုကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။’”—သု. ၇:၁၃-၁၅။
ဤအမျိုးသမီး၏နှုတ်သည် နားဝင်ချိုသည်။ ရဲတင်းသောမျက်နှာထားဖြင့် ယုံကြည်စွာပြောဆိုသည်။ လူရွယ်အားဖြားယောင်းသွေးဆောင်ရန် သူပြောသမျှစကားလုံးတိုင်းကို သေသေချာချာတွက်ဆထားသည်။ ထိုနေ့တွင် မိတ်သဟာယယဇ်ကိုပူဇော်ခဲ့ပြီး သစ္စာကတိဝတ်ကိုဖြေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးတွင်မလစ်ဟင်းကြောင်း အရိပ်အမြွက်ပေးခြင်းဖြင့်လည်းကောင်း ဖြောင့်မတ်မှုရှိပုံ ပြသသည်။ ယေရုရှလင်မြို့ဗိမာန်တော်ရှိ မိတ်သဟာယယဇ်တွင် အသား၊ မုန့်ညက်၊ ဆီနှင့် စပျစ်ရည်တို့ပါဝင်သည်။ (ဝတ်ပြုရာ ၁၉:၅၊ ၆; ၂၂:၂၁; တောလည်ရာ ၁၅:၈-၁၀) ပူဇော်သကာပြုသူသည် မိမိနှင့်မိသားစုအတွက် မိတ်သဟာယယဇ်တွင်ပါဝင်နိုင်သောကြောင့် သူ၏အိမ်၌ စားသောက်စရာအလျှံပယ်ရှိကြောင်း တင်ပြသည်။ တွေးဆကြည့်နိုင်ရာကား ရှင်းပါသည်– လူရွယ်သည် ထိုနေရာတွင် ပျော်မွေ့ခဲ့ပေမည်။ သူ အိမ်မှထွက်လာခြင်းသည် အထူးသဖြင့် လူရွယ်အားရှာရန်ဖြစ်သည်။ မည်သူမဆို ထိုဇာတ်လမ်းမျိုး ဝင်တိုးလျှင်—ရင်နင့်စဖွယ်ကောင်းလှပေသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “တစ်စုံတစ်ဦးအားရှာဖွေရန် ထွက်လာခဲ့သည်မှာမှန်ပါသည်၊ သို့သော် ဤအထူးလူငယ်လေးအတွက်သာ သူအမှန်တကယ်ထွက်လာခြင်းလော။ ရူးမိုက်သည့်ဤသို့သောသူမျိုးသာလျှင် သူ့ကိုယုံကြည်ပေမည်။”
သွေးဆောင်ဖြားယောင်းသူသည် ဝတ်စားမှု အမြင်အာရုံ၊ မြှောက်ပင့်ပြောဆိုတတ်သည့် အကြားအာရုံ၊ ပွေ့ဖက်မှု အထိအတွေ့အာရုံ၊ နှုတ်ခမ်း ရသာရုံတို့ဖြင့် ဆွဲဆောင်မှုရှိအောင်ဖန်တီးပြင်ဆင်ပြီးနောက် ရနံ့အာရုံကိုပါထပ်ဆောင်းပေးထားသည်။ သူဤသို့ပြောသည်– “ငါ့ခုတင်ကို ခြယ်လှယ်သောအိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်း ပြင်ဆင်ပြီ။ ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။” (သု. ၇:၁၆၊ ၁၇) သူ၏အိပ်ရာကို အီဂျစ်ပြည်မှရောင်စုံပိတ်ချော၊ အထူးရွေးချယ်ထားသောအမွှေးနံ့သာများဖြစ်သည့် မုရန်၊ အကျော်နှင့် သစ်ကြံပိုးတို့နှင့် ထုံသင်းစေခြင်းဖြင့် လှပစွဲမက်စွာ ပြင်ဆင်ခဲ့သည်။
“လာပါ၊ နံနက်တိုင်အောင် စုံမက်ခြင်းအာရုံကို ဖျော်ဖြေကြကုန်အံ့။ ချစ်ကြိုက်ပျော်ပါးကြကုန်အံ့” ဟုဆက်ဆိုသည်။ ဖိတ်ကြားချက်သည် နှစ်ယောက်အတွက် သာယာသောညစာစားပွဲတစ်ခုထက်မက တစ်စုံတစ်ရာပိုမည်ဖြစ်သည်။ သူ့ကတိသည် လိင်ဆိုင်ရာပျော်ပါးရန်ဖြစ်သည်။ လူငယ်အဖို့ ဆွဲဆောင်မှုသည် စွန့်စားခန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်သည်! ထပ်မံသွေးဆောင်သည့်အနေနှင့် ဤသို့ဆိုသည်– “လင်မူကား၊ အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက် ခရီးဝေးစွာသွားလေပြီ။ လပြည့်နေ့မှ ပြန်ရောက်လိမ့်မည်။” (သု. ၇:၁၈-၂၀၊ သမ) သူ၏လင်ယောက်ျားသည် စီးပွားရေးကိစ္စဖြင့် ခရီးသွားနေသောကြောင့် တော်တော်နှင့်ပြန်ရောက်ဖို့အကြောင်းမရှိ၊ သူတို့အပြည့်အဝလုံခြုံမည်ဖြစ်ကြောင်းကို လူရွယ်အားသေချာစေသည်။ ငယ်ရွယ်သူတစ်ဦးကို ညှို့ယူဖမ်းစားရာတွင် ကျင်လည်လိုက်လေခြင်း! “များစွာသွေးဆောင်ခြင်းအားဖြင့် အလိုသို့ပါစေ၍၊ မြှောက်ပင့်သောနှုတ်ခမ်းနှင့်အနိုင်ရလေ၏။” (သု. ၇:၂၁၊ သမ) ဤမြှူဆွယ်ခြင်းကို တွန်းလှန်ရန် ယောသပ်၏ကိုယ်ကျင့်တရားအစွမ်းအစအဆင့်မျိုးလိုမည်။ (ကမ္ဘာဦး ၃၉:၉၊ ၁၂) ဤလူရွယ်သည် အရည်အချင်းပြည့်မီပါသလော။
‘အသတ်ခံရာသို့သွားသောနွားကဲ့သို့’
ရှောလမုန်ကဤသို့တင်ပြသည်– “ထိုလူပျိုသည် အသတ်ခံရာသို့သွားသောနွားကဲ့သို့လည်းကောင်း၊ ခြေချင်းခတ်၍ဆုံးမခံရန်သွားသော လူမိုက်ကဲ့သို့လည်းကောင်း၊ အသက် [“စိုးလ်၊” ကဘ] အန္တရာယ်ဖြစ်မည်ကိုမသိဘဲ ညွှတ်ကွင်းသို့ဝင်မိသောငှက်ကဲ့သို့လည်းကောင်း၊ အသည်းအဆုတ်ကိုမြားခွင်းသည့်တိုင်အောင်၊ ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။”—သု. ၇:၂၂၊ ၂၃၊ သမ။
ဖိတ်ခေါ်ချက်သည် လူရွယ်အတွက် တွန်းလှန်နိုင်အားမရှိကြောင်းပြနေသည်။ ကောင်းသောစဉ်စားဆင်ခြင်နိုင်စွမ်းမှန်သမျှကို လျစ်လျူရှုကာ ‘အသတ်ခံရာသို့သွားသောနွားကဲ့သို့’ သူ့နောက်သို့လိုက်၏။ ခြေချင်းခတ်ထားခံရသည့်လူတစ်ဦးသည် အပြစ်ဒဏ်မှမလွတ်မြောက်နိုင်သကဲ့သို့ လူရွယ်သည်လည်း အပြစ်ပြုရန် သွေးဆောင်ခံခဲ့ရသည်။ ‘အသည်းအဆုတ်ကိုမြားခွင်း’ သည့်အထိ၊ တစ်နည်းဆိုရလျှင် သေဆုံးရသည့် ဒဏ်ရာရသည့်အထိ အန္တရာယ်ကိုသူမမြင်ပါ။ မိမိကိုယ်ကို သေစေတတ်သော လိင်ဆိုင်ရာကူးစက်ရောဂါရအောင် လုပ်ခြင်းဖြစ်သောကြောင့် ဤသေခြင်းသည် ရုပ်ပိုင်းဆိုင်ရာသေခြင်းဖြစ်နိုင်သည်။ ဤဒဏ်ရာသည် သူ၏ဝိညာဉ်ရေးရာသေခြင်းကိုလည်း ဖြစ်စေနိုင်သည်; ၎င်းသည် သူ၏ “အသက် [စိုးလ်]” နှင့်ပတ်သက်သည်။ သူ၏လက်ရှိအခြေအနေနှင့် တစ်ဘဝလုံးသည် အကြီးအကျယ်ထိခိုက်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ကြီးကို သူပြုခဲ့သည်။ သို့ဖြစ်၍ သူသည် ကျော့ကွင်းထဲသို့ဝင်သွားသောငှက်ကဲ့သို့ သေခြင်းသို့အလျင်စလိုဝင်သွားသည်။
“သူကျင်လည်သောလမ်းခရီးသို့လွှဲ၍မလိုက်နှင့်”
ပညာရှိရှင်ဘုရင်သည် သူမြင်တွေ့ခဲ့ရသည့်အရာမှသင်ခန်းစာထုတ်ယူကာ ဤသို့တိုက်တွန်းခဲ့သည်– “သို့ဖြစ်၍ ငါ့သားတို့ ငါ့စကားကိုနားထောင်၍ ငါမြွက်ဆိုချက်တို့ကို စေ့စေ့မှတ်လော့။ ထိုသို့သောမိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သောလမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။ အကြောင်းမူကား သူသည် လူအများတို့ကိုကျဆုံးစေလေပြီ။ များပြားသောလူတို့ကို သတ်လေပြီ။ သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍ မရဏာနိုင်ငံသို့ရောက်သောလမ်းဖြစ်၏။”—သု. ၇:၂၄-၂၇၊ သမ္မာ။
ရှင်းနေပါသည်၊ ရှောလမုန်၏အကြံပေးချက်သည် အကျင့်ယိုယွင်းနေသောလူတစ်ဦးအား သေစေတတ်သောနည်းလမ်းများမှ ရှောင်လွှဲစေပြီး “ဆက်အသက်ရှင်” ရန်ဖြစ်သည်။ (သု. ၇:၂) ဤအကြံပေးချက်သည် ကျွန်ုပ်တို့နေ့ရက်အတွက် အချိန်အခါသင့်လိုက်လေခြင်း! အမဲဖမ်းဖို့စောင့်နေကြသူများ ကျက်စားနေကျနေရာများကို ရှောင်ဖို့အမှန်ပင်လိုအပ်သည်။ ထိုသို့သောနေရာများသို့သွားခြင်းဖြင့် သူတို့၏ပရိယာယ်ကျော့ကွင်းတွင် ကိုယ့်ကိုယ်ကို အဘယ်ကြောင့် အမိခံသင့်မည်နည်း။ အမှန်ဆိုလျှင် သင်သည် “နှလုံးလိုအပ်ချက်” ရှိသောသူ တစ်ဦးဖြစ်စေကာ “တိုင်းတစ်ပါးသား” ကျင်လည်သောလမ်းများသို့ အဘယ်ကြောင့် လျှောက်သွားသင့်သနည်း။
ရှင်ဘုရင်မြင်တွေ့ခဲ့သည့် “သူစိမ်းအမျိုးသမီး” သည် လူရွယ်အား “ချစ်ကြိုက်ပျော်ပါးကြကုန်အံ့” ဟူသောဖိတ်ခေါ်ချက်ဖြင့် သွေးဆောင်ခဲ့သည်။ များလှစွာသောလူငယ်များ—အထူးသဖြင့်မိန်းကလေးများသည် အလားတူနည်းလမ်းဖြင့် အသုံးချခြင်းမခံနေရပေလော။ သို့သော်ဆင်ခြင်သုံးသပ်ပါ– တစ်စုံတစ်ယောက်သည် သင့်အား လိင်ဆိုင်ရာအကျင့်ဖောက်ပြန်ရန် ကြိုးစားဆွဲဆောင်နေပါလျှင် ယင်းသည် စစ်မှန်သည့်မေတ္တာလော၊ တစ်ကိုယ်ကောင်းဆန်သည့် တပ်မက်ခြင်းလော။ အမျိုးသမီးတစ်ဦးအား အချစ်စစ်အချစ်မှန်ဖြင့်ချစ်နေသော ယောက်ျားတစ်ဦးသည် မိန်းကလေး၏ခရစ်ယာန်လေ့ကျင့်ထိန်းကျောင်းမှုနှင့် ကိုယ်ကိုကိုယ်သိသောစိတ်တို့ကို ချိုးဖောက်စေရန် အဘယ်ကြောင့် ဖိအားပေးမည်နည်း။ ထိုသို့သောလမ်းများသို့ “သင်၏စိတ်နှလုံးမလွှဲနှင့်” ဟု ရှောလမုန်သတိပေးဆုံးမသည်။
ဖြားယောင်းသူတစ်ဦး၏စကားများသည် များသောအားဖြင့် နားဝင်ချိုပြီး ကြိုတင်တွက်ဆထားတတ်လေ့ရှိသည်။ ကျွန်ုပ်တို့ဘက်မှ ဉာဏ်ပညာနှင့် နားလည်မှုရှိမည်ဆိုပါလျှင် သူတို့၏အတွင်းကို ထိုးဖောက်မြင်ရန် ကူညီပါလိမ့်မည်။ ယေဟောဝါမိန့်တော်မူထားသမျှသည် ကျွန်ုပ်တို့အတွက် အကာအကွယ်ဖြစ်မည်ကို ဘယ်တော့မျှ မမေ့ကြစို့နှင့်။ ထို့ကြောင့် ‘ဘုရားသခင့်ပညတ်တော်တို့ကိုစောင့်ရှောက်’ ရန်အစဉ်ကြိုးပမ်းကာ ထာဝစဉ်ပင်အသက်ဆက်လက်ရှင်နိုင်ကြပါစေ။—၁ ယောဟန် ၂:၁၇။
(သုတ္တံ ၇:၄၊ ၅) ပညာကို ကိုယ်နှမဟူ၍လည်းကောင်း၊ ဉာဏ်ကို ကိုယ်ပေါက်ဖော်ဟူ၍လည်းကောင်း ခေါ်လော့။ ၅ သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကိုကယ်တင်ကြလိမ့်မည်။
(သုတ္တံ ၇:၂၄–၂၇) သို့ဖြစ်၍ ငါ့သားတို့ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ ၂၅ ထိုသို့သောမိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သောလမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။ ၂၆ အကြောင်းမူကား သူသည် စစ်သူရဲအများတို့ကိုလှဲလေပြီ။ ခွန်အားကြီးသောသူအများတို့ကို သတ်လေပြီ။ ၂၇ သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍ မရဏာနိုင်ငံသို့ရောက်သောလမ်းဖြစ်၏။
“ငါ့ပညတ်တို့ကိုစောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”
ရှောလမုန်သည်ဆက်၍ “[ငါ့ပညတ်တို့ကို] သင်၏လက်ချောင်းများ၌ချည်ထား၍ နှလုံးပြားပေါ်၌ရေးမှတ်လော့” ဟုဆိုသည်။ (သု. ၇:၃၊ သမ္မာ) လက်ချောင်းများသည် ကျွန်ုပ်တို့၏မျက်စိဖြင့် အထင်အရှားမြင်နေရပြီး ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို ဆောင်ရွက်ရာတွင် အရေးပါသကဲ့သို့၊ ကျမ်းစာ၏သွန်သင်ပဲ့ပြင်မှု သို့မဟုတ် ကျမ်းစာအသိပညာ၏အကျိုးဖြစ်ထွန်းမှုတို့မှရလာသည့် သင်ခန်းစာများသည် ကျွန်ုပ်တို့ပြုလေသမျှတွင် အမြဲတစေသတိပေးလမ်းညွှန်ချက်တစ်ခုဖြစ်သင့်သည်။ ယင်းတို့ကို ကျွန်ုပ်တို့၏နှလုံးပြားပေါ်တွင်ရေးထွင်းထားပြီး၊ မိမိတို့၏ပင်ကိုအရည်အသွေးတစ်ခုဖြစ်စေရမည်ဖြစ်သည်။
ဉာဏ်ပညာနှင့် နားလည်မှုတို့၏အရေးကြီးမှုကို မမေ့ဘဲ၊ “ဉာဏ်ပညာအား ‘သင်သည် ငါ့နှမဖြစ်၏’ ဟုခေါ်လော့၊ နားလည်မှုကိုယ်နှိုက်ကို ‘အမျိုးတော်သောအမျိုးသမီး’ ဟုခေါ်နိုင်သည်” ဟု ရှင်ဘုရင်က အားပေးတိုက်တွန်းခဲ့သည်။ (သု. ၇:၄၊ ကဘ) ဉာဏ်ပညာသည် ဘုရားသခင်ပေးထားသည့်အသိပညာကို သင့်လျော်စွာအသုံးပြုနိုင်သည့်စွမ်းရည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဉာဏ်ပညာကို အလွန်ချစ်ခင်မြတ်နိုးသည့်နှမကဲ့သို့ ချစ်ခင်စုံမက်မှုရှိသင့်သည်။ နားလည်မှုဟူသည်မှာအဘယ်နည်း။ နားလည်မှုဟူသည် ကိစ္စရပ်ကို ထိုးဖောက်မြင်နိုင်စွမ်းရှိကာ အဆိုကိစ္စ၏ကဏ္ဍရပ်များနှင့် ကိစ္စရပ်တစ်ခုလုံးစပ်ကြား ဆက်နွှယ်မှုများကိုနားလည်ခြင်းဖြင့် ၎င်းကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည့်စွမ်းရည်ဖြစ်သည်။ နားလည်မှုသည် အလွန်ရင်းနှီးသောမိတ်ဆွေတစ်ဦးအလား ကျွန်ုပ်တို့နှင့်ရင်းနှီးရမည်။
ကျွန်ုပ်တို့သည် ကျမ်းစာဆိုင်ရာလေ့ကျင့်မှုကို အဘယ်ကြောင့်တွယ်ကပ်ထားသင့်ပြီး ဉာဏ်ပညာ၊ နားလည်မှုတို့နှင့်ရင်းနှီးမှုကို အဘယ်ကြောင့်ပြုစုပျိုးထောင်ပေးသင့်သနည်း။ “သူစိမ်းအမျိုးသမီး၏အန္တရာယ်မှ၊ နှုတ်ချိုသော တိုင်းတစ်ပါးသူ၏အန္တရာယ်မှ [မိမိကိုယ်ကို] ကာကွယ်” နိုင်ရန်ဖြစ်သည်။ (သု. ၇:၅၊ ကဘ) မှန်ပါသည်၊ ထိုသို့ပြုလုပ်ပါက အကျင့်ပျက်သူစိမ်းတစ်ဦး သို့မဟုတ် တိုင်းတစ်ပါးသူတစ်ဦး၏ နားဝင်ချိုပြီးသွေးဆောင်ဖြားယောင်းတတ်သော နည်းလမ်းများမှ ကျွန်ုပ်တို့အားကာကွယ်ပေးပါလိမ့်မည်။
လူရွယ်သည် ‘ပရိယာယ်များသောအမျိုးသမီးတစ်ဦး’ ကိုတွေ့ဆုံ
ဣသရေလရှင်ဘုရင်သည် သူကိုယ်တိုင်တွေ့မြင်သိရှိရသည့် မြင်ကွင်းတစ်ခုကို နောက်ဆက်တွဲဤသို့ဖော်ပြသည်– “ငါ့အိမ်ပြတင်းရွက်ကြားမှငါကြည့်၍မြင်ရသောအမှုဟူမူကား၊ ဉာဏ်တိမ်သောအမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင် ဉာဏ်မရှိသောလူပျိုတစ်ယောက်သည်၊ ထိုသို့သောမိန်းမနေရာ လမ်းထောင့်အနားသို့ လျှောက်သွားသဖြင့်၊ မိုးချုပ်၍ညဦးအချိန် ညနက်သောအချိန်ရောက်သောအခါ ထိုမိန်းမနေရာလမ်းသို့လိုက်လေ၏။”—သု. ၇:၆-၉။
ရှောလမုန်မျှော်ကြည့်ရာပြတင်းပေါက်တွင် သစ်သားမှန်ကူကွက်ပုံဖြစ်သည်—ဖြစ်ဖွယ်ရှိသည်မှာ ပွတ်လုံးများဖြင့် သေချာစွာထုဆစ်ထားသော ပန်းပုလက်ရာများပါရှိသည်။ ဆည်းဆာနေရောင်သည် တဖြည်းဖြည်းမှေးမှိန်လာသည်နှင့်အမျှ လမ်းများပေါ်တွင် အမှောင်ထုကစိုးမိုးလာသည်။ ခုခံနိုင်မှုအားနည်းသောလူရွယ်တစ်ယောက်ကို သူမြင်တွေ့လိုက်ရသည်။ ပိုင်းခြားသိမြင်မှု သို့မဟုတ် စဉ်စားဆင်ခြင်ဉာဏ်ကင်းမဲ့ကာ နှလုံးလိုအပ်ချက်ရှိသောသူဖြစ်သည်။ မိမိသည် မည်သည့်ရပ်ကွက်မျိုးသို့ဝင်လာကြောင်းနှင့် ဤတွင် မိမိဘာဖြစ်နိုင်သည်တို့ကို သူသိနေပုံရသည်။ လူရွယ်သည် အမျိုးသမီးအိမ်သို့သွားသည့်လမ်းပေါ်ရှိ “လမ်းထောင့်” နားသို့လာသည်။ ထိုအမျိုးသမီးကား မည်သူနည်း။ သူ ဘာအလုပ်လုပ်သနည်း။
“ငါ့ပညတ်တို့ကိုစောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”
‘အသတ်ခံရာသို့သွားသောနွားကဲ့သို့’
ရှောလမုန်ကဤသို့တင်ပြသည်– “ထိုလူပျိုသည် အသတ်ခံရာသို့သွားသောနွားကဲ့သို့လည်းကောင်း၊ ခြေချင်းခတ်၍ဆုံးမခံရန်သွားသော လူမိုက်ကဲ့သို့လည်းကောင်း၊ အသက် [“စိုးလ်၊” ကဘ]အန္တရာယ်ဖြစ်မည်ကိုမသိဘဲ ညွှတ်ကွင်းသို့ဝင်မိသောငှက်ကဲ့သို့လည်းကောင်း၊ အသည်းအဆုတ်ကိုမြားခွင်းသည့်တိုင်အောင်၊ ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။”—သု. ၇:၂၂၊ ၂၃၊ သမ။
ဖိတ်ခေါ်ချက်သည် လူရွယ်အတွက် တွန်းလှန်နိုင်အားမရှိကြောင်းပြနေသည်။ ကောင်းသောစဉ်စားဆင်ခြင်နိုင်စွမ်းမှန်သမျှကို လျစ်လျူရှုကာ ‘အသတ်ခံရာသို့သွားသောနွားကဲ့သို့’ သူ့နောက်သို့လိုက်၏။ ခြေချင်းခတ်ထားခံရသည့်လူတစ်ဦးသည် အပြစ်ဒဏ်မှမလွတ်မြောက်နိုင်သကဲ့သို့ လူရွယ်သည်လည်း အပြစ်ပြုရန် သွေးဆောင်ခံခဲ့ရသည်။ ‘အသည်းအဆုတ်ကိုမြားခွင်း’ သည့်အထိ၊ တစ်နည်းဆိုရလျှင် သေဆုံးရသည့် ဒဏ်ရာရသည့်အထိ အန္တရာယ်ကိုသူမမြင်ပါ။ မိမိကိုယ်ကို သေစေတတ်သော လိင်ဆိုင်ရာကူးစက်ရောဂါရအောင် လုပ်ခြင်းဖြစ်သောကြောင့် ဤသေခြင်းသည် ရုပ်ပိုင်းဆိုင်ရာသေခြင်းဖြစ်နိုင်သည်။ ဤဒဏ်ရာသည် သူ၏ဝိညာဉ်ရေးရာသေခြင်းကိုလည်း ဖြစ်စေနိုင်သည်; ၎င်းသည် သူ၏ “အသက် [စိုးလ်] “ နှင့်ပတ်သက်သည်။ သူ၏လက်ရှိအခြေအနေနှင့် တစ်ဘဝလုံးသည် အကြီးအကျယ်ထိခိုက်ကာ ဘုရားသခင်ကိုဆန့်ကျင်သည့်အပြစ်ကြီးကို သူပြုခဲ့သည်။ သို့ဖြစ်၍ သူသည် ကျော့ကွင်းထဲသို့ဝင်သွားသောငှက်ကဲ့သို့ သေခြင်းသို့အလျင်စလိုဝင်သွားသည်။
“သူကျင်လည်သောလမ်းခရီးသို့လွှဲ၍မလိုက်နှင့်”
ပညာရှိရှင်ဘုရင်သည် သူမြင်တွေ့ခဲ့ရသည့်အရာမှသင်ခန်းစာထုတ်ယူကာ ဤသို့တိုက်တွန်းခဲ့သည်– “သို့ဖြစ်၍ ငါ့သားတို့ ငါ့စကားကိုနားထောင်၍ ငါမြွက်ဆိုချက်တို့ကို စေ့စေ့မှတ်လော့။ ထိုသို့သောမိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သောလမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။ အကြောင်းမူကား သူသည် လူအများတို့ကိုကျဆုံးစေလေပြီ။ များပြားသောလူတို့ကို သတ်လေပြီ။ သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍ မရဏာနိုင်ငံသို့ရောက်သောလမ်းဖြစ်၏။”—သု. ၇:၂၄-၂၇၊ သမ္မာ။
ရှင်းနေပါသည်၊ ရှောလမုန်၏အကြံပေးချက်သည် အကျင့်ယိုယွင်းနေသောလူတစ်ဦးအား သေစေတတ်သောနည်းလမ်းများမှ ရှောင်လွှဲစေပြီး “ဆက်အသက်ရှင်” ရန်ဖြစ်သည်။ (သု. ၇:၂) ဤအကြံပေးချက်သည် ကျွန်ုပ်တို့နေ့ရက်အတွက် အချိန်အခါသင့်လိုက်လေခြင်း! အမဲဖမ်းဖို့စောင့်နေကြသူများ ကျက်စားနေကျနေရာများကို ရှောင်ဖို့အမှန်ပင်လိုအပ်သည်။ ထိုသို့သောနေရာများသို့သွားခြင်းဖြင့် သူတို့၏ပရိယာယ်ကျော့ကွင်းတွင် ကိုယ့်ကိုယ်ကို အဘယ်ကြောင့် အမိခံသင့်မည်နည်း။ အမှန်ဆိုလျှင် သင်သည် “နှလုံးလိုအပ်ချက်” ရှိသောသူ တစ်ဦးဖြစ်စေကာ “တိုင်းတစ်ပါးသား” ကျင်လည်သောလမ်းများသို့ အဘယ်ကြောင့် လျှောက်သွားသင့်သနည်း။
ရှင်ဘုရင်မြင်တွေ့ခဲ့သည့် “သူစိမ်းအမျိုးသမီး” သည် လူရွယ်အား “ချစ်ကြိုက်ပျော်ပါးကြကုန်အံ့” ဟူသောဖိတ်ခေါ်ချက်ဖြင့် သွေးဆောင်ခဲ့သည်။ များလှစွာသောလူငယ်များ—အထူးသဖြင့်မိန်းကလေးများသည် အလားတူနည်းလမ်းဖြင့် အသုံးချခြင်းမခံနေရပေလော။ သို့သော်ဆင်ခြင်သုံးသပ်ပါ– တစ်စုံတစ်ယောက်သည် သင့်အား လိင်ဆိုင်ရာအကျင့်ဖောက်ပြန်ရန် ကြိုးစားဆွဲဆောင်နေပါလျှင် ယင်းသည် စစ်မှန်သည့်မေတ္တာလော၊ တစ်ကိုယ်ကောင်းဆန်သည့် တပ်မက်ခြင်းလော။ အမျိုးသမီးတစ်ဦးအား အချစ်စစ်အချစ်မှန်ဖြင့်ချစ်နေသော ယောက်ျားတစ်ဦးသည် မိန်းကလေး၏ခရစ်ယာန်လေ့ကျင့်ထိန်းကျောင်းမှုနှင့် ကိုယ်ကိုကိုယ်သိသောစိတ်တို့ကို ချိုးဖောက်စေရန် အဘယ်ကြောင့် ဖိအားပေးမည်နည်း။ ထိုသို့သောလမ်းများသို့ “သင်၏စိတ်နှလုံးမလွှဲနှင့်” ဟု ရှောလမုန်သတိပေးဆုံးမသည်။
ဖြားယောင်းသူတစ်ဦး၏စကားများသည် များသောအားဖြင့် နားဝင်ချိုပြီး ကြိုတင်တွက်ဆထားတတ်လေ့ရှိသည်။ ကျွန်ုပ်တို့ဘက်မှ ဉာဏ်ပညာနှင့် နားလည်မှုရှိမည်ဆိုပါလျှင် သူတို့၏အတွင်းကို ထိုးဖောက်မြင်ရန် ကူညီပါလိမ့်မည်။ ယေဟောဝါမိန့်တော်မူထားသမျှသည် ကျွန်ုပ်တို့အတွက် အကာအကွယ်ဖြစ်မည်ကို ဘယ်တော့မျှ မမေ့ကြစို့နှင့်။ ထို့ကြောင့် ‘ဘုရားသခင့်ပညတ်တော်တို့ကိုစောင့်ရှောက်’ ရန်အစဉ်ကြိုးပမ်းကာ ထာဝစဉ်ပင်အသက်ဆက်လက်ရှင်နိုင်ကြပါစေ။—၁ ယောဟန် ၂:၁၇။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၉:၇–၉) မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကိုအပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ ၈ မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည်သင့်ကိုချစ်လိမ့်မည်။ ၉ ပညာရှိသောသူကိုဆုံးမလျှင် သူသည်သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကိုသွန်သင်လျှင် သူသည်သိပ္ပံအတတ်တိုးပွားလိမ့်မည်။
‘ဉာဏ်ပညာကိုအမှီပြု၍ ကျွန်ုပ်တို့၏နေ့ရက်ကာလ တိုးပွားလိမ့်မည်’
ခရစ်ယာန်များသည် ဉာဏ်ပညာ၏ဆုံးမသွန်သင်မှုကို နှိမ့်ချစွာလက်ခံရမည်ဖြစ်သည်။ ယင်းသည် အထူးသဖြင့် လူငယ်များနှင့် ယေဟောဝါအကြောင်း မကြာမီကမှ စတင်သင်ယူခဲ့ကြသူများအတွက် မှန်ကန်ပေသည်။ ဘုရားသခင့်နည်းလမ်းတော်များ၌ အတွေ့အကြုံအကန့်အသတ်သာရှိကြရာ သူတို့သည် “ပညာမရှိသောသူများ” ဖြစ်ကြပေမည်။ သူတို့၏စိတ်ရင်းအားလုံး မှားသည်ဟုမဆိုလိုသော်လည်း ယေဟောဝါ၏စိတ်တော်နှင့်အမှန်တွေ့ရှိနိုင်သည့် စိတ်နှလုံးအခြေအနေရှိရန် အချိန်ယူ၍ကြိုးစားအားထုတ်ရသည်။ သို့ဖြစ်စေရန် ဘုရားသခင်နှစ်သက်သည့် အတွေးအခေါ်များ၊ လိုအင်ဆန္ဒများ၊ ချစ်ခင်စုံမက်မှုများနှင့် ပန်းတိုင်များရှိဖို့လိုသည်။ “တရားနို့ကို အလွန်လိုချင်သောစိတ်ရှိ” ရန်တကယ်ပင်အရေးကြီးပါသည်တကား!—၁ ပေတရု ၂:၃။
အမှန်ဆိုရလျှင် ကျွန်ုပ်တို့အားလုံးသည် ‘မူလအယူဝါဒ’ ထက်ကျော်လွန်သင့်သည်မဟုတ်လော။ ကျွန်ုပ်တို့သည် အမှန်ပင် “ဘုရားသခင်၏နက်နဲသောအရာ” ၌စိတ်ဝင်စားမှုဖွံ့ဖြိုးတိုးများလာစေရန်နှင့် ရင့်ကျက်သူများအတွက်ဖြစ်သည့် ကြေခဲသောအစာမှ အာဟာရ,ရယူရန်လိုသည်။ (ဟေဗြဲ ၅:၁၂–၆:၂; ၁ ကောရိန္သု ၂:၁၀) ယေရှုခရစ်တိုက်ရိုက်ကြီးကြပ်ပေးနေသော ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ သည်ကျွန်ုပ်တို့အားလုံးအတွက် အချိန်တန်ဝိညာဉ်အစာကို ကြိုးစား၍ကျွေးမွေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) ကျွန်ုပ်တို့သည် ကျွန်အတန်းအစား တည်ခင်းထားသောဉာဏ်ပညာစားပွဲတွင် ဘုရားသခင့်စကားတော်နှင့် ကျမ်းစာအခြေပြုစာပေများကို ဝီရိယရှိရှိလေ့လာခြင်းအားဖြင့် စားသုံးနိုင်ကြပါစေ။
“မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်”
ဉာဏ်ပညာ၏သွန်သင်ချက်များတွင် ပြုပြင်ဆုံးမခြင်းလည်းပါဝင်သည်။ ဉာဏ်ပညာ၏ဤထူးခြားချက်ကို အားလုံးက အားရဝမ်းသာလက်မခံကြချေ။ ထို့ကြောင့် နယပုံပြင်ကျမ်း၏ပထမပိုင်း၏နိဂုံးတွင် ဤသတိပေးချက်ပါရှိသည်– “မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကိုအပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။”—သု. ၉:၇၊ ၈ က။
မထီမဲ့မြင်ပြုသူသည် မိမိ၏လမ်းခရီးကိုပဲ့ပြင်ပေးဖို့ ကြိုးစားကူညီပေးသူကို မကျေနပ်ချက်သိုမှီးထားကာ အမုန်းပွားတတ်သည်။ လူဆိုးသည် ဆုံးမမှု၏တန်ဖိုးကို တန်ဖိုးမထားတတ်ချေ။ အမှန်တရားကိုမကြိုက်သူ သို့မဟုတ် မထီမဲ့မြင်ပြုရန်ရှာကြံသူကို နှစ်လိုဖွယ်ကောင်းသော ဘုရားသခင့်စကားတော်မှ အမှန်တရားကို ကြိုးစားသွန်သင်ပေးခြင်းသည် တကယ်ကိုပညာမဲ့လေစွ! တမန်တော်ပေါလုသည် အန္တိအုတ်မြို့တွင် ဟောပြောနေစဉ် အမှန်တရားကိုမနှစ်သက်ကြသော ဂျူးအုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ သူတို့သည် ပေါလုကို ပုတ်ခတ်ဆဲရေးကာ အငြင်းပွားရန် ကြိုးစားခဲ့ကြသော်လည်း ပေါလုက ဤသို့သာပြောဆိုသည်– “သင်တို့သည် [ဘုရားသခင့်စကားတော်ကို] ပယ်၍ ထာဝရအသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့် . . . ငါတို့သည် မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့လှည့်ကြ၏။”—တမန်တော် ၁၃:၄၅၊ ၄၆။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်နှလုံးရိုးဖြောင့်သူများထံရောက်ရှိရန် ကျွန်ုပ်တို့ကြိုးစားကြရာ၌ မထီမဲ့မြင်သူများနှင့် စကားရည်လုကာ အငြင်းအခုံမပြုမိဖို့ သတိထားကြစို့လေ။ ခရစ်တော်ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့မိန့်မှာသည်– “အိမ်သို့ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကိုပြုကြလော့။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သောမင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။ အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏စကားကို နားမထောင်ဘဲနေ၏။ ထိုသူနေသောအိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်း ထွက်သွားစဉ် သင်တို့ခြေဖဝါးမှ မြေမှုန့်ကိုခါလိုက်ကြလော့။”—မဿဲ ၁၀:၁၂-၁၄။
ဆုံးမခြင်းကို ဉာဏ်ပညာရှိသူ၏တုံ့ပြန်ပုံသည် မထီမဲ့မြင်ပြုသူ၏တုံ့ပြန်ပုံနှင့် တခြားစီပင်။ “ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကိုချစ်လိမ့်မည်။ ပညာရှိသောသူကိုဆုံးမလျှင် သူသည်သာ၍ပညာရှိလိမ့်မည်” ဟူ၍ ရှောလမုန်ဖော်ပြသည်။ (သု. ၉:၈ခ၊ ၉ က) “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာမထင် ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏” ဟုပညာရှိက သိရှိသည်။ (ဟေဗြဲ ၁၂:၁၁) ဆုံးမစကားသည် စိတ်ထိခိုက်စရာဖြစ်ပုံရသော်လည်း ယင်းကို လက်ခံလိုက်လျှင် ကျွန်ုပ်တို့အား ပို၍ပညာရှိစေမည်ဖြစ်ရာ အဘယ်ကြောင့်တန်ပြန်သင့်သနည်း၊ သို့မဟုတ် ခုခံပြောဆိုသင့်သနည်း။
“ဖြောင့်မတ်သောသူကို သွန်သင်လျှင် သူသည် သိပ္ပံအတတ် [“အသိပညာ၊” ကဘ] တိုးပွားလိမ့်မည်” ဟုပညာရှိရှင်ဘုရင်က ဆက်၍ဆိုသည်။ (သု. ၉:၉ ခ) ဆက်၍သင်ယူနေရန် မည်သူမျှပညာရှိလွန်းသည်၊ ကြီးရင့်လွန်းသည်မဟုတ်ချေ။ ဇရာအိုပိုင်းတွင်ရှိနေကြသူများပင် အမှန်တရားကိုလက်ခံပြီး ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့ကြသည်ကို မြင်ရခြင်းသည် တကယ်အားရစရာပါတကား! ကျွန်ုပ်တို့သည်လည်း သင်ယူလိုစိတ်ရှိပြီး ဦးနှောက်ကိုအသုံးချနေဖို့ ကြိုးစားကြစို့လေ။
“အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်”
လေ့လာသုံးသပ်နေသော အကြောင်းအရာ၏အဓိကအချက်ကို အလေးပေးဖော်ပြ၍ ဉာဏ်ပညာအတွက် မရှိမဖြစ်လိုအပ်ရာကို ရှောလမုန်ထည့်ဖော်ပြသည်။ သူကဤသို့ရေးသည်– “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရား [သခင်] ကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။” (သု. ၉:၁၀) စစ်မှန်သောဘုရားသခင်ကို နက်ရှိုင်းစွာ ရိုသေလေးမြတ်ကြောက်ရွံ့ခြင်းမရှိလျှင် ဘုရားသခင်ရေးရာဉာဏ်ပညာမရှိနိုင်ချေ။ အသိပညာအပြည့်ရှိသော်လည်း ယေဟောဝါအား ကြောက်ရွံ့ခြင်းမရှိလျှင် ဖန်ဆင်းရှင်ကိုဂုဏ်တင်သည့်နည်းဖြင့် ထိုအသိပညာကို အသုံးပြုနိုင်မည်မဟုတ်ပါ။ သိရှိခဲ့ရာများကို တလွဲအဓိပ္ပာယ်ကောက်ကာ ကိုယ့်ကိုယ်ကိုရူးမိုက်သူဖြစ်စေပေမည်။ ထို့ပြင် သန့်ရှင်းတော်မူသောအရှင် ယေဟောဝါအားသိကျွမ်းခြင်းသည် ဉာဏ်ပညာ၏မှတ်သားဖွယ်ထူးခြားချက်ဖြစ်သည့် သိနားလည်မှုရှိရန် မရှိမဖြစ်လိုအပ်ရာဖြစ်ပေသည်။
ဉာဏ်ပညာသည် မည်သည့်အကျိုးကိုဖြစ်ထွန်းစေသနည်း။ (သု. ၈:၁၂-၂၁၊ ၃၅) ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– “ငါ့ကိုအမှီပြု၍ သင်၏နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်။” (သု. ၉:၁၁) ဉာဏ်ပညာနှင့် ဆက်၍နှီးနှောပေါင်းသင်းခြင်း၏အကျိုးကား အသက်တာရှည်ခြင်းဖြစ်သည်။ မှန်၏၊ “ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။”—ဒေ. ၇:၁၂။
ဉာဏ်ပညာရရှိရန် ကြိုးစားအားထုတ်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်ဖြစ်၏။ ဤအချက်ကို ရှောလမုန်အလေးထား၍ ဤသို့ဖော်ပြသည်– “သင်သည် ပညာရှိလျှင် ကိုယ်တိုင်အကျိုးကိုခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့်မည်။” (သု. ၉:၁၂) ပညာရှိသည် ကိုယ်တိုင်အကျိုးခံစားရ၏၊ မထီမဲ့မြင်ပြုသူသည် သူ့အပြစ်နှင့်သူ ဆင်းရဲဝေဒနာခံစားရ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့စိုက်သည့်အတိုင်း ရိတ်ရသည်။ သို့ဖြင့် ‘ဉာဏ်ပညာကိုအာရုံစိုက်’ ကြပါလေ။—သု. ၂:၂။
“မိုက်သောမိန်းမသည် စကားသံကျယ်” သည်
၎င်းနှင့်လားလားကြီးဆန့်ကျင်လျက် ရှောလမုန်က ဤသို့ထပ်၍ဆိုသည်– “မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ်အနေအထိုင်ပေါ်မှာထိုင်လျက် လမ်း၌ တည့်တည့်ခရီးသွားသောသူတို့ကိုခေါ်၍ ‘ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။’”—သု. ၉:၁၃-၁၆က။
မိုက်မဲမှုကို အသံကျယ်လောင်ပြီး စည်းကမ်းမရှိ၊ ဉာဏ်တိမ်သောမိန်းမဖြင့် သရုပ်ဖော်ထားသည်။ သူသည်လည်း အိမ်တစ်လုံးဆောက်ထား၏။ မလိမ္မာသောသူမည်သူကိုမဆို သူကိုယ်တိုင်ဟစ်ခေါ်တတ်သည်။ သို့ဖြင့် ဖြတ်သန်းသွားလာသူများသည် ရွေးချယ်ရတော့မည်။ သူတို့သည် ဉာဏ်ပညာ၏ဖိတ်ခေါ်ချက်ကို လက်ခံမည်လော သို့မဟုတ် မိုက်မဲမှု၏ဖိတ်ခေါ်ချက်ကို လက်ခံမည်လော။
“ခိုးသောရေသည်ချို၏”
ဉာဏ်ပညာရော၊ မိုက်မဲမှုကပါ “ဤအရပ်သို့ဝင်စေ” ဟုဖိတ်ခေါ်လျက်ရှိသည်။ သို့သော် မေတ္တာရပ်ခံချက်မှာ မတူပါ။ ဉာဏ်ပညာသည် စပျစ်ရည်၊ အသားငါးနှင့် မုန့်ကိုသုံးဆောင်ရန် လူတို့ကိုဖိတ်ခေါ်၏။ မိုက်မဲမှုကမ်းလှမ်းသော ဆွဲဆောင်မှုသည် အကျင့်ပျက်အမျိုးသမီး၏နည်းလမ်းများကို ကျွန်ုပ်တို့အားသတိရစေသည်။ ရှောလမုန်က ဤသို့ဆိုသည်– “အိုပညာမရှိသောသူ၊ ‘ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်း မြိန်သည်’ ဟုဆိုတတ်၏။”—သု. ၉:၁၆ ခ၊ ၁၇။
(သုတ္တံ ၁၀:၂၂) ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
သမာဓိရှိစွာ လျှောက်လှမ်းခြင်းမှရသည့် ရွှင်လန်းမှုများ
၃ နယပုံပြင် ၁၀:၂၂ တွင် ‘ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ’ ဟုဖော်ပြထားသည်။ ယေဟောဝါ၏ မျက်မှောက်ခေတ်ကျေးကျွန်များ ခံစားနေရသည့် ဝိညာဉ်ရေးကြွယ်ဝမှု အခြေအနေသည် ဝမ်းမြောက်ဖွယ်ကောင်းချီးတစ်ခု မဟုတ်ပေလော။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကြွယ်ဝမှု ကဏ္ဍအချို့ကို သုံးသပ်ပြီး ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း ကြည့်ကြစို့။ သမာဓိရှိစွာလျှောက်လှမ်းသည့် ဖြောင့်မတ်သောသူအပေါ် ယေဟောဝါ သွန်းလောင်းသည့် ကောင်းချီးများအကြောင်း အချိန်ယူသုံးသပ်ခြင်းက ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်ကို ရွှင်လန်းစွာ ဆက်ဝတ်ပြုသွားဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို အမှန်ပင်ခိုင်မာစေပါလိမ့်မည်။—သု. ၂၀:၇၊ ကဘ။
ယခုပင် ‘စည်းစိမ်ကိုဖြစ်စေတတ်သော ကောင်းချီးများ’
၄ သမ္မာကျမ်းစာ သွန်သင်ချက်များနှင့်ပတ်သက်သော တိကျမှန်ကန်သည့် အသိပညာရှိခြင်း။ ခရစ်ယာန်ဘောင်ဘာသာရေးများသည် များသောအားဖြင့် ကျမ်းစာကို ယုံကြည်သည်ဟု ဆိုကြသည်။ သို့သော် ယင်း၏သွန်သင်ချက်များကိုမူ လက်မခံကြပါ။ ဘာသာတူသူ အဖွဲ့ဝင်များပင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာနှင့်ပတ်သက်သည့် အမြင်သဘောထားများ ကွဲပြားတတ်ကြသည်။ ယေဟောဝါကျေးကျွန်များ၏အခြေအနေနှင့် ကွာခြားလိုက်လေခြင်း! ကျွန်ုပ်တို့၏ နိုင်ငံ၊ ယဉ်ကျေးမှု၊ လူမျိုးစုနောက်ခံမည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့သည် အမည်နာမဖြင့်သိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ ကိုယ်တော်သည် လျှို့ဝှက်နက်နဲသည့် သုံးပါးပေါင်းတစ်ဆူဘုရားတစ်ပါးမဟုတ်ပေ။ (တရားဟောရာ ၆:၄; ဆာလံ ၈၃:၁၈; မာကု ၁၂:၂၉) ဘုရားသခင်၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်သည့် အဓိကအရေးကိစ္စသည် မကြာမီ ဖြေရှင်းခံရတော့မည်ဖြစ်ကြောင်း၊ ကိုယ်တော်အား သမာဓိစောင့်သိခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် ထိုအရေးကိစ္စတွင် ပါဝင်နေကြောင်းလည်း ကျွန်ုပ်တို့သိကြသည်။ သေခြင်းနှင့်ပတ်သက်သည့် အမှန်တရားကို ကျွန်ုပ်တို့သိပြီး လူသားများကို ငရဲတွင်ညှဉ်ပန်းသည် သို့မဟုတ် ငရဲကလေးသို့ပို့သည်ဟု ဆိုကြသည့်ဘုရားသခင်ကို ကြောက်လန့်ခြင်းမှ လွတ်ကင်းကြသည်။—ဒေ. ၉:၅၊ ၁၀။
၅ ထို့ပြင် ကျွန်ုပ်တို့သည် ယုတ္တိမရှိသော ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်တည်လာခြင်းမဟုတ်ကြောင်း သိရခြင်းက အလွန်ဝမ်းသာစရာပင်! ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; မာလခိ ၂:၁၀) ဆာလံဆရာက သူ၏ဘုရားသခင်နှင့်ပတ်သက်၍ ဤသို့သီဆိုခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။”—ဆာလံ ၁၃၉:၁၄။
၆ အန္တရာယ်ရှိသည့် အလေ့အထနှင့် အကျင့်အကြံများမှ လွတ်ကင်းခြင်း။ ဆေးလိပ်သောက်ခြင်း၊ သေသောက်ကြူးခြင်းနှင့် လိင်ကိစ္စရှုပ်ပွေခြင်းတို့၏အန္တရာယ်များအကြောင်း သတင်းမီဒီယာများတွင် အကြီးအကျယ်သတိပေးသော်လည်း ယင်းတို့ကို မလိုက်နာသည်က များသည်။ သို့သော် ဘုရားသခင်သည် အဆိုပါအကျင့်များကို ပြစ်တင်ထားကြောင်း၊ ယင်းတို့ကိုပြုကျင့်ပါက ကိုယ်တော်စိတ်ထိခိုက်ကြောင်း စိတ်ရင်းမှန်သူတစ်ဦး သိရှိသောအခါ မည်သို့ဖြစ်လာသနည်း။ သူ၏ဘဝတွင် ထိုအကျင့်တို့ကို ရပ်တန်းကရပ်ရန် လှုံ့ဆော်ခံရသည်။ (ဟေရှာယ ၆၃:၁၀; ၁ ကောရိန္သု ၆:၉၊ ၁၀; ၂ ကောရိန္သု ၇:၁; ဧဖက် ၄:၃၀) သူသည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် အဓိကကြိုးစားနေခြင်းဖြစ်သော်လည်း ထပ်ဆင့်အကျိုးကျေးဇူးများဖြစ်သည့် ကျန်းမာရေးကောင်းခြင်းနှင့် စိတ်ငြိမ်သက်ခြင်းတို့ကိုပါ ခံစားရသည်။
၇ လူများစွာအတွက် အကျင့်ဆိုးများကို စွန့်လွှတ်ရန် အလွန်ခက်ခဲသည်။ သို့တိုင် သောင်းနှင့်ချီသောသူများသည် နှစ်စဉ် ထိုသို့ ပြုလုပ်လျက်ရှိသည်။ သူတို့သည် ယေဟောဝါထံ အပ်နှံပြီး ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင် မနှစ်သက်သောအကျင့်များကို မိမိတို့ဘဝမှ ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြားကြေညာကြသည်။ ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် အလွန်အားရှိစရာပင်! အပြစ်ရှိ၍ ထိခိုက်နစ်နာစေသောအကျင့်အကြံများ၏ ကျွန်ဖြစ်ခြင်းမှ လွတ်ကင်းနေရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန် ပိုခိုင်မာလာသည်။
၈ ပျော်ရွှင်ဖွယ်မိသားစုဘဝကို ပိုင်ဆိုင်နိုင်ခြင်း။ နိုင်ငံများစွာတွင် မိသားစုနှောင်ကြိုးမှာ ချည့်နဲ့လျက်ရှိသည်။ အိမ်ထောင်များစွာသည် ကွာရှင်းခြင်းဖြင့် အဆုံးသတ်နေကြပြီး အပြစ်မဲ့ကလေးများကို စိတ်အနာတရဖြစ်ကျန်နေစေကြသည်။ ဥရောပနိုင်ငံအချို့တွင် ကြင်ဖော်မဲ့မိဘရှိမိသားစုများသည် အိမ်ထောင်စုအားလုံး၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိလာသည်။ ယေဟောဝါသည် မိသားစုဘဝနှင့်ပတ်သက်၍ သမာဓိရှိစွာလျှောက်လှမ်းနိုင်ရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူပေးလျက်ရှိသနည်း။ ကျေးဇူးပြု၍ ဧဖက် ၅:၂၂–၆:၄ ကိုဖတ်ပြီး ဘုရားသခင့်နှုတ်မြွက်တော်က ခင်ပွန်းများ၊ ဇနီးများနှင့် သားသမီးများကို ပေးထားသည့် ကောင်းမွန်လှသောသွန်သင်ချက်ကို မှတ်သားပါ။ ထိုအချက်နှင့် သမ္မာကျမ်းစာ၏အခြားနေရာများတွင် ဖော်ပြထားသော သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးခြင်းက အိမ်ထောင်နှောင်ကြိုးကို အမှန်ခိုင်မြဲစေပြီး သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်နိုင်ရန် မိဘများကို ကူညီပေးကာ ပျော်ရွှင်သောမိသားစုဘဝ တည်ဆောက်ရန် အထောက်အကူပြုသည်။ ယင်းသည် ဝမ်းမြောက်ဖွယ်ကောင်းချီးတစ်ရပ် မဟုတ်ပေလော။
၉ ကမ္ဘာ့ပြဿနာများ မကြာမီ ပြေရှင်းတော့မည်ကို ယုံကြည်စိတ်ချမှုရှိခြင်း။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အချို့သောခေါင်းဆောင်များ၏ စိတ်ရင်းမှန်သောကြိုးပမ်းမှုများရှိနေလျက်နှင့် လက်ရှိအသက်တာရှိ ကြီးလေးသောပြဿနာများကို မဖြေရှင်းနိုင်သေးပေ။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တည်ထောင်ခဲ့သူ ကလော့စ် ရွှပ်ဘ်က “ကမ္ဘာကြီးရင်ဆိုင်နေရသော ပြဿနာများအရေအတွက်သည် တိုးများလာလျက်ရှိပြီး ယင်းတို့ကို ဖြေရှင်းရန် ရရှိသည့်အချိန်မှာမူ နည်းသည်ထက်နည်းလာနေသည်” ဟု မကြာသေးမီက မှတ်ချက်ချခဲ့သည်။ “နိုင်ငံအားလုံးကို ထိခိုက်နေသည့် အန္တရာယ်များဖြစ်သော အကြမ်းဖက်မှု၊ ဝန်းကျင်ပျက်ပြားမှုနှင့် စီးပွားရေးမတည်ငြိမ်မှု” တို့အကြောင်း သူပြောခဲ့သည်။ ရွှပ်ဘ်က ဤသို့နိဂုံးချုပ်ခဲ့သည်– “ကမ္ဘာကြီးရင်ဆိုင်နေရသော အဖြစ်မှန်များအတွက် လူတို့သည် ယခင်ကထက် ယခုပို၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် အလျင်အမြန် ဆုံးဖြတ်လုပ်ကိုင်ရန် လိုအပ်နေသည်။” ၂၁ ရာစုသည် ရှေ့သို့ရွေ့လျားနေသည်နှင့်အမျှ လူသားတို့၏ အနာဂတ် ခြုံငုံအလားအလာမှာ စိတ်ပျက်ဖွယ်ဖြစ်နေဆဲပင်။
၁၀ ယေဟောဝါသည် လူတို့၏ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ဘုရားသခင့်မေရှိယနိုင်ငံတော် အစီအစဉ်ကို ဖွဲ့စည်းတည်ထောင်တော်မူခဲ့ကြောင်း သိရသည်မှာ အလွန်စိတ်ချမ်းသာစရာပင်။ ယင်းအားဖြင့် စစ်မှန်သောဘုရားသခင်သည် “စစ်မှုကိုငြိမ်းစေတော်မူ” မည်ဖြစ်ပြီး ငြိမ်သက်ခြင်း “ချမ်းသာများပြား” စေတော်မူလိမ့်မည်။ (ဆာလံ ၄၆:၉; ၇၂:၇) ခန့်အပ်ခံဘုရင်ယေရှုခရစ်သည် ‘နွမ်းပါးသူ၊ ခိုကိုးရာမရှိသောသူနှင့် ဆင်းရဲသူကို ညှဉ်ဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ’ လိမ့်မည်။ (ဆာလံ ၇၂:၁၂-၁၄၊ သမ္မာ) မေရှိယနိုင်ငံတော်အုပ်စိုးမှုအောက်တွင် အစာရှားပါးမှုများ ရှိတော့မည်မဟုတ်ပေ။ (ဆာလံ ၇၂:၁၆) ယေဟောဝါသည် “[ကျွန်ုပ်] တို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၄) ထိုဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင်တည်ထောင်ပြီးဖြစ်ကာ မကြာမီ ကမ္ဘာပေါ်ရှိပြဿနာအားလုံးကို ဖြေရှင်းရန် လိုအပ်သောအရေးယူဆောင်ရွက်မှုများ ပြုလုပ်တော်မူမည်။—ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၅။
၁၁ အဘယ်အရာက စစ်မှန်သောပျော်ရွှင်မှုရရှိစေကြောင်း သိရှိခြင်း။ စစ်မှန်သောပျော်ရွှင်မှုကို အဘယ်အရာက အမှန်တကယ် ရရှိစေသနည်း။ စိတ်ပညာရှင်တစ်ဦးက ပျော်ရွှင်မှုတွင် သာယာမှု၊ ပါဝင်ပတ်သက်မှု (အလုပ်နှင့် မိသားစုအရေးကိစ္စကဲ့သို့သော တာဝန်များတွင် ပါဝင်လုပ်ဆောင်ခြင်း)၊ ရည်ရွယ်ချက် (ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးအတွက် အဓိကထားလုပ်ဆောင်ခြင်း) ဟူသော အပိုင်းသုံးပိုင်းပါဝင်သည်ဟုဆိုသည်။ ထိုသုံးခုထဲတွင် သာယာမှုကို အရေးမပါဆုံးစာရင်းတွင်ထည့်ပြီး သူဤသို့ဆိုသည်– “ယင်းသည် မှတ်သားဖွယ်ပင်။ အကြောင်းမှာ လူများစွာသည် ဘဝတွင် သာယာမှုကို အဓိကထားကြသောကြောင့်ဖြစ်သည်။” ထိုကိစ္စနှင့်ပတ်သက်သည့် သမ္မာကျမ်းစာရှုထောင့်ကား အဘယ်နည်း။
၁၂ ရှေးဣသရေလရှင်ဘုရင် ရှောလမုန်က ဤသို့ဆိုသည်– ‘ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား “လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍ ကာမဂုဏ်၌ပျော်မွေ့လော့” ဟုဆိုရာတွင် ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်လေ၏။ ရယ်မောခြင်းကို “သင်သည်အရူးဖြစ်၏” ဟူ၍လည်းကောင်း၊ ရွှင်လန်းခြင်းကို “အဘယ်ကြောင့် ဤသို့ပြုသနည်း” ဟူ၍လည်းကောင်း ငါဆိုရ၏။’ (ဒေ. ၂:၁၊ ၂) သမ္မာကျမ်းစာက သာယာမှုမှရသော ပျော်ရွှင်မှုမှာ ခဏသာတည်သည်ဟုဆိုသည်။ အလုပ်တွင် ပါဝင်လုပ်ဆောင်မှုနှင့်ပတ်သက်၍ကော။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်နိုင်သည့် အဓိပ္ပာယ်အရှိဆုံးအလုပ်ဖြစ်သည်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) သမ္မာကျမ်းစာတွင်ပါရှိသည့် အသက်ကယ်သတင်းကို အခြားသူများအား ဝေမျှခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင်နှင့် နားထောင်သူတို့ကိုပါ ကယ်တင်နိုင်သည့်လုပ်ငန်းတွင် ပါဝင်နေကြသည်။ (၁ တိမောသေ ၄:၁၆) “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” များအနေနှင့် ‘ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် ပို၍ပျော်ရွှင်မှုရှိ’ ကြောင်း ကျွန်ုပ်တို့တွေ့ကြုံခံစားရသည်။ (၁ ကောရိန္သု ၃:၉၊ သမ္မာ။ တမန်တော် ၂၀:၃၅၊ သမ္မာ) ယင်းအလုပ်သည် ကျွန်ုပ်တို့၏ဘဝကို ပိုအဓိပ္ပာယ်ရှိစေပြီး ဖန်ဆင်းရှင်အား ကဲ့ရဲ့သူ စာတန်ကို ချေပနိုင်စေသည်။ (သု. ၂၇:၁၁) ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် စစ်မှန်ပြီးတည်မြဲသော ပျော်ရွှင်မှုရရှိစေကြောင်း ယေဟောဝါ အမှန်တကယ်ပြသတော်မူခဲ့ပြီ။—၁ တိမောသေ ၄:၈။
၁၃ အရေးပါပြီး ထိရောက်မှုရှိသည့် လေ့ကျင့်ရေးအစီအစဉ်ရှိခြင်း။ ဂေရ်ဟာ့ထ်သည် ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။ သူ၏လူငယ်ဘဝအကြောင်း ဤသို့ပြန်ပြောသည်– “လူငယ်တစ်ယောက်အနေနဲ့ စကားပြောတဲ့အခါ အခက်အခဲအများကြီးရှိခဲ့တယ်။ စိတ်ဖိစီးလာပြီဆိုရင် သဲသဲကွဲကွဲမပြောနိုင်တော့တဲ့အပြင် ထစ်ထစ်ငေါ့ငေါ့လည်းဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို နိမ့်ကျသိမ်ဖျင်းတယ်လို့ခံစားရပြီး စိတ်ဓာတ်ကျလာတယ်။ ကျွန်တော့်မိဘတွေက စကားပြောပြုပြင်လေ့ကျင့်ပေးတဲ့သင်တန်းတက်ဖို့ စီစဉ်ပေးပေမဲ့ အရာမထင်ပါဘူး။ ကျွန်တော့်ပြဿနာက ခန္ဓာပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အံ့ဖွယ်ပြင်ဆင်ပေးချက်တစ်ခုဖြစ်တဲ့ သီအိုကရက်တစ်ဓမ္မအမှုကျောင်းရှိတယ်။ အဲ့ဒီကျောင်းတက်လိုက်လို့ ကျွန်တော်သတ္တိရှိလာတယ်။ သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ အစွမ်းကုန်ကြိုးစားတယ်။ အဲ့ဒါက တကယ်ထိရောက်မှုရှိတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောနိုင်လာတယ်၊ စိတ်ဓာတ်လည်းမကျတော့ဘူး၊ ဓမ္မအမှုမှာလည်း ပိုရဲလာတယ်။ အခုဆို လူထုဟောပြောချက်တွေတောင် ပေးနေတယ်။ ဒီကျောင်းက ကျွန်တော့်ဘဝအရည်အသွေးကို တိုးတက်စေတဲ့အတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။” ယေဟောဝါ၏လုပ်ငန်းတော်ကို ထမ်းဆောင်နိုင်ရန် ကိုယ်တော်လေ့ကျင့်ပေးမှုကြောင့် မရွှင်လန်းသင့်ပေလော။
၁၄ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း၏ ထောက်မမှုရရှိခြင်း။ ဂျာမနီနိုင်ငံတွင်နေထိုင်သော ကာထရီန်သည် အရှေ့တောင်အာရှတွင် ဖြစ်သွားသည့် ပြင်းထန်သောငလျင်နှင့် ဆူနာမီ၏ဆိုးကျိုးများကို ကြားရသောကြောင့် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့သည်။ ယင်းသို့ဖြစ်ချိန်တွင် သမီးဖြစ်သူသည် ထိုင်းနိုင်ငံသို့ လည်ပတ်ရောက်ရှိနေသည်။ သမီးအသက်ရှင်နေဆဲလော သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများတွင် ပါဝင်သလောဟူသည်ကို ၃၂ နာရီတိုင် သတင်းမရရှိခဲ့ပါ။ နောက်ဆုံး သမီးဖြစ်သူ အန္တရာယ်ကင်းကြောင်း ဖုန်းဆက်ပြောခံရသောအခါမှ အလွန်စိတ်သက်သာရာရခဲ့သည်။
၁၅ စိုးရိမ်စိတ်ဖိစီးသည့် ထိုအချိန်များတစ်လျှောက် ကာထရီန်ကို အဘယ်အရာက ထောက်ကူပေးခဲ့သနည်း။ သူဤသို့ရေးခဲ့သည်– “အဲ့ဒီအချိန်တစ်လျှောက်လုံးနီးပါး ယေဟောဝါဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ အဲ့ဒါက ကျွန်မကို ဘယ်လောက်တောင် ခွန်အားနဲ့စိတ်ငြိမ်သက်မှုပေးတယ်ဆိုတာ ခဏခဏသတိပြုမိတယ်။ အဲ့ဒီအပြင် ချစ်ခင်စရာကောင်းတဲ့ ဝိညာဉ်ရေးညီအစ်ကိုတွေ ကျွန်မဆီရောက်လာပြီး အားပေးခဲ့ကြတယ်။” (ဖိလိပ္ပိ ၄:၆၊ ၇) ယေဟောဝါထံဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးညီအစ်ကိုများ၏ နှစ်သိမ့်မှုသာ မရှိဘဲ ဤစိတ်သောကရောက်ချိန်တစ်လျှောက်လုံးကို ဖြတ်သန်းရမည်ဆိုပါက သူ၏အခြေအနေ မည်မျှဆိုးလိုက်မည်ဖြစ်ခြင်း! ယေဟောဝါနှင့် ကိုယ်တော့်သားတော်နှင့် ရင်းနှီးသောဆက်ဆံရေးအပြင် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့် နီးကပ်သောပေါင်းသင်းမှုက တုနှိုင်းမမီသော ကောင်းချီးတစ်ရပ်ဖြစ်သည်။ ယင်းသည် အလွန်အဖိုးတန်သောကြောင့် ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။
၁၆ ချစ်မြတ်နိုးရသော သေလွန်သူတို့နှင့် ပြန်လည်ဆုံဆည်းနိုင်သည့် မျှော်လင့်ချက်ရှိခြင်း။ (ယောဟန် ၅:၂၈၊ ၂၉) မာတီးယပ်စ်အမည်ရှိသော လူငယ်တစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ သို့သော် သူခံစားရသည့်ကောင်းချီးများကို လေးမြတ်မှုမရှိခြင်းကြောင့် ဆယ်ကျော်သက်အရွယ်တွင် ခရစ်ယာန်အသင်းတော်နှင့် တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။ သူ ယခု ဤသို့ရေးသည်– “ကျွန်တော့်အဖေနဲ့ တစ်ခါမှ လေးလေးနက်နက် စကားမပြောဖူးဘူး။ နှစ်တွေတစ်လျှောက် ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ သဘောထားမတိုက်ဆိုင်ဘူး။ ဒါတောင် ကျွန်တော့်ဘဝကို အဖေက အမြဲတမ်းအကောင်းဆုံးဖြစ်စေချင်တယ်။ အဖေ ကျွန်တော့်ကိုသိပ်ချစ်မှန်း အဲ့ဒီတုန်းက ကျွန်တော်အသိအမှတ်မပြုခဲ့ဘူး။ ဒီလိုနဲ့ ၁၉၉၆ ခုနှစ်မှာပေါ့။ အဖေဘေးနားမှာထိုင်၊ သူ့လက်ကိုကိုင်ပြီး ရှိုက်ကြီးတငင်ငိုရင်း ကျွန်တော်လုပ်ခဲ့တာတွေအားလုံးအတွက် အရမ်းစိတ်မကောင်းဖြစ်တယ်ဆိုတာနဲ့ အဖေ့ကို သိပ်ချစ်တယ်ဆိုတာကို ပြောပြခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အဖေနေမကောင်းဖြစ်ပြီး သတိလစ်နေလို့ ကျွန်တော်ပြောတာတွေကို သူမကြားတော့ဘူး။ မကြာပါဘူး၊ အဖေ ဆုံးသွားရှာတယ်။ အဖေ ထမြောက်လာချိန်မှာ ကျွန်တော်ရှိနေမယ်ဆိုရင် အရင်က ကျွန်တော်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်နိုင်မှာ။ ပြီးတော့ အခုဆိုရင် ကျွန်တော်ဟာ အကြီးအကဲတစ်ယောက်အဖြစ် အမှုဆောင်နေပြီး ကျွန်တော်တို့ဇနီးမောင်နှံဟာ ရှေ့ဆောင်တွေအဖြစ်အမှုဆောင်ဖို့ အခွင့်ထူးရရှိထားတယ်ဆိုတာ အဖေသိရင် သိပ်ပျော်မှာ သေချာတယ်။” ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့အတွက် တကယ့်ကောင်းချီးတစ်ရပ်ပင်!
အောက်တိုဘာ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၁၂-၁၆
“ဉာဏ်ပညာဟာ ရွှေထက်ပိုကောင်း”
(သုတ္တံ ၁၆:၁၆၊ ၁၇) ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ ၁၇ ဖြောင့်မတ်သောသူလိုက်သောလမ်းမူကား ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှမလွှဲဘဲ အမြဲလိုက်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
“ဉာဏ်ပညာဟာ အကာအကွယ်ဖြစ်”
“ဉာဏ်ပညာဆည်းပူးတာဟာ ရွှေကို စုဆောင်းတာထက် ပိုကောင်းတယ်။ သိနားလည်နိုင်စွမ်းကို ရွေးချယ်တာဟာ ငွေကို ရွေးချယ်တာထက် ပိုကောင်းတယ်” ဆိုပြီး သုတ္တံ ၁၆:၁၆ မှာ ဖော်ပြထားတယ်။ ဉာဏ်ပညာဟာ ဘာလို့ ဒီလောက် အဖိုးတန်တာလဲ။ ဘာလို့လဲဆိုတော့ ‘ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေလို့ပဲ။’ (ဒေ. ၇:၁၂၊ ကဘ) ဒါဆို ဉာဏ်ပညာက ပိုင်ဆိုင်တဲ့သူကို ဘယ်လိုအသက်ဆက်ရှင်စေတာလဲ။
ဘုရားရေးရာဉာဏ်ပညာ တစ်နည်းအားဖြင့် ဘုရားသခင့်နှုတ်ထွက်စကားဖြစ်တဲ့ သမ္မာကျမ်းစာရဲ့ အသိပညာကို ရရှိပြီး အဲဒီအတိုင်း ကျင့်ကြံနေထိုင်တာက ယေဟောဝါနှစ်သက်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ဖို့ အကူအညီဖြစ်စေတယ်။ (သုတ္တံ ၂:၁၀-၁၂) အစ္စရေးဘုရင် ရှောလမုန်က “ရိုးဖြောင့်သောသူလိုက်ရာလမ်းသည် ဘေးဒုက္ခလွှဲရှောင်ရာလမ်း ဖြစ်၏။ ကိုယ်သွားရာလမ်းကို ဂရုစိုက်သောသူသည် ကိုယ့်အသက်ကို စောင့်ရှောက်၏” လို့ပြောခဲ့တယ်။ (သုတ္တံ ၁၆:၁၇၊ သမ္မာ) မှန်ပါတယ်။ ဉာဏ်ပညာဟာ ပိုင်ဆိုင်သူကို မကောင်းတဲ့လမ်းစဉ်ကနေ လွှဲရှောင်စေပြီး အသက်ဆက်ရှင်စေတယ်။ ဒါကြောင့် ဘုရားရေးရာဉာဏ်ပညာဟာ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူတွေအပေါ် အပြုသဘောသက်ရောက် နိုင်မှန်း သုတ္တံ၁၆:၁၆-၃၃ မှာပါတဲ့ ပညာရှိစကားတွေက ဖော်ပြနေတယ်။
“စိတ်နှိမ့်ချပါ”
“ လူတစ်ယောက်အဖြစ် သရုပ်ဖော်ထားတဲ့ ဉာဏ်ပညာက ‘ကိုယ့်ဂုဏ်ကိုယ်ဖော်တာ၊ မာနကြီးတာ . . . ကို ငါမုန်းတယ်’ လို့ပြောတယ်။ (သုတ္တံ ၈:၁၃၊ ကဘ) မာနကြီးခြင်းနဲ့ ဉာဏ်ပညာဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဉာဏ်ပညာရှိရှိ ပြုမူကျင့်ကြံဖို့ လိုအပ်ပြီး မာနကြီးတဲ့စိတ်၊ မောက်မာတဲ့စိတ်ကို မမွေးမြူမိဖို့ သတိထားရမယ်။ အထူးသဖြင့် ဘဝမှာ တစ်နည်းနည်းနဲ့ အောင်မြင်နေတဲ့အခါ ဒါမှမဟုတ် အသင်းတော်မှာ အရေးပါတဲ့တာဝန်တစ်ခုခု ရထားတဲ့ အခါ ပိုသတိထားရမယ်။
‘မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်’ လို့ သုတ္တံ ၁၆:၁၈ (ကဘ) မှာ သတိပေးထားတယ်။ စကြာဝဠာမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံးသော ပြိုလဲခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်ရဲ့ စုံလင်တဲ့ ဝိညာဉ်သားတစ်ယောက်ဟာ စာတန်မာရ်နတ်ဖြစ်သွားတဲ့အတွက် မြေကြီးပေါ် ပစ်ချခံခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁-၅; ဗျာဒိတ် ၁၂:၉) သူ ပစ်ချမခံရခင်တုန်းက မာနတက်ခဲ့တယ် မဟုတ်လား။ “မာနထောင်လွှား၍ မာရ်နတ်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသို့ ကျရောက်မည်ကို စိုးရိမ်စရာရှိသောကြောင့်” ဘာသာဝင်လူသစ်တစ်ယောက်ကို အသင်းတော်ကြီးကြပ်မှူးတာဝန် မပေးသင့်တဲ့အကြောင်း ကျမ်းစာမှာဖော်ပြထားတာက ဒီအချက်ကို ပေါ်လွင်စေတယ်။ (၁ တိမောသေ ၃:၁၊ ၂၊ ၆) ဒါကြောင့် တခြားသူကို မာနစိတ်ဝင်လာအောင်လုပ်တာ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မာနတက် လာတာကို ရှောင်ဖို့ သိပ်အရေးကြီးတယ်။
(သုတ္တံ ၁၆:၁၈၊ ၁၉) မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ ၁၉ စိတ်နှိမ့်ချသောသူတို့နှင့်ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည် မာနကြီးသောသူတို့နှင့်ဆက်ဆံ၍ လုယူသောဥစ္စာကိုဝေမျှခြင်းထက် သာ၍ကောင်း၏။
“ဉာဏ်ပညာဟာ အကာအကွယ်ဖြစ်”
“‘ဉာဏ်ပညာဆည်းပူးတာဟာ ရွှေကို စုဆောင်းတာထက် ပိုကောင်းတယ်။ သိနားလည်နိုင်စွမ်းကို ရွေးချယ်တာဟာ ငွေကိုရွေးချယ်တာထက် ပိုကောင်းတယ်’ ဆိုပြီး သုတ္တံ ၁၆:၁၆ (ကဘ) မှာဖော်ပြထားတယ်။ ဉာဏ်ပညာဟာ ဘာလို့ ဒီလောက်အဖိုးတန်တာလဲ။ ဘာလို့လဲဆိုတော့ ‘ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေလို့ပဲ။’ (ဒေသနာ ၇:၁၂၊ ကဘ) ဒါဆို ဉာဏ်ပညာက ပိုင်ဆိုင်တဲ့သူကို ဘယ်လို အသက်ဆက်ရှင်စေတာလဲ။
ဘုရားရေးရာဉာဏ်ပညာ တစ်နည်းအားဖြင့် ဘုရားသခင့်နှုတ်ထွက်စကားဖြစ်တဲ့ သမ္မာကျမ်းစာရဲ့ အသိပညာကို ရရှိပြီး အဲဒီအတိုင်း ကျင့်ကြံနေထိုင်တာက ယေဟောဝါနှစ်သက်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ဖို့ အကူအညီဖြစ်စေတယ်။ (သုတ္တံ ၂:၁၀-၁၂) အစ္စရေးဘုရင် ရှောလမုန်က “ရိုးဖြောင့်သောသူလိုက်ရာလမ်းသည် ဘေးဒုက္ခလွှဲရှောင်ရာလမ်း ဖြစ်၏။ ကိုယ်သွားရာလမ်းကို ဂရုစိုက်သောသူသည် ကိုယ့်အသက်ကို စောင့်ရှောက်၏” လို့ပြောခဲ့တယ်။ (သုတ္တံ ၁၆:၁၇၊ သမ္မာ) မှန်ပါတယ်။ ဉာဏ်ပညာဟာ ပိုင်ဆိုင်သူကို မကောင်းတဲ့လမ်းစဉ်ကနေ လွှဲရှောင်စေပြီး အသက်ဆက်ရှင်စေတယ်။ ဒါကြောင့် ဘုရားရေးရာဉာဏ်ပညာဟာ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူတွေအပေါ် အပြုသဘောသက်ရောက် နိုင်မှန်း သုတ္တံ၁၆:၁၆-၃၃ မှာပါတဲ့ ပညာရှိစကားတွေက ဖော်ပြနေတယ်။
“စိတ်နှိမ့်ချပါ”
“လူတစ်ယောက်အဖြစ် သရုပ်ဖော်ထားတဲ့ ဉာဏ်ပညာက ‘ကိုယ့်ဂုဏ်ကိုယ်ဖော်တာ၊ မာနကြီးတာ . . . ကို ငါမုန်းတယ်’ လို့ပြောတယ်။ (သုတ္တံ ၈:၁၃၊ ကဘ) မာနကြီးခြင်းနဲ့ ဉာဏ်ပညာဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဉာဏ်ပညာရှိရှိ ပြုမူကျင့်ကြံဖို့ လိုအပ်ပြီး မာနကြီးတဲ့စိတ်၊ မောက်မာတဲ့စိတ်ကို မမွေးမြူမိဖို့ သတိထားရမယ်။ အထူးသဖြင့် ဘဝမှာ တစ်နည်းနည်းနဲ့ အောင်မြင်နေတဲ့အခါ ဒါမှမဟုတ် အသင်းတော်မှာ အရေးပါတဲ့တာဝန်တစ်ခုခု ရထားတဲ့ အခါ ပိုသတိထားရမယ်။
‘မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်’ လို့ သုတ္တံ ၁၆:၁၈ (ကဘ) မှာ သတိပေးထားတယ်။ စကြာဝဠာမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံးသော ပြိုလဲခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်ရဲ့ စုံလင်တဲ့ ဝိညာဉ်သားတစ်ယောက်ဟာ စာတန်မာရ်နတ်ဖြစ်သွားတဲ့အတွက် မြေကြီးပေါ် ပစ်ချခံခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁-၅; ဗျာဒိတ် ၁၂:၉) သူ ပစ်ချမခံရခင်တုန်းက မာနတက်ခဲ့တယ် မဟုတ်လား။ “မာနထောင်လွှား၍ မာရ်နတ်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသို့ ကျရောက်မည်ကို စိုးရိမ်စရာရှိသောကြောင့်” ဘာသာဝင်လူသစ်တစ်ယောက်ကို အသင်းတော်ကြီးကြပ်မှူးတာဝန် မပေးသင့်တဲ့အကြောင်း ကျမ်းစာမှာဖော်ပြထားတာက ဒီအချက်ကို ပေါ်လွင်စေတယ်။ (၁ တိမောသေ ၃:၁၊ ၂၊ ၆) ဒါကြောင့် တခြားသူကို မာနစိတ်ဝင်လာအောင်လုပ်တာ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မာနတက် လာတာကို ရှောင်ဖို့ သိပ်အရေးကြီးတယ်။
“စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည် မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏” လို့ သုတ္တံ ၁၆:၁၉ မှာဖော်ပြထားတယ်။ ရှေးခေတ် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ အဖြစ်ကိုကြည့်ရင် ဒီကျမ်းစကား သိပ်မှန်ကန်တယ်ဆိုတာ သိနိုင်တယ်။ သူက ရုပ်တုကြီးတစ်ခုကို ဒုရလွင်ပြင်မှာ တည်ခဲ့တယ်။ သူ့ကိုကိုယ်စားပြုတဲ့ ရုပ်တုကြီး ဖြစ်နိုင်တယ်။ အဲဒီရုပ်တုဟာ အမြင့်အတောင် ၆၀ (ပေ ၉၀) ကျော်တဲ့အတွက် တကယ် ကြီးမားတဲ့ အောက်ခံခုံပေါ် တင်ထားတာဖြစ်မှာပဲ။ (ဒံယေလ ၃:၁) နေဗုခဒ်နေဇာက သူ့အင်ပါယာရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ကျူးဖို့ မိုးထိုးနေတဲ့ အဲဒီရုပ်တုကြီးကို ပြုလုပ်ခဲ့တာပါ။ မြင့်မားတဲ့ ကျောက်တိုင် တွေ၊ ပြသာဒ်မျှော်စင်တွေ၊ မိုးမျှော်တိုက်တွေ လိုမျိုး ခမ်းနားကြီးကျယ်တဲ့ အရာ တွေဟာ လူတွေအတွက် အထင်ကြီးစရာဖြစ်ပေမဲ့ ဘုရားသခင်အတွက်တော့ အဲဒီလို မဟုတ်ပါဘူး။ ဆာလံဆရာက “ထာဝရ ဘုရား သည် မြင့်မြတ် တော် မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ ကိုကား အဝေးက သိတော်မူ၏” လို့ပြောခဲ့တယ်။ (ဆာလံ ၁၃၈:၆) တကယ်တော့ ‘လူတို့အမြင်မှာ မြင့်မြတ်သောအရာဟာ ဘုရားသခင့်မျက်မှောက်တော်မှာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပါတယ်။’ (လုကာ ၁၆:၁၅) ဒါကြောင့် ‘စိတ်နေမြင့်’ မယ့်အစား ‘နှိမ့်ချ’ နေတာ ပိုကောင်းပါတယ်။—ရောမ ၁၂:၁၆။
“ထိုးထွင်းသိမြင်မှု” နဲ့ “နားဝင်အောင်” ပြောဆိုခြင်း
ဉာဏ်ပညာရရှိထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စကားပြောဆိုပုံအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ ပညာရှိဘုရင်က အခုလိုပြောခဲ့တယ်– ‘ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။ ယေဟောဝါကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဉာဏ်ပညာရှိသူဟာ သိနားလည်နိုင်စွမ်းရှိသူလို့ အခေါ်ခံရလိမ့်မယ်။ ကြင်ကြင်နာနာ ပြောတတ်သူဟာ နားဝင်အောင်ပြောနိုင်စွမ်းရှိတဲ့သူပဲ။ ထိုးထွင်းဉာဏ်ဟာ ပိုင်ဆိုင်သူအတွက် အသက်စမ်းရေတွင်းပဲ။ လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်။ ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။ နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။’—သုတ္တံ ၁၆:၂၀-၂၃၊ ကဘ။
ဉာဏ်ပညာဟာ ထိုးထွင်းဉာဏ်ရှိရှိ ပြောဆိုတတ်ဖို့၊ နားဝင်အောင်ပြောဆိုတတ်ဖို့ ကူညီပေးနိုင်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ဉာဏ်ပညာရှိသူဟာ ကိစ္စတစ်ခုခုဆိုရင် ကောင်းကွက်ကိုကြည့်ပြီး ‘အောင်မြင်’ ဖို့ ကြိုးစားတယ်။ ‘ယေဟောဝါကို ယုံကြည်ကိုးစားတယ်။’ သူတစ်ပါးရဲ့ကောင်းကွက်ကို ရှာတွေ့ဖို့ကြိုးစားတဲ့အခါ သူတို့ကို ချီးမွမ်းပြောချင်စိတ် ပေါ်လာတယ်။ ပြောလိုက်တဲ့ စကားလုံးတွေကလည်း ခက်ထန်တာ၊ တစ်ဖက်သားကို တိုက်ခိုက်တာမျိုး မဖြစ်ဘဲ နူးညံ့ပြီး နားဝင်ချိုပါလိမ့်မယ်။ သူတစ်ပါးရဲ့အခြေအနေကို ထိုးထွင်းသိမြင်တတ်တာက အခက်အခဲကို ဘယ်အတိုင်းအတာအထိ သူတို့ ခါးစည်းခံနေရမှန်း နားလည်ဖို့ ကူညီပေးနိုင်တယ်။
ဉာဏ်ပညာလွှမ်းတဲ့ စကားတွေဟာ နိုင်ငံတော်သတင်းဟောတဲ့အခါ၊ တပည့်ဖြစ်စေတဲ့လုပ်ငန်းမှာ ပါဝင်တဲ့အခါ သိပ် အရေးကြီးတယ်။ တခြားသူကို ကျမ်းစာသင်ပေးရတဲ့ ရည်ရွယ်ချက်က ကျမ်းဆိုင်ရာအချက်အလက်တွေကို ဝေမျှပေးဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ သူတို့ရဲ့ နှလုံးထဲအထိ သမ္မာတရားရောက်ရှိဖို့ ဖြစ်တယ်။ ဒီလိုဖြစ်နိုင်ဖို့ ကျွန်တော်တို့ နားဝင်အောင် ပြောဆိုတတ်ရမယ်။ တမန်တော်ပေါလုက တိမောသေကို ‘ယုံကြည်စိတ်ချစေတဲ့အရာများ’ မှာ တည်မြဲတည်နေဖို့ အားပေး ခဲ့တယ်။—၂ တိမောသေ ၃:၁၄၊ ၁၅။
(သုတ္တံ ၁၆:၂၀–၂၄) ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကိုခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ ၂၁ လိမ္မာသောစိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ရောက်တတ်၏။ ချိုသောစကားကိုပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွားစေတတ်၏။ ၂၂ ဉာဏ်ပညာကိုရသောသူသည် အသက်စမ်းရေတွင်းကိုရ၏။ မိုက်သောသူတို့၏သွန်သင်ခြင်းမူကား မိုက်ခြင်းဖြစ်၏။ ၂၃ ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကိုထပ်လောင်းတတ်၏။ ၂၄ သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ချိုမြိန်လျက် ကိုယ်အရိုးကိုကျန်းမာစေလျက်ရှိကြ၏။
“ဉာဏ်ပညာဟာ အကာအကွယ်ဖြစ်”
“စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည် မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏” လို့ သုတ္တံ ၁၆:၁၉ မှာဖော်ပြထားတယ်။ ရှေးခေတ် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ အဖြစ်ကိုကြည့်ရင် ဒီကျမ်းစကား သိပ်မှန်ကန်တယ်ဆိုတာ သိနိုင်တယ်။ သူက ရုပ်တုကြီးတစ်ခုကို ဒုရလွင်ပြင်မှာ တည်ခဲ့တယ်။ သူ့ကိုကိုယ်စားပြုတဲ့ ရုပ်တုကြီး ဖြစ်နိုင်တယ်။ အဲဒီရုပ်တုဟာ အမြင့်အတောင် ၆၀ (ပေ ၉၀) ကျော်တဲ့အတွက် တကယ် ကြီးမားတဲ့ အောက်ခံခုံပေါ် တင်ထားတာဖြစ်မှာပဲ။ (ဒံယေလ ၃:၁) နေဗုခဒ်နေဇာက သူ့အင်ပါယာရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ကျူးဖို့ မိုးထိုးနေတဲ့ အဲဒီရုပ်တုကြီးကို ပြုလုပ်ခဲ့တာပါ။ မြင့်မားတဲ့ ကျောက်တိုင် တွေ၊ ပြသာဒ်မျှော်စင်တွေ၊ မိုးမျှော်တိုက်တွေ လိုမျိုး ခမ်းနားကြီးကျယ်တဲ့ အရာ တွေဟာ လူတွေအတွက် အထင်ကြီးစရာဖြစ်ပေမဲ့ ဘုရားသခင်အတွက်တော့ အဲဒီလို မဟုတ်ပါဘူး။ ဆာလံဆရာက “ထာဝရ ဘုရား သည် မြင့်မြတ်တော် မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ ကိုကား အဝေးက သိတော်မူ၏” လို့ပြောခဲ့တယ်။ (ဆာလံ ၁၃၈:၆) တကယ်တော့ ‘လူတို့အမြင်မှာ မြင့်မြတ်သောအရာဟာ ဘုရားသခင့်မျက်မှောက်တော်မှာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ပါတယ်။’ (လုကာ ၁၆:၁၅) ဒါကြောင့် ‘စိတ်နေမြင့်’ မယ့်အစား ‘နှိမ့်ချ’ နေတာ ပိုကောင်းပါတယ်။—ရောမ ၁၂:၁၆။
“ထိုးထွင်းသိမြင်မှု” နဲ့ “နားဝင်အောင်” ပြောဆိုခြင်း
ဉာဏ်ပညာရရှိထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စကားပြောဆိုပုံအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ ပညာရှိဘုရင်က အခုလိုပြောခဲ့တယ်– ‘ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။ ယေဟောဝါကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဉာဏ်ပညာရှိသူဟာ သိနားလည်နိုင်စွမ်းရှိသူလို့ အခေါ်ခံရလိမ့်မယ်။ ကြင်ကြင်နာနာ ပြောတတ်သူဟာ နားဝင်အောင်ပြောနိုင်စွမ်းရှိတဲ့သူပဲ။ ထိုးထွင်းဉာဏ်ဟာ ပိုင်ဆိုင်သူအတွက် အသက်စမ်းရေတွင်းပဲ။ လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်။ ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။ နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။’—သုတ္တံ ၁၆:၂၀-၂၃၊ ကဘ။
ဉာဏ်ပညာဟာ ထိုးထွင်းဉာဏ်ရှိရှိ ပြောဆိုတတ်ဖို့၊ နားဝင်အောင်ပြောဆိုတတ်ဖို့ ကူညီပေးနိုင်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ဉာဏ်ပညာရှိသူဟာ ကိစ္စတစ်ခုခုဆိုရင် ကောင်းကွက်ကိုကြည့်ပြီး ‘အောင်မြင်’ ဖို့ ကြိုးစားတယ်။ ‘ယေဟောဝါကို ယုံကြည်ကိုးစားတယ်။’ သူတစ်ပါးရဲ့ကောင်းကွက်ကို ရှာတွေ့ဖို့ကြိုးစားတဲ့အခါ သူတို့ကို ချီးမွမ်းပြောချင်စိတ် ပေါ်လာတယ်။ ပြောလိုက်တဲ့ စကားလုံးတွေကလည်း ခက်ထန်တာ၊ တစ်ဖက်သားကို တိုက်ခိုက်တာမျိုး မဖြစ်ဘဲ နူးညံ့ပြီး နားဝင်ချိုပါလိမ့်မယ်။ သူတစ်ပါးရဲ့အခြေအနေကို ထိုးထွင်းသိမြင်တတ်တာက အခက်အခဲကို ဘယ်အတိုင်းအတာအထိ သူတို့ ခါးစည်းခံနေရမှန်း နားလည်ဖို့ ကူညီပေးနိုင်တယ်။
ဉာဏ်ပညာလွှမ်းတဲ့ စကားတွေဟာ နိုင်ငံတော်သတင်းဟောတဲ့အခါ၊ တပည့်ဖြစ်စေတဲ့လုပ်ငန်းမှာ ပါဝင်တဲ့အခါ သိပ် အရေးကြီးတယ်။ တခြားသူကို ကျမ်းစာသင်ပေးရတဲ့ ရည်ရွယ်ချက်က ကျမ်းဆိုင်ရာအချက်အလက်တွေကို ဝေမျှပေးဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ သူတို့ရဲ့ နှလုံးထဲအထိ သမ္မာတရားရောက်ရှိဖို့ ဖြစ်တယ်။ ဒီလိုဖြစ်နိုင်ဖို့ နားဝင်အောင် ကျွန်တော်တို့ ပြောဆိုတတ်ရမယ်။ တမန်တော်ပေါလုက တိမောသေကို ‘ယုံကြည်စိတ်ချစေတဲ့အရာများ’ မှာ တည်မြဲတည်နေဖို့ အားပေး ခဲ့တယ်။—၂ တိမောသေ ၃:၁၄၊ ၁၅။
အဘိဓာန်တစ်အုပ်ရဲ့အဆိုအရ ‘ယုံကြည်စိတ်ချစေသည်’ လို့ပြန်ဆိုထားတဲ့ မူရင်းဂရိစကားလုံးဟာ “ကျိုးကြောင်းဆင်ခြင်မှု ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာအကြောင်းရင်းတွေရဲ့ ဩဇာလွှမ်းမိုးမှုအားဖြင့် စိတ်သဘောထားကို ပြောင်းလဲစေခြင်း” ဆိုတဲ့ အဓိပ္ပာယ်ဆောင်တယ်။ (An Expository Dictionary of New Testament Words, by W. E. Vine.) နားထောင်သူရဲ့ အတွေး၊ စိတ်ဝင်စားမှု၊ အခြေအနေနဲ့ နောက်ခံကို ထိုးထွင်းသိမြင်မှသာ ယုံကြည်စိတ်ချလောက်တဲ့ ကျိုးကြောင်း ဆင်ခြင်မှုဖြစ်နိုင်ပြီး သူ့စိတ်သဘောထားကို ပြောင်းလဲစေနိုင်မှာဖြစ်တယ်။ အဲဒီလို ထိုးထွင်းသိမြင်နိုင်စွမ်းကို ဘယ်လိုရနိုင်မလဲ။ တမန်တော် ယာကုပ်က ‘လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး’ လို့ရေးခဲ့တယ်။ (ယာကုပ် ၁:၁၉၊ ကဘ) နားထောင်နေသူရဲ့ သဘောထားကို နှိုက်ထုတ်ပြီး ပြောသမျှကို အာရုံစိုက်နားထောင်ပေးရင် သူ့စိတ်ထဲ ဘာရှိတယ်ဆိုတာကို သိနိုင်ပါလိမ့်မယ်။
တမန်တော်ပေါလုဟာ တစ်ဖက်သားကို ကျိုးကြောင်းဆင်ခြင်ပြတဲ့နေရာမှာ အလွန်ထူးချွန်သူဖြစ်တယ်။ (တမန်တော် ၁၈:၄) သူ့ကို အတိုက်အခံလုပ်ခဲ့တဲ့ ပန်းတိမ်ဆရာ ဒေမေတရိကတောင် သူ့အရည်အချင်းကို အသိအမှတ်ပြုပြီး “ဤပေါလု သည် ဧဖက်မြို့တွင်သာမက အာရှနယ်တစ်ဝန်းလုံးလိုလို၌ လူ့လက်ဖြင့် လုပ်သောအရာများသည် ဘုရားမဟုတ်ဟု ဆိုလျက် လူအုပ်ကို သွေးဆောင်၍ အယူပြောင်းသွားစေကြောင်း သင်တို့လည်း မြင်လျက်ကြားလျက်ရှိကြ၏” လို့ ပြောခဲ့တယ်။ (တမန်တော် ၁၉:၂၆) တမန်တော်ပေါလုဟာ အဟောအပြောကောင်းတဲ့အတွက် သူ့ဂုဏ်သူဖော်ခဲ့သလား။ လုံးဝမဖော်ခဲ့ဘူး။ သူ့ရဲ့ဟောပြောနိုင်စွမ်းဟာ ‘ဘုရားသခင့်တန်ခိုးတော်ရဲ့ ဖော်ပြခြင်း’ ဖြစ်တယ်လို့ သူပြောခဲ့တယ်။ (၁ ကောရိန္သု ၂:၄၊ ၅) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီကို ရထားကြတယ်။ ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်ကိုးစားတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ ထိုးထွင်းသိမြင်မှုရှိရှိနဲ့ နားဝင်အောင် ပြောနိုင်ဖို့ ကိုယ်တော် ကူညီမယ် ဆိုတာ စိတ်ချနိုင်တယ်။
ဒါကြောင့် ‘ဉာဏ်ပညာရှိသူ’ ကို ‘သိနားလည်နိုင်စွမ်းရှိသူ’ လို့ခေါ်တာ မဆန်းပါဘူး။ (သုတ္တံ ၁၆:၂၁၊ ကဘ) ထိုးထွင်းသိမြင် နိုင်စွမ်းဟာ ပိုင်ဆိုင်သူအတွက် ‘အသက်စမ်းရေတွင်း’ ပါပဲ။ မိုက်မဲသူကတော့ ‘ဉာဏ်ပညာနဲ့ ဆုံးမစကားကို အထင်သေး တတ်တယ်။’ (သုတ္တံ ၁:၇၊ ကဘ) ယေဟောဝါရဲ့ဆုံးမစကားကို ငြင်းပယ်တဲ့အတွက် ဘယ်လိုဆိုးကျိုးတွေ သူတို့ခံရသလဲ။ အထက်မှာဖော်ပြထားသလိုပဲ ရှောလမုန်ကလည်း ‘လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်’ လို့ပြောခဲ့တယ်။ (သုတ္တံ ၁၆:၂၂၊ ကဘ) သူတို့ဟာ နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ဆုံးမခံရလေ့ရှိတယ်။ သူတို့ရဲ့မိုက်မဲမှုကြောင့် ပြဿနာ ဖြစ်ရတာ၊ အရှက်ကွဲရတာ၊ ရောဂါရပြီး အချိန်မတန်ခင် သေဆုံးတာတွေ ကြုံရလေ့ရှိတယ်။
ဉာဏ်ပညာဟာ ကျွန်တော်တို့ရဲ့ အပြောအဆိုအပေါ် ကောင်းတဲ့အကျိုးသက်ရောက်ပုံကို အစ္စရေးဘုရင် အခုလိုပြောခဲ့တယ်– “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။” (သုတ္တံ ၁၆:၂၄) ပျားရည်ဟာ ချိုမြိန်ပြီး ဆာလောင်နေသူကို အမြန်ဆုံး အဆာပြေစေသလို ရည်မွန်တဲ့စကားတွေဟာ ခွန်အား ဖြစ်စေပြီး စိတ်လန်းဆန်းစေတယ်။ ပျားရည်ဟာ ကျန်းမာရေးကောင်းစေပြီး အနာရောဂါကို ပျောက်ကင်းစေနိုင်တဲ့အပြင် လူနဲ့ တည့်တယ်။ ရည်မွန်တဲ့စကားတွေကလည်း လူကို အကျိုးဖြစ်ထွန်းစေပြီး စိတ်ချမ်းသာ လူကျန်းမာ ဖြစ်စေတယ်။—သုတ္တံ ၂၄:၁၃၊ ၁၄။
“မှန်တယ်ထင်” တာကို သတိပြု
“လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။” ဆိုပြီး ရှောလမုန်ပြောခဲ့တယ်။ (သုတ္တံ ၁၆:၂၅) ဒါက မှားယွင်းတဲ့ အကြောင်းပြချက်နဲ့ ဘုရားသခင်ရဲ့ ပညတ်ကိုဆန့်ကျင်ပြီးလုပ်ဖို့နဲ့ သွေးဆောင်ခံရတဲ့အခါ သတိပေးချက်ဖြစ်တယ်။ ကိစ္စရပ်တစ်ခုက လူ့ရဲ့ရှုထောင့်ကနေကြည့်ရင်တော့ မှန်တယ်လို့ထင်ရပေမဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ကျမ်းစာမူနဲ့ ဆန့်ကျင်နေတာမျိုးဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာ စာတန်ကလည်း အဲဒီလိုအမြင်ကို မှန်တယ်လို့ ယုံကြည်လာအောင် သွေးထိုးလှုံဆော်ပေးတယ်၊ နောက်ဆုံးတော့အဲ့ဒါက သေခြင်းကိုဖြစ်စေတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၁၅:၁၅) ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။
န ၁၁/၁၃ ၁၆
‘အစဉ်အမြဲပွဲခံ’ နေသလား
“ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။”—သုတ္တံ ၁၅:၁၅။
ဒီစကားတွေက ဘာကိုဆိုလိုတာလဲ။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက် အခြေအနေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ “ဆင်းရဲငြိုငြင်သောသူ” ဟာ မကောင်းတဲ့အတွေးတွေကိုပဲ တွေးနေတတ်တဲ့အတွက် သူ့ရဲ့နေ့ရက်တွေဟာ “ဆိုးယုတ်” ဒါမှမဟုတ် စိတ်ပျက်စရာဖြစ်စေတယ်။ “ရွှင်လန်းတဲ့စိတ်နှလုံး” ရှိတဲ့သူကတော့ ကောင်းတာတွေကိုပဲ အာရုံစိုက်ဖို့ကြိုးစားတဲ့အတွက် ‘အစဉ်အမြဲပွဲခံ’ နေသလိုမျိုး စိတ်ရွှင်လန်းနေတယ်။
ကျွန်ုပ်တို့အားလုံးမှာ ပြဿနာကိုယ်စီရှိကြတဲ့အတွက် အနည်းနဲ့အများဆိုသလို စိတ်မပျော် ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြုံနေရချိန်မှာတောင် ဆက်ပြီးရွှင်လန်းနေအောင် လုပ်နိုင်တဲ့အရာ တချို့ရှိပါတယ်။ သမ္မာကျမ်းစာစကားတွေကို သုံးသပ်ကြည့်ပါ။
• နက်ဖြန်အတွက် စိုးရိမ်ပူပန်လွန်းပြီး ဒီနေ့မှာ မပျော်နိုင်၊ စိတ်ဖိစီးနေရတာမျိုး အဖြစ်မခံပါနဲ့။ ယေရှုခရစ် ဒီလိုပြောခဲ့တယ်– “နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့နှင့်သက်ဆိုင်သည့် စိုးရိမ်စရာများကို ထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည် ယနေ့အတွက် တော်လောက်ပေ၏။”—မဿဲ ၆:၃၄၊ ခမ။
• သင်ပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေကို အာရုံစိုက်ဖို့ ကြိုးစားပါ။ သင်စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ သင်ပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေကို စာရင်းလုပ်ပြီး ပြန်တွေးတောဆင်ခြင်ကြည့်ပါ။ အရင်တုန်းကလုပ်ခဲ့တဲ့အမှားတွေ၊ ဆိုးကျိုးတွေကိုပဲ မတွေးပါနဲ့။ အဲဒါတွေကနေ သင်ခန်းစာယူပြီး တိုးတက်အောင်လုပ်ပါ။ ကားမောင်းတဲ့သူဟာ ကားနောက်ကြည့်မှန်ကို တစ်ချက်တစ်ချက်ပဲ ကြည့်ပါတယ်၊ တစ်ချိန်လုံးကြည့်မနေပါဘူး။ အလားတူလုပ်ဆောင်ပါ။ ဘုရားသခင်ဟာ “အပြစ်လွှတ်ခြင်းအခွင့်ကိုပိုင်” တယ်ဆိုတာကိုလည်း အမြဲစိတ်စွဲထားပါ။—ဆာလံ ၁၃၀:၄။
• စိတ်ဖိစီးမှုတွေနဲ့ ကြုံနေရချိန်မှာ သင့်ကို ကူညီပေးနိုင်သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏။ မေတ္တာစကားမူကား ဝမ်းမြောက်စေတတ်၏” ဆိုပြီး သုတ္တံ ၁၂:၂၅ [သမ္မာ] မှာဖော်ပြထားပါတယ်။ မိသားစုဝင်တစ်ယောက်ယောက်ဆီက၊ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်ယောက်ဆီက ဒါမှမဟုတ် တစ်ဖက်သားကို သံသယဝင် အဆိုးမြင်တာတွေမရှိဘဲ “အခါခပ်သိမ်း ချစ်တတ်” တဲ့သူ တစ်ယောက်ယောက်ဆီက “မေတ္တာစကား” ကို ကြားရနိုင်ပါတယ်။—သုတ္တံ ၁၇:၁၇။
သမ္မာကျမ်းစာမှာတွေ့ရတဲ့ ပညာရှိစကားတွေဟာ ဒီခက်ခဲတဲ့အချိန်ကာလမှာ ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်လိုသူများစွာကို ကူညီပေးခဲ့ပါပြီ။ အဖိုးထိုက်လှတဲ့ ကျမ်းစကားတွေကနေ သင်လည်း အကူအညီရနိုင်ပါစေ။
(သုတ္တံ ၁၆:၄) ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။
ယေဟောဝါက ‘မိမိရည်ရွယ်ချက် ပြည့်စုံလာဖို့’ အရာရာကို စီစဉ်ထား
လုပ်ဆောင်လေသမျှ ဘုရားဆီ ပုံအပ်ထားမယ်ဆိုရင် ဘာအကျိုးတွေရမလဲ။ “ယေဟောဝါက မိမိရည်ရွယ်ချက် ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထားတယ်” လို့ ပညာရှိဘုရင် ရှောလမုန်ရေးခဲ့တယ်။ (သုတ္တံ ၁၆:၄က၊ ကဘ) စကြာဝဠာကိုဖန်ဆင်းတဲ့အရှင်ဟာ ရည်ရွယ်ချက်ရှိတဲ့ဘုရားသခင်ဖြစ်တယ်။ လုပ်ဆောင်လေသမျှဘုရားဆီ ပုံအပ်ထားမယ်ဆိုရင် ဘဝဟာ အချည်းနှီးမဖြစ်ဘဲ ရည်ရွယ်ချက်တွေ၊ အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်တွေနဲ့ ပြည့်နေလိမ့်မယ်။ ကမ္ဘာမြေနဲ့ လူသားတွေအတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက်ဟာ ထာဝရတည်တံ့မယ်။ (ဧဖက် ၃:၁၁) ဘုရားသခင်က ကမ္ဘာမြေကို ဖန်ဆင်းပြီး လူသားတွေနေထိုင်စေခဲ့တယ်။ (ဟေရှာယ ၄၅:၁၈) အဲဒီအပြင် လူသားတွေအတွက် ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ဟာ တကယ်အကောင်အထည်ပေါ်လာမယ်။ (ကမ္ဘာဦး ၁:၂၈) စစ်မှန်တဲ့ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းတဲ့ဘဝဟာ အဆုံးမဲ့အသက်တာဖြစ်ပြီး ထာဝစဉ် အဓိပ္ပာယ်ပြည့်ဝနေလိမ့်မယ်။
ယေဟောဝါက “လူဆိုးတွေကို ဒုက္ခနေ့ရက် ကြုံတွေ့စေဖို့တောင် စီစဉ်ထားတယ်။” (သုတ္တံ ၁၆:၄ခ) ဘုရားသခင်ဟာ ‘လုပ်ဆောင်သမျှ ပြီးပြည့်စုံတဲ့’ အရှင်ဖြစ်တဲ့အတွက် လူဆိုးတွေကို မဖန်ဆင်းခဲ့ပါဘူး။ (တရား. ၃၂:၄) ဒါပေမဲ့ ဘုရားသခင်က အီဂျစ်ဘုရင် ဖာရောကို လုပ်ခဲ့သလို မိမိရဲ့တန်ခိုးတော်ကို ဖော်ပြမယ့်အချိန်၊ ပြင်းထန်တဲ့ တရားစီရင်ချက်ချမယ့်အချိန် မတိုင်မချင်း လူဆိုးတွေကို တည်ရှိခွင့်၊ ဆက်အသက်ရှင် ခွင့်ပြုထားတယ်။ ဥပမာ၊ ယေဟောဝါက ဖာရောကို “အကယ်စင်စစ် ငါ့တန်ခိုးကို သင်အားပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာ လည်းကောင်း သင်ကိုငါတည်စေခဲ့ပြီ” လို့ပြောခဲ့တယ်။ (ထွက်. ၉:၁၆) ကပ်ဘေးကြီးဆယ်ခု ကျရောက်စေတာ၊ ဖာရောဘုရင်နဲ့ သူ့စစ်တပ်ကို ပင်လယ်နီမှာ ဖျက်ဆီးခဲ့တာတွေဟာ ဘုရားသခင်ရဲ့ အတိုင်းအဆမရှိ တန်ခိုးတော်ကို ဖော်ပြခဲ့တဲ့ မမေ့နိုင်စရာဖြစ်ရပ်ပါပဲ။
လူဆိုးတွေအနေနဲ့ သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ့် အခြေအနေတွေဖြစ်လာအောင် ကိုယ်တော် စီစဉ်ဖန်တီးနိုင်တယ်။ ဒါကြောင့် ဆာလံဆရာက “အကယ် စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်း တော်မူမည်” လို့ပြောခဲ့တယ်။ (ဆာလံ ၇၆:၁၀) ယေဟောဝါက ရန်သူတွေကို မိမိလူမျိုးအပေါ် ဒေါသ ထွက်ခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ ဆုံးမဖို့လိုအပ်တဲ့ အတိုင်းအတာအထိပဲ ခွင့်ပြုမှာဖြစ်ပြီး ဒီနည်းနဲ့ မိမိလူမျိုးကို လေ့ကျင့်ပေးပါတယ်။
အောက်တိုဘာ ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၁၇-၂၁
“တစ်ခြားသူတွေနဲ့ သင့်မြတ်မှုရှိအောင် ကြိုးစားပါ”
(သုတ္တံ ၁၉:၁၁) သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။
“ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ”
ကောလိပ်ဘတ်စကက်ဘော နည်းပြဆရာဟာ သူ့ရဲ့ ဒေါသကို မထိန်းနိုင်လို့ အလုပ်ပြုတ်သွားတယ်။
ကလေးက လိုချင်တာမရလို့ ဝုန်းဒိုင်းကြဲပြီး သောင်းကျန်းတော့တယ်။
သားရဲ့အခန်း ရှုပ်ပွနေလို့ သားအမိနှစ်ယောက် အပြိုင်အော်ပြောနေတယ်။
ဒေါသထွက်နေတဲ့သူတွေကို ကျွန်ုပ်တို့အားလုံး မြင်ဖူးကြတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်တောင် တစ်ချိန်မဟုတ် တစ်ချိန် ဒေါသထွက်ဖူးကြတယ်။ ဒေါသက မကောင်းတဲ့ စိတ်ခံစားချက်ဖြစ်လို့ ထိန်းချုပ်သင့်တယ်ဆိုတာသိပေမဲ့ သည်းခံနိုင်တာထက် ပိုပြီးစော်ကားလာရင်တော့ ဒေါသထွက်လို့ရတယ်လို့ ဆင်ခြေပေးမိနိုင်တယ်။ အမေရိကန်စိတ်ပညာဆိုင်ရာအဖွဲ့အစည်းထုတ် ဆောင်းပါးမှာ ဒီလိုဖော်ပြထားတယ်– “သာမန်လူတစ်ယောက်က ကျန်းမာရေးကောင်းပြီး စိတ်ခံစားချက်ပုံမှန်ရှိတယ်ဆိုရင် ဒေါသထွက်တယ်ဆိုတာ ဖြစ်နေကျကိစ္စပဲ။”
အပေါ်ယံကြည့်မယ်ဆိုရင် ဒီဖော်ပြချက်က ဘုရားရဲ့လမ်းညွှန်မှုနဲ့ရေးထားတဲ့ တမန်တော်ပေါလုရဲ့ စကားတွေနဲ့ ကိုက်ညီနေပုံရတယ်။ လူတွေမှာ ဒေါသထွက်တဲ့အချိန်ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ ပေါလု ဒီလိုပြောခဲ့တယ်– “ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။” (ဧဖက် ၄:၂၆) ဒီအချက်အရ ဒေါသပေါက်ကွဲသင့်သလား၊ ဒါမှမဟုတ် ဒေါသထိန်းချုပ်ဖို့ ဘာတွေလုပ်ရမလဲ။
ဒေါသထွက်သင့်သလား
“စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် အပြစ်တော့ မလုပ်ကြနဲ့” ဆိုတဲ့ ဆာလံကျမ်းရေးသူရဲ့ စကားတွေကို ပြန်သတိရပြီး ပေါလု ဒီလမ်းညွှန်ချက်ကို ပေးတာဖြစ်တယ်။ (ဆာလံ ၄:၄၊ ကဘ) အဲဒီလမ်းညွှန်ချက်ပေးရတဲ့ ပေါလုရဲ့ရည်ရွယ်ချက်က ဘာလဲ။ သူဒီလိုဆက်ပြောခဲ့တယ်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။” (ဧဖက် ၄:၃၁) တကယ်တော့ ပေါလုဟာ ခရစ်ယာန်တွေကို ဒေါသမပေါက်ကွဲမိဖို့ တိုက်တွန်းနေတာဖြစ်တယ်။ အမေရိကန်စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းထုတ် ဆောင်းပါးမှာလည်း ဒီလိုဆက်ဖော်ပြတယ်– “လေ့လာတွေ့ရှိမှုတွေအရ ဒေါသပေါက်ကွဲတာက ဒေါသစိတ်နဲ့ ရန်လိုစိတ်ကို ပိုတိုးလာစေပြီး အခြေအနေကို ဖြေရှင်းဖို့ . . . ဘာမှအကူအညီမဖြစ်ဘူး။”
ဒါဆိုရင် ဒေါသနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်လို “ဖယ်ရှား” နိုင်မလဲ။ ရှေးအစ္စရေးဘုရင်ရှောလမုန် ဒီလိုရေးခဲ့တယ်– “လူရဲ့ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေတယ်။ ပြစ်မှားမှုကို ဗွေမယူတာဟာ သူ့ရဲ့အလှတရားပဲ။” (သုတ္တံ ၁၉:၁၁၊ ကဘ) “ထိုးထွင်းဉာဏ်က” ဒေါသထွက်နေတဲ့သူကို ဘယ်လိုကူညီပေးနိုင်မလဲ။
ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေနိုင်ပုံ
ထိုးထွင်းဉာဏ်ဆိုတာ အခြေအနေတစ်ရပ်ကို သိမြင်နိုင်စွမ်းဖြစ်တယ်။ ထိုးထွင်းဉာဏ်ရှိသူဟာ အခြေအနေတစ်ခုကို အပေါ်ယံထက်မက အတွင်းကျကျမြင်နိုင်တယ်။ တစ်ယောက်ယောက်ကြောင့် ဒေါသထွက်ရတဲ့အခါ ထိုးထွင်းဉာဏ်က ဘယ်လိုအကူအညီဖြစ်စေမလဲ။
မတရားမှုကိုမြင်တဲ့အခါ စိတ်ထဲမှာ ခံပြင်းပြီး ဒေါသထွက်လာနိုင်တယ်။ ဒါပေမဲ့ စိတ်ခံစားချက်အတိုင်း စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်မယ်ဆိုရင် ကိုယ်တိုင်ရော ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက်ကိုပါ ထိခိုက်နစ်နာစေနိုင်တယ်။ မငြိမ်းသတ်နိုင်တဲ့မီးက တစ်အိမ်လုံးကို ပြာကျသွားစေနိုင်သလို ဒေါသပေါက်ကွဲတာကလည်း ကျွန်ုပ်တို့ရဲ့ သိက္ခာ၊ တခြားသူတွေနဲ့ဆက်ဆံရေး၊ ဘုရားနဲ့ခင်မင်ရင်းနှီးမှုကိုတောင် ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဒေါသတလိပ်လိပ်ထွက်လာပြီဆိုရင် အချိန်ယူပြီး အခြေအနေကို အသေအချာသုံးသပ်ဖို့ လိုတယ်။ ကိစ္စတစ်ခုလုံးကို အသေအချာ သိမြင်သွားပြီဆိုရင် ဒေါသကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။
ရှောလမုန်ရဲ့အဖေဖြစ်သူ ဘုရင်ဒါဝိဒ်ဟာ သူ့ရဲ့ထိုးထွင်းဉာဏ်ကြောင့် အခြေအနေကို နားလည်သွားတဲ့အခါ နာဗလလို့ခေါ်တဲ့လူကို သတ်မိဖို့အဖြစ်ကနေ သီသီလေးလွတ်သွားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေဟာ နာဗလရဲ့သိုးတွေကို ယုဒလွင်ပြင်မှာ ကူညီထိန်းကျောင်းပေးခဲ့တယ်။ နောက်ပိုင်း သိုးမွေးညှပ်ချိန်ရောက်တဲ့အခါ အစားအစာနည်းနည်းပေးပါလို့ နာဗလကို ဒါဝိဒ် တောင်းဆိုခဲ့တယ်။ အဲဒီအခါ နာဗလက “ငါ့သိုးမွေးကို ညှပ်သောသူတို့အဖို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသော လူတို့အား ပေးရမည်လော” လို့ ပြန်ပြောလိုက်တယ်။ ဘယ်လောက်တောင် ရိုင်းလိုက်သလဲ။ အဲဒီစကားတွေကို ဒါဝိဒ်ပြန်ကြားတဲ့အခါ လူ ၄၀၀ ကို ခေါ်ပြီး နာဗလနဲ့ သူ့အိမ်မှာရှိတဲ့ယောက်ျားတွေအားလုံးကို သတ်ပစ်ဖို့ ထွက်လာတယ်။—၁ ဓမ္မရာဇဝင် ၂၅:၄-၁၃။
နာဗလရဲ့ဇနီးဖြစ်သူ အဘိဂဲလဟာ အကြောင်းစုံကို သိသွားတဲ့အခါ ဒါဝိဒ်နဲ့ သွားတွေ့တယ်။ ဒါဝိဒ်နဲ့ သူ့လူတွေကို တွေ့တဲ့အခါ ဒါဝိဒ်ခြေရင်းမှာ ပျပ်ဝပ်ပြီး “ကိုယ်တော်၏ကျွန်မသည် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်၏ကျွန်မစကားကို နားညောင်းတော်မူပါ” လို့ ပြောခဲ့တယ်။ ပြီးတဲ့နောက် နာဗလဟာ အသိတရားမရှိတဲ့သူဖြစ်ပြီး ဒါဝိဒ်သာ လူသတ်ပြီး လက်စားချေမယ်ဆိုရင် နောင်တရလိမ့်မယ်လို့ ဆက်ပြောခဲ့တယ်။—၁ ဓမ္မရာဇဝင် ၂၅:၂၄-၃၁။
တင်းမာတဲ့အခြေအနေကို ပြန်ထိန်းဖို့ အဘိဂဲလရဲ့စကားတွေကနေ ထိုးထွင်းဉာဏ်ကို ဒါဝိဒ် ဘယ်လိုရခဲ့သလဲ။ တစ်ချက်က နာဗလရဲ့ပင်ကိုစရိုက်ကိုက ရိုင်းစိုင်းနေမှန်း ဒါဝိဒ် နားလည်သွားတယ်။ နောက်တစ်ချက်က လက်စားချေလိုက်မယ်ဆိုရင် သူ လူသတ်မိနိုင်တယ်လို့ သိမြင်သွားတယ်။ ဒါဝိဒ်လို သင်လည်း တစ်ခုခုကြောင့် ဒေါသပေါက်ကွဲမိနိုင်တယ်။ အဲဒီအခါ ဘာလုပ်နိုင်သလဲ။ “အသက်ပြင်းပြင်းရှူပြီး ၁ ကနေ ၁၀ အထိ ရေတွက်လိုက်ပါ” လို့ ဒေါသထိန်းချုပ်နိုင်ပုံနဲ့ပတ်သက်ပြီး (Mayo Clinic) ရဲ့ ဆောင်းပါးတစ်ခုမှာ အကြံပြုထားတယ်။ မှန်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်မယ်ဆိုရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ အကျိုးဆက်တွေအပြင် ပြဿနာရဲ့အကြောင်းရင်းကိုပါ ခဏလေးစဉ်းစားကြည့်လိုက်ပါ။ ထိုးထွင်းဉာဏ်ကြောင့် သင့်ရဲ့ဒေါသ ပြေသွားပြီး လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။—၁ ဓမ္မရာဇဝင် ၂၅:၃၂-၃၅။
အခုအချိန်မှာလည်း ဒေါသထိန်းချုပ်နိုင်ဖို့ လူတချို့ အကူအညီရခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ ဆီပါစတီယန်းဟာ ပိုလန်ထောင်မှာ ထောင်ကျနေချိန် ကျမ်းစာလေ့လာပြီးတဲ့နောက် သူ့ရဲ့ဒေါသကို ထိန်းချုပ်ရမယ်ဆိုတာ နားလည်သွားတယ်။ “အရင်ဆုံး ပြဿနာအကြောင်း စဉ်းစားတယ်။ ပြီးရင် ကျမ်းစာအကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်တယ်။ ကျမ်းစာက အကောင်းဆုံး လမ်းညွှန်စာအုပ်ပဲ” လို့ သူပြောပြတယ်။
ဆက်ဆူအိုလည်း အဲဒီနည်းကို ကျင့်သုံးခဲ့တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “အလုပ်မှာ ကျွန်တော် ဒေါသထွက်လာပြီဆိုရင် တခြားသူတွေကို အော်ငေါက်တတ်တယ်။ အခု ကျွန်တော် ကျမ်းစာလေ့လာနေတော့ အော်ငေါက်မယ့်အစား အရင်ဆုံး ‘ဒါ ဘယ်သူ့ အမှားလဲ။ ပြဿနာဖြစ်တာ ငါ့ကြောင့်များလား’” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ အဲဒီလိုမေးလိုက်တော့ သူ့ရဲ့အမျက်ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။
ဒေါသထွက်တာက အစွမ်းရှိပေမဲ့ ဘုရားရဲ့တရားစကားတော်ဖြစ်တဲ့ ကျမ်းစာက ပိုပြီး အစွမ်းထက်ပါတယ်။ ကျမ်းစာအကြံပြုချက်တွေကို လိုက်လျှောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းမယ်ဆိုရင် သင်လည်း သင့်ရဲ့ထိုးထွင်းဉာဏ်နဲ့ ဒေါသကို ပြေစေပြီး ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။
(သုတ္တံ ၁၈:၁၃) အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
(သုတ္တံ ၁၈:၁၇) ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ရောက်သော်လည်း အိမ်နီးချင်းလာ၍စစ်ကြောတတ်၏။
(သုတ္တံ ၂၁:၁၃) ဆင်းရဲသောသူ၏ အော်ဟစ်သံကိုမကြားလို၍ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။
“ငြိမ်သက်ခြင်းရှိဖို့ အစဉ်ကြိုးစားအားထုတ်ပါ”
အကူအညီလိုတဲ့အခါ
၁၁ ခရစ်ယာန်တစ်ဦးက မိသားစုဝင်တစ်ဦး ဒါမှမဟုတ် ယုံကြည်သူချင်းတစ်ဦးနဲ့ ပြဿနာဖြစ်ပြီး အကြီးအကဲနဲ့စကားပြောချင်တဲ့အခါ ဘယ်လိုလုပ်မလဲ။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– အကူအညီလိုအပ်နေသူရဲ့ “အော်ဟစ်သံကိုမကြားလို၍ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။” (သု. ၂၁:၁၃) အကြီးအကဲက “နားကိုပိတ်” ထားမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ နောက်ပညာရှိစကားက ဒီလိုဆိုတယ်– “ကိုယ့်အမှုကို အဦးလျှောက်လဲသောသူသည် မှန်ဟန်ရှိသော်လည်း တစ်ဖကသားလာ၍ စစ်ကြောတတ်၏။” (သု. ၁၈:၁၇၊ သမ္မာ) အကြီးအကဲက ကြင်နာစွာနားထောင်သင့်တယ်၊ ဒါပေမဲ့ တစ်ဖက်စကားကိုပဲ နားမယောင်မိဖို့ ဂရုစိုက်သင့်တယ်။ သေချာနားထောင်ပြီးတဲ့နောက် ပြဿနာဖြစ်တဲ့သူနဲ့ စကားပြောပြီးပြီလားလို့ မေးနိုင်တယ်။ ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းနိုင်ဖို့ ကျမ်းစာမှာဖော်ပြထားတဲ့အဆင့်တွေကို သူနဲ့ပြန်သုံးသပ်နိုင်တယ်။
၁၂ သမ္မာကျမ်းစာပါ ပုံနမူနာသုံးခုက တစ်ဖက်စကားကိုပဲနားထောင်ပြီး ချက်ချင်းဆုံးဖြတ်တာက အန္တရာယ်ရှိကြောင်းဖော်ပြတယ်။ ယောသပ် သူ့ကို မုဒိမ်းကျင့်ဖို့ကြိုးစားတယ်လို့ လုပ်ကြံပြောတဲ့ ဇနီးရဲ့စကားကို ပေါတိဖာ ယုံကြည်ခဲ့တယ်။ ပေါတိဖာဒေါသူပုန်ထပြီး ယောသပ်ကို ထောင်ချလိုက်တယ်။ (က. ၃၉:၁၉၊ ၂၀) မေဖိဗောရှက်က ရန်သူတွေနဲ့ ပူးပေါင်းသွားပြီလို့ ဇိဘပြောတာကို ဘုရင်ဒါဝိဒ်ယုံကြည်ခဲ့တယ်။ ဒါဝိဒ်က မစဉ်းစားမဆင်ခြင်ဘဲ “မေဖိဗောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည် သင့်ဥစ္စာဖြစ်စေ” လို့ ပြောခဲ့တယ်။ (၂ ရာ. ၁၆:၄; ၁၉:၂၅-၂၇) ပါရှန်းအင်ပါယာကိုပုန်ကန်ဖို့ ဂျူးတွေ ဂျေရုဆလင်မြို့ရိုးတည်ဆောက်နေပြီဆိုတဲ့ သတင်းအမှားကို ဘုရင်အာတဇေရဇ် ယုံကြည်ခဲ့ပြီး တည်ဆောက်ခြင်းအလုပ်ကိုရပ်လိုက်ဖို့ အမိန့်ထုတ်ခဲ့တယ်။ ရလဒ်က ဘုရားသခင့်အိမ်တော်တည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းသွားခဲ့တယ်။ (ဧဇ. ၄:၁၁-၁၃၊ ၂၃၊ ၂၄) အကြောင်းစုံမသိဘဲမစီရင်ဖို့ တိမောသေကို ပေါလုပြောခဲ့တဲ့စကားကို ခရစ်ယာန်အကြီးအကဲတွေ လိုက်လျှောက်ခြင်းက ပညာရှိရာရောက်တယ်။—၁ တိမောသေ ၅:၂၁ ကိုဖတ်ပါ။
၁၃ ဖြစ်ကြောင်းကုန်စင်ကိုသိရပြီလို့ ယူဆရရင်တောင် “မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟု ထင်မှတ်လျှင် ထိုသူသည် သိသင့်သိအပ်သည့်အတိုင်း မသိသေး” ဆိုတဲ့အချက်ကို သတိရဖို့အရေးကြီးတယ်။ (၁ ကော. ၈:၂) ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းအသေးစိတ်ကို တကယ်သိပြီလား။ ပြဿနာဖြစ်တဲ့ပုဂ္ဂိုလ်တွေအကြောင်းကို သေသေချာချာသိသလား။ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့အခါ အကြီးအကဲတွေက အလိမ်အညာစကားတွေ၊ ကောလာဟလတွေ၊ လုပ်ကြံဖန်တီးထားမှုတွေနဲ့ လှည့်စားမခံရဖို့ အထူးသတိထားရမှာဖြစ်တယ်။ ဘုရားသခင်ခန့်အပ်ထားတဲ့ တရားသူကြီး ယေရှုခရစ်က ဖြောင့်မတ်မှန်ကန်စွာ တရားစီရင်တယ်။ ကိုယ်တော်က “မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်” ဘူး။ (ဟေရှာ. ၁၁:၃၊ ၄) ယေရှုက ယေဟောဝါရဲ့စွမ်းအားတော်လမ်းညွှန်မှုကို ခံယူတယ်။ အလားတူပဲ ခရစ်ယာန်အကြီးအကဲတွေလည်း ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကိုခံယူခြင်းအားဖြင့် အကျိုးခံစားကြရတယ်။
၁၄ အကြီးအကဲတွေက ယုံကြည်သူချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ဆုံးဖြတ်ချက်မချခင် ယေဟောဝါရဲ့စွမ်းအားတော်အကူအညီရဖို့ ဆုတောင်းဖို့လိုတယ်။ သူတို့က သမ္မာကျမ်းစာ၊ သစ္စာနဲ့သတိပညာရှိကျွန်ထုတ်ဝေတဲ့ စာပေတွေကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကို ခံယူကြတယ်။—မ. ၂၄:၄၅။
(သုတ္တံ ၁၇:၉) သူတစ်ပါးပြစ်မှားသောအမှုကို ဝှက်ထားသောသူသည် မေတ္တာကိုပြုစု၏။ ကြားပြောသောသူမူကား မိတ်ဆွေတို့ကိုကွဲပြားစေ၏။
ငြိမ်သက်ခြင်းရှိဖို့ အစဉ်ကြိုးစားအားထုတ်ပါ
၁၇ ညီအစ်ကိုညီအစ်မတွေကြားမှာဖြစ်လေ့ရှိတဲ့ အငြင်းပွားမှုအများစုက တရားရေးအရကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ကြီးလေးတဲ့အမှားတွေမဟုတ်ဘူး။ ဒါကြောင့် တခြားသူတွေရဲ့အမှားကို မေတ္တာနဲ့ဖုံးအုပ်လိုက်ခြင်းက ကောင်းပါတယ်။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “သူတစ်ပါးတို့၏အပြစ်ကို ဖြေလွှတ်သောသူသည် ခင်မင်မှုကိုလိုလားသူဖြစ်၏။ အပြစ်ကိုပြန်လည်ဖော်ထုတ်ခြင်းသည် မိတ်ပျက်စေနိုင်လေသည်။” (သု. ၁၇:၉၊ ခမ) ဒီစကားတွေအတိုင်းကျင့်သုံးခြင်းက အသင်းတော်ရဲ့ငြိမ်သက်မှုကို ဆက်ထိန်းထားဖို့၊ ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ ကျွန်ုပ်တို့အားလုံးကို ကူညီပေးပါလိမ့်မယ်။—မ. ၆:၁၄၊ ၁၅။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၁၇:၅) ဆင်းရဲသားတို့ကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့်မလွတ်ရ။
လူငယ်တို့—သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို ခံယူပါ
၁၇ သင် တစ်ဦးတည်းရှိနေချိန်မှာ ဘုရားသခင်အပေါ်သစ္စာတည်ကြည်နိုင်ဖို့အတွက် သင့်ရဲ့ “အမှားအမှန်ကိုပိုင်းခြားသိမြင်နိုင်” စွမ်းကို တိုးတက်စေဖို့လိုပြီး မှန်တယ်လို့သင်သိထားတဲ့အရာကို လုပ်ဆောင်ခြင်းဖြင့် အဲဒီအစွမ်းကို “အသုံးပြု” ပြီး လေ့ကျင့်ပေးရမှာဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) ဥပမာ၊ တေးဂီတ၊ ရုပ်ရှင် ဒါမှမဟုတ် အင်တာနက်ဆိုက်ကို ရွေးချယ်တဲ့အခါ အောက်ပါမေးခွန်းတွေမေးခြင်းက အမှားကိုရှောင်ပြီး အမှန်ကိုရွေးချယ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီအရာက ငါ့ကို သနားစာနာတတ်တဲ့သူဖြစ်စေသလား၊ ဒါမှမဟုတ် ‘သူတစ်ပါး ဘေးရောက်’ တာကို ဝမ်းမြောက်ဝမ်းသာဖြစ်စေသလား။’ (သု. ၁၇:၅) ‘ဒီအရာက ကောင်းတာကို “ချစ်” ဖို့ ကူညီပေးသလား။ ဒါမှမဟုတ် မကောင်းတာကို “မုန်း” ဖို့ အခက်တွေ့စေသလား။’ (အာ. ၅:၁၅) သင် တစ်ဦးတည်းရှိနေချိန်မှာ ပြုလုပ်တဲ့အရာတွေက သင် အမှန်တန်ဖိုးထားရာတွေကို ဖော်ပြတယ်။—လု. ၆:၄၅။
သမာဓိရှိတည်ကြည်စွာ လျှောက်လှမ်းကြစို့
၁၅ ဖြောင့်မတ်သူယောဘဟာ သူ့ကိုမုန်းတဲ့သူတစ်ဦး ဒုက္ခရောက်တာကို ဘယ်တော့မှ ဝမ်းမသာခဲ့ဘူး။ နောက်ပိုင်းမှာ ပညာရှိစကားတစ်ခွန်းက ဒီလိုသတိပေးခဲ့တယ်– ‘သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ ရှိလျှင် ယေဟောဝါသိမြင်သဖြင့် မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။’ (သု. ၂၄:၁၇၊ ၁၈) ယေဟောဝါက စိတ်နှလုံးကို သိမြင်နိုင်တဲ့အတွက် သူတစ်ပါးဒုက္ခရောက်တာကို ကျွန်ုပ်တို့ ကြိတ်ဝမ်းသာနေတာကို ကိုယ်တော်သိတော်မူပြီး ဒီလိုသဘောထားကို နှစ်သက်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ (သု. ၁၇:၅) “အပြစ်တရားကိုစီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသောအခွင့်ကို ငါပိုင်၏” လို့ပြောခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်ုပ်တို့ရဲ့လုပ်ရပ်နဲ့အညီ စီရင်မှာဖြစ်တယ်။—တရား. ၃၂:၃၅။
(သုတ္တံ ၂၀:၂၅) ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့်တွေ့မိပြီ။
လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ
အောင်မြင်သောအိမ်ထောင်ဖြစ်ရန် ပြင်ဆင်ခြင်း
၁၂ လူကြီးအရွယ်မရောက်တတ်သေးသော လူငယ်တချို့သည် စိတ်မချမ်းမြေ့စရာ၊ အထီးကျန်မှု၊ ငြီးငွေ့ဖွယ်ရာနှင့် အိမ်တွင်းပြဿနာများဖြေရှင်းနည်းဟုယူဆကာ အဆောတလျင်အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် အပြန်အလှန်မင်္ဂလာကတိကဝတ်ပြုခြင်းသည် အလွန်အရေးကြီးသည့်အရာဖြစ်သည်။ ကျမ်းစာခေတ်မှလူအချို့သည် အဘယ်အရာပါဝင်ပတ်သက်သည်ကို အသေအချာဆန်းစစ်ခြင်းမရှိဘဲ ဘုရားသခင်အား မြန်မြန်ဆန်ဆန်ကတိပေးခဲ့ကြသည်။ (သု. ၂၀:၂၅ ကိုဖတ်ပါ။) တစ်ခါတစ်ရံ လူငယ်တို့သည် အိမ်ထောင်သည်ဘဝ၏တောင်းဆိုချက်များကို လေးလေးနက်နက်မဆန်းစစ်ကြပါ။ နောက်ပိုင်း မိမိတို့သိထားသည်ထက် ပို၍ခက်ခဲရှုပ်ထွေးကြောင်း တွေ့ရှိလာကြသည်။
၁၃ သို့ဖြစ်၍ ပိုးပန်းခြင်းမပြုမီ မိမိကိုယ်ကို ဤသို့မေးပါ– ‘ဘာကြောင့် ငါ အိမ်ထောင်ပြုချင်တာလဲ။ ငါ့မှာ ဘာမျှော်လင့်စရာတွေရှိလဲ။ သူဟာ ငါ့အတွက် တကယ်ပဲသင့်တော်တဲ့သူလား။ အိမ်ထောင်သည်တစ်ဦးအနေနဲ့ ငါ့ရဲ့တာဝန်တွေအတွက် ငါပြင်ဆင်ထားသလား။’ အတွင်းကျကျဆန်းစစ်မှုပြုရန် အထောက်အကူအနေနှင့် ‘တည်ကြည်ပြီးသတိပညာရှိကျွန်’ သည် သတ်သတ်မှတ်မှတ်ဆောင်းပါးများကို ထုတ်ဝေထားသည်။ (မ. ၂၄:၄၅-၄၇) ယင်းအကြောင်းအရာများကို ယေဟောဝါ သင့်အားပေးသော အကြံဉာဏ်အဖြစ်ရှုမြင်ပါ။ ထိုတွင်ဖော်ပြထားရာများကို အသေအချာချင့်တွက်ပြီး လက်တွေ့ကျင့်သုံးပါ။ သင့်ကိုယ်သင် “ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့” ဖြစ်ရန် ဘယ်တော့မျှခွင့်မပြုပါနှင့်။ (ဆာ. ၃၂:၈၊ ၉) အိမ်ထောင်သည်ဘဝတောင်းဆိုချက်များနှင့်ပတ်သက်၍ သင်၏သိနားလည်မှုတွင် ကြီးရင့်သောသူဖြစ်ပါ။ သင်သည် ပိုးပန်းရန်သင့်တော်ပြီဟုယူမှတ်ပါက ‘စင်ကြယ်ခြင်းတွင် စံနမူနာဖြစ်’ ရန်အမြဲသတိရပါ။—၁ တိ. ၄:၁၂။
အောက်တိုဘာ ၃၁-နိုဝင်ဘာ ၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၂၂-၂၆
“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”
(သုတ္တံ ၂၂:၆) သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။
(သုတ္တံ ၂၃:၂၄၊ ၂၅) ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကိုဖြစ်ပွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။
ထင်ရာစိုင်းသော လောကတွင် သားသမီးများကို ပြုစုပျိုးထောင်ခြင်း
မြားကို လမ်းညွှန်ပေးခြင်း
ဆာလံ ၁၂၇:၄၊ ၅ တွင် မိဘကို “သူရဲ” နှင့်ခိုင်းနှိုင်းထားကြောင်း သတိပြုပါ။ ယင်းက ဖခင်တစ်ဦးတည်းသာ ဩဇာရှိသည်ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ။ အမှန်မှာ ထိုသရုပ်ဖော်ချက်တွင်ပါသောမူသည် မိခင်၊ ဖခင်အပြင် ကြင်ဖော်မဲ့မိဘများနှင့်ပါ သက်ဆိုင်သည်။ (သု. ၁:၈) “သူရဲ” ဟူသောစကားစုက မြားကိုပစ်လွှတ်ရန် အတော်အတန်ခွန်အားစိုက်ထုတ်ဖို့လိုကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ကျမ်းစာခေတ်တွင် တစ်ခါတစ်ရံ လေးတို့ကို ကြေးနီဖြင့်ကွပ်ထားပြီး စစ်သားတစ်ဦးသည် ‘လေးကိုခြေဖြင့်နင်း’ ရန် မိန့်မှာခံရသည်၊ ယင်းက လေးညှို့တင်နိုင်ရန် လေးကို ခြေဖြင့်ကန်ထားရခြင်းဖြစ်ပေမည်။ (ယေရမိ ၅၀:၁၄၊ ၂၉၊ ကဘ) မြားကို ပစ်မှတ်ဆီသို့လွှတ်ရာတွင် လေးကြိုးကိုတင်းတင်းဆွဲထားနိုင်ရန် ခွန်အားနှင့်အားစိုက်မှု အတော်လိုအပ်သည်မှာ ရှင်းနေပါသည်။
အလားတူ၊ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် အတော်ခွန်အားစိုက်ရသည်။ မြားတစ်စင်းသည် မိမိဘာသာ ပစ်မှတ်ကိုထိမှန်နိုင်မည်မဟုတ်သကဲ့သို့ ကလေးများသည် ၎င်းတို့ဘာသာ ကောင်းစွာကြီးပြင်းလာမည်မဟုတ်ပါ။ ဝမ်းနည်းစရာမှာ ယနေ့မိဘများစွာသည် ကလေးများကို ကောင်းစွာပျိုးထောင်နိုင်ရန် ထိုသို့ခွန်အားမစိုက်လိုကြပေ။ လွယ်ကူသောလမ်းစဉ်ကို သူတို့ရွေးချယ်ကြ၏။ သားသမီးများအား အမှားအမှန်၊ ကျင့်ဝတ်များ၊ လိင်နှင့်ပတ်သက်သည့်အကြောင်းများကို ရုပ်မြင်သံကြား၊ ကျောင်းနှင့် ရွယ်တူချင်းများထံမှ သင်ယူစေကြသည်။ သားသမီးများအလိုရှိရာမှန်သမျှ သူတို့လိုက်လျောကြသည်။ ထို့ပြင် ကလေးတို့အား မလုပ်ရဟူ၍ တားမြစ်ရသည်မှာ ခက်ခဲသည်ဟု သူတို့ယူမှတ်ပုံရသောကြောင့် လုပ်ခွင့်ပေးလိုက်ကြသည်၊ ကလေးများကို စိတ်မထိခိုက်စေလို၍ဟုပြောခြင်းဖြင့် သူတို့၏ဆုံးဖြတ်ချက်အတွက် ဆင်ခြေပေးတတ်ကြ၏။ အမှန်မှာ ထိုသို့အလိုလိုက်ခြင်းက ကလေးများအတွက် ရေရှည်ထိခိုက်နစ်နာမှုကိုပင် ဖြစ်သွားစေပေမည်။
သားသမီးပြုစုပျိုးထောင်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်၏။ ယင်းကို ဘုရားသခင့်နှုတ်မြွက်တော်လမ်းညွှန်ချက်အတိုင်း စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းသည် အမှန်ပင် ကြိုးစားအားထုတ်ရသော်လည်း ရလဒ်များမှာ တန်ဖိုးမဖြတ်နိုင်ပေ။ မိဘများမဂ္ဂဇင်းက ဤသို့ဆို၏– “သားသမီးများကို ထောက်ကူဖေးမပြီး ခိုင်မာပြတ်သားသည့်စည်းကမ်းများ ချမှတ်ကာ မေတ္တာဖြင့်ဆုံးမပဲ့ပြင်သော မိဘတို့၏ ကလေးများသည် အလိုလိုက်လွန်းသော သို့မဟုတ် တင်းကျပ်လွန်းသော မိဘတို့၏ ကလေးများထက် အလွန်ထူးချွန်သည်၊ လူမှုရေးအရည်အသွေးများ ပို၍တိုးတက်လာသည်၊ မိမိကိုယ်ကို ကျေနပ်မှုခံစားရပြီး ပို၍ပျော်ရွှင်သောကလေးများဖြစ်ကြသည်ဟု လေ့လာမှုများက ဖော်ပြသည်။”
ပိုမိုကောင်းမွန်သောရလဒ်တစ်ခု ရှိပါသေးသည်။ နယပုံပြင် ၂၂:၆ မှ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့” ဟူသောအပိုင်းကို အစောပိုင်းတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ကြသည်။ ထိုအခန်းငယ်တွင် “သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟုဆက်ဆို၏။ ဤမှုတ်သွင်းခံပညာရှိစကားက အောင်မြင်မှုအတွက် အာမခံချက်ပေးနေခြင်းလော။ မဟုတ်ပါ။ သင့်ကလေးတွင် လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး သူကြီးပြင်းလာသည့်အခါ ထိုသို့ပင် လွတ်လပ်စွာရွေးချယ်လုပ်ဆောင်ပေမည်။ သို့သော် ထိုအခန်းငယ်က မိဘများကို မေတ္တာပါပါအာမခံချက်တစ်ခုပေးထားသည်။ အဘယ်အရာနည်း။
သင်သည် သားသမီးများကို ကျမ်းစာအကြံပြုချက်နှင့်အညီ လေ့ကျင့်ပေးပါက ရလဒ်ကောင်းရရှိစေမည့်အခြေအနေများကို ဖန်တီးနေခြင်းဖြစ်၏၊ ယင်းမှာ ပျော်ရွှင်ပြီးတာဝန်သိတတ်သော လူကြီးများအဖြစ် သင့်ကလေးကြီးပြင်းလာသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။ (သု. ၂၃:၂၄) သို့ဖြစ်၍ အဖိုးထိုက်သော “မြားများ” ကို ပြင်ဆင်ပေးပါ၊ ကာကွယ်ပေးပါ၊ ကြိုးစား၍လမ်းညွှန်ပေးပါ။ ယင်းကြောင့် သင်ဘယ်တော့မျှ နောင်တရမည်မဟုတ်ပေ။
စာရှုသူများထံမှမေးခွန်းလွှာ
ခရစ်ယာန်ကလေးများသည် ကောင်းစွာလေ့ကျင့်ခံရမည်ဆိုပါက သူတို့သည် ယေဟောဝါ၏နည်းလမ်းတော်မှ သွေဖည်သွားလိမ့်မည်မဟုတ်ကြောင်း နယပုံပြင် ၂၂:၆ က အာမခံနေခြင်းလော။
ထိုကျမ်းချက်တွင် ဤသို့ဖတ်ရသည်– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” သစ်ပင်တစ်ပင်ရှိ ကောက်နေသော သစ်ကိုင်းငယ်တစ်ခုသည် ယင်းအတိုင်းကြီးထွားသွားသကဲ့သို့ ကောင်းစွာလေ့ကျင့်ခံထားသည့်ကလေးများသည် သူတို့ ကြီးပြင်းလာသောအခါ ယေဟောဝါ၏အမှုတော်ဆက်ထမ်းဆောင်ရန် ပို၍စိတ်ပါခဲ့ကြသည်။ မိဘတိုင်းသိထားသည့်အတိုင်း ထိုသို့သောလေ့ကျင့်ခြင်းတွင် အချိန်နှင့် ကြိုးစားအားထုတ်မှု အတော်အတန်လိုအပ်သည်။ မိမိတို့၏ကလေးများအား ခရစ်ယာန်တပည့်များဖြစ်စေရန်မှာ မိဘများသည် ပုံသက်သေကောင်းပြရမည့်အပြင် ဂရုတစိုက်ညွှန်ကြား၊ တိုက်တွန်း၊ အားပေး၊ ဆုံးမရမည်ဖြစ်သည်။ ယင်းကို နှစ်ပေါင်းများစွာ အဆက်မပြတ်၊ မေတ္တာပါပါလုပ်ရမည်။
သို့သော် ကလေးတစ်ဦးသည် ယေဟောဝါအမှုတော်ထမ်းဆောင်ခြင်းမှ သွေဖည်သွားပါက မိဘတို့၏လေ့ကျင့်မှုမှားနေသည်ဟု ယူဆရမည်လော။ မိဘများသည် မိမိတို့၏ကလေးများကို ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီ ကြိုးစားလေ့ကျင့်ကြရာ၌ အချို့ကိစ္စများတွင် လိုအပ်ချက်များရှိပေမည်။ (ဧဖက် ၆:၄၊ ကဘ) သို့သော် ကောင်းသောလေ့ကျင့်မှုက ဘုရားသခင့်အပေါ်တည်ကြည်သောကလေးများ ဖြစ်စေမည်ဟု နယပုံပြင်ကျမ်းက အာမခံနေခြင်းမဟုတ်ပါ။ မိဘများသည် မိမိတို့၏စိတ်ကြိုက်အတိုင်း ကလေးများကို ပုံသွင်း၍မရနိုင်ပါ။ လူကြီးများကဲ့သို့ပင် ကလေးများလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး နောက်ဆုံးတွင် မိမိတို့ဘဝလမ်းစဉ်ကို ကိုယ်တိုင်ရွေးချယ်ကြရမည်ဖြစ်သည်။ (တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉) မိဘများသည် အတတ်နိုင်ဆုံး စိတ်အားထက်သန်စွာလေ့ကျင့်သော်ငြားလည်း အချို့ကလေးများမှာ ကျွန်ုပ်တို့သုံးသပ်နေသည့်ကျမ်းချက်ကိုရေးသားခဲ့သူ ရှောလမုန်ကဲ့သို့ပင် ဘုရားသခင်အပေါ် မတည်ကြည်သူများဖြစ်လာခဲ့ကြသည်။ ယေဟောဝါကိုယ်တော်တိုင်တွင်ပင် မတည်ကြည်သောသားများရှိကြသည်။
ထို့ကြောင့် ဤကျမ်းချက်သည် ကလေးတစ်ဦး ကိစ္စရပ်တိုင်းတွင် “ထိုလမ်းမှမလွှဲ” ဟူ၍ အဓိပ္ပာယ်မသက်ရောက်ပါ၊ သို့သော် ယေဘုယျအားဖြင့် ဖော်ပြရသော် ထိုအတိုင်းဖြစ်မည်။ မိဘများအတွက် အားရှိစရာပါတကား! မိဘများသည် မိမိတို့၏ကလေးများအား ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လေ့ကျင့်ပေးရာတွင် မိမိတို့၏အတတ်နိုင်ဆုံး ကြိုးစားအားထုတ်မှုက ရလဒ်ကောင်းများပေါ်ထွက်စေမည်ကိုသိထားခြင်းမှ အားယူသင့်သည်။ မိမိတို့၏ကဏ္ဍသည် အရေးကြီးပြီး မိမိတို့၏သြဇာသည် ကြီးစွာသက်ရောက်မှုရှိသောကြောင့် မိဘများသည် မိမိတို့၏အခန်းကဏ္ဍကို လေးလေးနက်နက်လုပ်ဆောင်ကြရန် အားပေးခံရကြသည်။—တရားဟောရာ ၆:၆၊ ၇။
ကလေးများသည် ယေဟောဝါ၏အမှုတော်ထမ်းခြင်းမှ သွေဖည်သွားကြသည့်တိုင် မိမိတို့၏ကလေးများအား လေ့ကျင့်ပေးရာ၌ တာဝန်ကျေပွန်သောမိဘများသည် မိမိတို့၏ကလေးများ အသိတရားပြန်ဝင်လာကြလိမ့်မည်ကို မျှော်လင့်ထားနိုင်သည်။ သမ္မာကျမ်းစာအမှန်တရားသည် တန်ခိုးကြီး၏၊ မိဘများ၏လေ့ကျင့်ပေးမှုကို အလွယ်တကူမေ့ပျောက်၍မရချေ။—ဆာလံ ၁၉:၇။
(သုတ္တံ ၂၂:၁၅) မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကိုဝေးစွာနှင်တတ်၏။
(သုတ္တံ ၂၃:၁၃၊ ၁၄) သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ ၁၄ ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှကယ်နုတ်ရမည်။
ကိုယ်ကျင့်တရား ကောင်းမွန်သော ကလေးများကို ပြုစုပျိုးထောင်ခြင်း—ယင်းသည် ဖြစ်နိုင်သေးသလော
“ကျင့်ဝတ်တရား သတ်သတ်မှတ်မှတ်မရှိသည့် အလွန်ရှုပ်ထွေးနေသောလူ့ဘောင်၊ အလွန်ကွဲပြားမြားမြောင်လှသည့်အရာများ ပါဝင်သည့်ယဉ်ကျေးမှုတွင် ယခုကျွန်တော်တို့နေထိုင်နေကြသည်” ဟုကနေဒါ၊ အိုတာဝါရှိ မိသားစုအတွက် ဗဲန်နီယတက္ကသိုလ်မှ ရော်ဘတ်ဂလောစ်ဆိုပ်ကဆိုသည်။ ရလဒ်ကားအဘယ်နည်း။ သည်တိုရွန်တိုစတားသတင်းစာမှ သတင်းတစ်ပုဒ်က ဤသို့ဆိုထားသည်– “ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု၊ လူငယ်အကြမ်းဖက်မှု၊ ဆယ်ကျော်သက်ကိုယ့်ကိုယ်ကိုသတ်သေမှုတို့သည် အလွန်များပြားနေသည်။”
ထိုပြဿနာသည် မြောက်အမေရိကကိုကျော်လွန်၍ ကျယ်ပြန့်နေသည်။ အမေရိကန်နိုင်ငံ၊ ရို့ဒ်ကျွန်းရှိ ဘရောင်းတက္ကသိုလ်မှ လူသားဖွံ့ဖြိုးတိုးတက်မှုဌာနက ဒါရိုက်တာဘီးလ်ဒဲမန်သည် ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများအပြင် ဩစတြေးလျ၊ အစ္စရေးနှင့် ဂျပန်နိုင်ငံတို့တွင် ဤပြဿနာကိုလေ့လာခဲ့သည်။ လူငယ်များအတွက် လမ်းညွှန်မှုနှင့်ပတ်သက်၍ ချာ့ချ်များ၊ ကျောင်းများနှင့် အခြားအဖွဲ့အစည်းများ၏ဆုတ်ယုတ်ကျဆင်းမှုကို သူညွှန်ပြသည်။ ကျွန်ုပ်တို့၏ယဉ်ကျေးမှုသည် “အကျင့်စရိုက်နှင့် အစွမ်းအစရှိရန် ကလေးများဖန်တီးယူနိုင်အောင် အဘယ်အရာလိုအပ်သည်ကို သတိမမူမိကြပါ” ဟုသူယုံကြည်သည်။ “ဆုံးမပဲ့ပြင်မှုသည် ကလေးများ၏ကျန်းမာရေးနှင့် ကောင်းစားရေးကို ထိခိုက်စေသည်” ဟုသွန်သင်သည့် မိဘရေးရာကျွမ်းကျင်သူများအဆိုကို ကိုးကားကာ ဒဲမန်က ယင်းအဆိုသည် “ဇွတ်တရွတ်နိုင်ပြီး နာခံမှုမရှိသောကလေးများဖြစ်ပေါ်ကြီးပြင်းလာစေသည့် ပုံသေနည်းတစ်ခု” ဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။
ယနေ့ လူငယ်များ၏ လိုအပ်ရာများကားအဘယ်နည်း။ သူတို့၏စိတ်နှလုံးကို ပြုပြင်ပေးဖို့ မေတ္တာပါသောလေ့ကျင့်သွန်သင်မှု အဆက်မပြတ်လိုအပ်သည်။ အသွင်မတူသောလူငယ်များသည် ကွဲပြားခြားနားသော ဆုံးမပဲ့ပြင်မှုများလိုအပ်သည်။ ချစ်ခြင်းမေတ္တာက လှုံ့ဆော်သောအခါ ဆုံးမပဲ့ပြင်ခြင်းသည် အကျိုးသင့်အကြောင်းသင့်သဘောဖြင့်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် “ဆုံးမခြင်းကို . . . နားထောင်” ဖို့နယပုံပြင် ၈:၃၃ ၌ကျွန်ုပ်တို့ကို ပြောထားခြင်းဖြစ်သည်။ သို့သော် အချို့သူတို့သည် “စကားအားဖြင့်သာ . . . ဆုံးမ၍” မရချေ။ မနာခံမှုအတွက် သင့်တော်လျောက်ပတ်သည့်အတိုင်းအတာဖြင့် လျော်ကန်သောအပြစ်ပေးမှု လိုအပ်ပေမည်။ (သု. ၁၇:၁၀; ၂၃:၁၃၊ ၁၄; ၂၉:၁၉) ဤသို့ဆိုရာတွင် ကလေးတစ်ဦးအား ဒဏ်ရာရသည့်အထိအနာတရဖြစ်စေမည့် ဒေါသအမျက်ဖြင့်ကြိမ်လုံးနှင့်ရိုက်ခြင်း သို့မဟုတ် အလွန်အကျွံရိုက်ခြင်းကို ကျမ်းစာက ထောက်ခံနေခြင်းမဟုတ်ပါ။ (သု. ၁၆:၃၂) သို့အစား ကလေးတစ်ဦးသည် မိမိပဲ့ပြင်ခံရသည့်အကြောင်းရင်းကို နားလည်သင့်ပြီး မိဘသည် မိမိဘက်မှာရှိကြောင်းကို ခံစားစေသင့်သည်။—ဟေဗြဲ ၁၂:၆၊ ၁၁ နှိုင်းယှဉ်။
ဤလက်တွေ့ကျပြီး ကျိုးကြောင်းခိုင်လုံသော ကျမ်းဆိုင်ရာအကြံဉာဏ်ကို မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်တွင် ထင်ရှားပေါ်လွင်စေသည်။
it–2–E ၈၁၈ အပိုဒ် ၄
ကြိမ်လုံး၊ တောင်ဝှေး
မိဘရဲ့ အခွင့်အာဏာ။ “ကြိမ်လုံး” ကို သားသမီးတွေအပေါ်မှာရှိတဲ့ မိဘတွေရဲ့အခွင့်အာဏာအတွက်ပုံဆောင်အသုံးပြုတတ်တယ်။ သုတ္တံကျမ်းမှာ ဒီအခွင့်အာဏာနဲ့ပတ်သက်ပြီး ကြိမ်လုံးကို ဆုံးမပဲ့ပြင်မှုအတွက် ပကတိနဲ့ကော ပုံဆောင်အသုံးအနှုန်းအနေနဲ့ပါ မကြာခဏဖော်ပြထားတယ်။ ဘုရားသခင်ရဲ့ရှေ့မှာ မိဘတွေအနေနဲ့ ကြိမ်လုံးသုံးပြီး ကလေးတွေကို ပဲ့ပြင်ဆုံးမဖို့ တာဝန်ရှိတယ်။ ကလေးတွေကို ဆုံးမဖို့ပျက်ကွက်ခဲ့မယ်ဆိုရင် သူတို့ဘဝ ပျက်စီးပြီး အရှက်တကွဲနဲ့ အသက်ဆုံးတဲ့အထိဖြစ်နိုင်သလို မိဘတွေ ကိုယ်တိုင်လည်း ဘုရားသခင်ရဲ့ မျက်နှာသာဆုံးရှုံးနိုင်ပါတယ်။ (သု. ၁၀:၁၊ ၁၅:၂၀၊ ၁၇:၂၅၊ ၁၉:၁၃) “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကိုဝေးစွာနှင်တတ်၏။” “သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှကယ်နုတ်ရမည်။” (သု. ၂၂:၁၅၊ ၂၃:၁၃၊ ၁၄) တကယ်ဆိုရင် “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။”-သုတ္တံ ၁၃:၂၄၊ ၁၉:၁၈၊ ၂၉:၁၅။ ၁ ဓမ္မ ၂:၂၇-၃၆)
(သုတ္တံ ၂၃:၂၂) သင့်ကိုဖြစ်ပွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။
သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
အသက်ကို သင်မည်မျှတန်ဖိုးထားကြောင်း အမေးခံရပါက မည်သို့ဖြေဆိုမည်နည်း။ ကျွန်ုပ်တို့၏အသက်နှင့် အခြားသူတို့၏အသက်ကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားတတ်ကြသည်။ ယင်းကြောင့်၊ ကျွန်ုပ်တို့မကျန်းမမာဖြစ်သည့်အခါ ဆေးကုသရန် သို့မဟုတ် ပုံမှန်ဆေးစစ်မှုများပြုရန် ဆရာဝန်ထံသွားပေမည်။ ကျွန်ုပ်တို့အားလုံး ကျန်းကျန်းမာမာနှင့် အသက်ဆက်ရှင်လိုကြ၏။ သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့သူအများစုပင် မသေချင်ကြပေ၊ အသက်ဆက်ရှင်လိုကြ၏။
၂ အသက်ကို သင်တန်ဖိုးထားပုံက အခြားသူများနှင့် သင်၏ဆက်ဆံမှုများအပေါ် အကျိုးသက်ရောက်စေသည်။ ဥပမာ၊ ဘုရားသခင့်စကားတော်က ဤသို့ညွှန်ကြားသည်– “သင့်ကိုဖြစ်ပွားစေသော အဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” (သု. ၂၃:၂၂) “နားထောင်” ဟုဆိုရာတွင် စကားလုံးများကို ကြားရုံကြားခြင်းထက်မကချေ; ဤနယပုံပြင်စကားသည် ကြား၍နားထောင်ခြင်းကို ဆိုလိုသည်။ (ထွက်မြောက်ရာ ၁၅:၂၆; တရားဟောရာ ၇:၁၂; ၁၃:၁၈; ၁၅:၅; ယောရှု ၂၂:၂; ဆာလံ ၈၁:၁၃) သမ္မာကျမ်းစာအရ စကားနားထောင်ခြင်း၏အကြောင်းရင်းကား အဘယ်နည်း။ သင်၏မိဘတို့သည် သင့်ထက်အသက်ပိုကြီး၍ သို့မဟုတ် သင့်ထက် အတွေ့အကြုံပိုများ၍ကား မဟုတ်ချေ။ ဖော်ပြထားသည့်အကြောင်းရင်းမှာ သူတို့သည် “သင့်ကိုဖြစ်ပွားစေ” ခဲ့သောကြောင့်ဖြစ်၏။ ဘာသာပြန်ကျမ်းတချို့က ဤအခန်းငယ်ကို “သင့်အား အသက်ပေးခဲ့သောအဘ၏စကားကို နားထောင်လော့” ဟူ၍ ပြန်ဆိုသည်။ ထို့ကြောင့် သင့်အသက်ကို သင်တန်ဖိုးထားပါက ယင်းအသက်၏ပင်ရင်းအား ပေးဆပ်ရန်တာဝန်ရှိနေသည်ဟု သင်ခံစားရသည်။
၃ သင်သည် ခရစ်ယာန်စစ်တစ်ဦးဖြစ်မည်ဆိုလျှင် သင့်အသက်၏အဓိကရင်းမြစ်မှာ ယေဟောဝါဖြစ်ကြောင်း သင်အသိအမှတ်ပြုသည်။ ကိုယ်တော်အားဖြင့် သင် “အသက်ရှင်” သည်; သင် “လှုပ်ရှား” နိုင်သည်၊ အာရုံခံစားနိုင်စွမ်းရှိ သတ္တဝါတစ်ဦးအဖြစ် ပြုမူလုပ်ဆောင်နိုင်သည်၊ သင်သည် ယခု “ဖြစ်လျက်” ရှိပြီး ထာဝရအသက်ရှင်ရေးအတွက်အပါအဝင် အနာဂတ်အတွက် ကြိုတင်စီစဉ် စဉ်းစားထားနိုင်သည်။ (တမန်တော် ၁၇:၂၈; ဆာလံ ၃၆:၉; ဒေ. ၃:၁၁) အသက်ရှင်ခြင်းနှင့်စပ်လျဉ်း၍ အခြားသူတို့ဝေဖန်ပိုင်းခြားပုံကို နှစ်သက်သည်ထက် ဘုရားသခင်၏ရှုမြင်ပုံအတိုင်း ပြုမူဆောင်ရွက်လိုသဖြင့် နယပုံပြင် ၂၃:၂၂ နှင့်အညီ ကိုယ်တော်၏စကားကို နာခံမှုရှိရှိ “နားထောင်” သင့်သည်။
“သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏”
၁၃ မိသားစုဝင်များကို လေးမြတ်ခြင်းဟူသည် မိမိ၏ဇနီးနှင့်သားသမီးကို ဂုဏ်တင်ခြင်းထက်မက တာသွားသည်။ “အသက်ကြီးလာချိန်တွင် သင့်သားသမီးစကားကိုနားထောင်” ဟုဂျပန်စကားပုံတစ်ခုက ဆိုသည်။ ထိုစကားပုံ၏အဓိကဆိုလိုချက်မှာ အသက်အရွယ်ကြီးသောမိဘတို့သည် မိဘအခွင့်အာဏာကို အလွန်အကျွံအသုံးမပြုဘဲ အရွယ်ရောက်နေပြီဖြစ်သောသားသမီးတို့၏စကားကို ဂရုပြုသင့်ကြောင်းဖြစ်သည်။ မိဘတို့သည် သားသမီးစကား နားထောင်ပေးခြင်းဖြင့် သူတို့ကို လေးမြတ်ကြောင်းဖော်ပြခြင်းမှာ ကျမ်းစာနှင့်ညီသည်မှန်သည့်တိုင် သားသမီးတို့ကလည်း မိမိတို့ထက်အသက်ကြီးသော မိသားစုဝင်များကို မလေးမစားမပြုသင့်ပေ။ “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဟုနယပုံပြင် ၂၃:၂၂ ကဆိုသည်။ ဘုရင်ရှောလမုန်သည် ဤပညာရှိစကားနှင့်အညီ အသက်ရှင်နေထိုင်ပြီး မိခင်ဖြစ်သူက တစ်စုံတစ်ခုတောင်းဆိုရန်လာသောအခါ လေးမြတ်ရိုသေမှုပြခဲ့သည်။ ရှောလမုန်သည် မိမိ၏လက်ယာဘက်တွင် ပလ္လင်ချစေပြီး အသက်ကြီးနေသော မိခင်ဗာသရှေဘ ပြောစရာရှိသည်များကို နားထောင်ခဲ့သည်။—၃ ဓမ္မရာဇဝင် ၂:၁၉၊ ၂၀။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(သုတ္တံ ၂၄:၁၆) ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်။
ယေဟောဝါကို ချစ်မြတ်နိုးသူတွေ တိုက်မိမလဲနိုင်
လဲကျပေမဲ့ ထွက်မသွားပါနဲ့
၅ တိုက်မိလဲသွားတဲ့အခါ ကျွန်ုပ်တို့လုပ်တဲ့ လုပ်ရပ်က ကျွန်ုပ်တို့ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ တိုက်မိလဲသွားသူတချို့ဟာ ပြန်ထပြီး ဘုရားသခင်ကို ဆက်အမှုဆောင်ကြတယ်။ တချို့ကျတော့ နောင်တမရကြဘူး။ ဥပမာ သုတ္တံ ၂၄:၁၆ မှာ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်” လို့ဖော်ပြထားတယ်။
၆ ယေဟောဝါက မိမိကို ယုံကြည်အားကိုးသူတွေ တိုက်မိလဲကျပြီး ပြန်မထနိုင်တဲ့အထိ အခက်အခဲတွေကို ကြုံတွေ့ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်ုပ်တို့ ပြန်ထနိုင်အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်၊ အဲဒါမှ ကျွန်ုပ်တို့ဟာ ကိုယ်တော့်ကို ဆက်ပြီး အစွမ်းကုန် ဆည်းကပ်ဝတ်ပြုနိုင်မှာဖြစ်တယ်။ ယေဟောဝါကို စိတ်နှလုံးထဲကနေ နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဘယ်လောက်စိတ်သက်သာရာ ရလိုက်မလဲ။ မတရားသူတွေကတော့ ပြန်ထချင်စိတ်မရှိဘူး။ သူတို့ဟာ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်နဲ့ ယုံကြည်သူချင်းတွေဆီကနေ အကူအညီမယူကြဘူး၊ ပေးလာတဲ့အကူအညီကိုလည်း လက်မခံကြဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့တရားတော်ကို နှစ်သက်တဲ့သူတွေကိုတော့ အသက်ပြေးပွဲကနေ အပြီးအပိုင်ထွက်သွားအောင် ဘယ်အရာကမှ မလုပ်နိုင်ပါဘူး။—ဆာလံ ၁၁၉:၁၆၅ ကိုဖတ်ပါ။
၇ တချို့သူတွေဟာ အားနည်းချက်ကြောင့် သေးသေးမွှားမွှားအပြစ်တွေကို ထပ်ခါထပ်ခါ ပြန်လုပ်မိကြတယ်။ ဒါပေမဲ့ သူတို့က လဲသွားတဲ့အခါတိုင်း ပြန်ထဖို့ ကြိုးစားတယ်၊ ဆိုလိုတာက စိတ်ရင်းမှန်နဲ့နောင်တရပြီး မှန်ရာကိုလုပ်ဖို့ ကြိုးစားအားထုတ်ကြတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါအမြင်မှာ သူတို့ဟာ ဖြောင့်မတ်သူဖြစ်နေဆဲပဲ။ ဒီအချက်ကို ရှေးခေတ်အစ္စရေးလူတွေနဲ့ ဘုရားသခင် ဆက်ဆံပုံမှာ မြင်တွေ့နိုင်တယ်။ (ဟေရှာ. ၄၁:၉၊ ၁၀) ရှေ့အပိုဒ်မှာ ကိုးကားထားတဲ့ သုတ္တံ ၂၄:၁၆ က “လဲ” တာကို အဓိကပြောချင်တာမဟုတ်ဘဲ ပြန် “ထ” ဖို့ ယေဟောဝါကူညီပေးမှာကို အလေးပေးပြောနေတာဖြစ်တယ်။ (ဟေရှာယ ၅၅:၇ ကိုဖတ်ပါ။) ယေဟောဝါနဲ့ ယေရှုခရစ်က ကျွန်ုပ်တို့ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုယုံကြည်စိတ်ချပြီး ကျွန်ုပ်တို့ကို ပြန် “ထ” ဖို့ အားပေးတယ်။—ဆာ. ၈၆:၅; ယော. ၅:၁၉။
၈ မာရသွန်ပြေးပွဲမှာ အပြေးသမားတစ်ယောက် လဲကျသွားတယ်ဆိုရင်တောင် မြန်မြန်ပြန်ထပြီး ပန်းတိုင်ရောက်အောင် ဆက်ပြေးဖို့ အချိန်ရနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ထာဝရအသက်ပြေးပွဲမှာ ပြေးပွဲရဲ့အဆုံးဖြစ်တဲ့ ‘နေ့ရက်နဲ့ အချိန်နာရီ’ ကို ကျွန်ုပ်တို့ မသိရဘူး။ (မ. ၂၄:၃၆) ကျွန်ုပ်တို့ လဲမကျဖို့ အတတ်နိုင်ဆုံးကြိုးစားသင့်တယ်၊ ဒါမှ အဆုံးနီးလာတာနဲ့အမျှ ပြေးပွဲကို ပန်းဝင်တဲ့အထိ ဆက်ပြေးနိုင်မယ်။ ဒါဆိုရင် လဲမကျအောင် ဘယ်လိုလုပ်နိုင်သလဲ။
(သုတ္တံ ၂၄:၂၇) ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကိုဆောက်လော့။
စာရှုသူများထံမှ မေးခွန်းလွှာ
နယပုံပြင် ၂၄:၂၇ သည် အဘယ်သင်ခန်းစာပေးသနည်း။
လူငယ်တစ်ဦးကိုအကြံပေးရာတွင် ကျမ်းရေးသူတစ်ဦး ဤသို့ပြောသည်– “ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။” စွမ်းအားတော်လမ်းညွှန်မှုဖြင့်ရေးထားသော ဤပညာရှိစကားက အဘယ်အချက်ကို ဖော်ပြသနည်း။ အမျိုးသားတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊ ကိုယ်ပိုင်မိသားစုစတင်ထူထောင်ခြင်းနှင့်ဒွန်တွဲနေသည့် တာဝန်ဝတ္တရားများကို အသိအမှတ်ပြုလျက် အိမ်ထောင်မပြုမီ ကောင်းစွာပြင်ဆင်သင့်သည်။