ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb17 အောက်တိုဘာ စာ. ၃
  • ကျမ်းစာကို ဂရုတစိုက် လေ့လာတဲ့သူ ဖြစ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ဂရုတစိုက် လေ့လာတဲ့သူ ဖြစ်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • သင့်ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဆုံးခန်းကာလအတွင်း စစ်မှန်သည့် ကိုးကွယ်သူများကို ခွဲခြားသိမြင်ခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
mwb17 အောက်တိုဘာ စာ. ၃

ခရစ်ယာန်အသက်တာလမ်းစဉ်

ကျမ်းစာကို ဂရုတစိုက် လေ့လာတဲ့သူ ဖြစ်ပါ

စမ်းသပ်မှု ခံရတဲ့အခါ ဒံယေလလို သစ္စာရှိချင်သလား။ ဒံယေလဟာ နက်နဲတဲ့ ပရောဖက်ပြုချက်တွေ အပါအဝင် ကျမ်းစာကို ဂရုတစိုက် လေ့လာတယ်။ (ဒံ. ၉:၂) ကျမ်းစာကို ဂရုတစိုက်လေ့လာရင် သစ္စာရှိဖို့ အကူအညီရတယ်။ ဘယ်လိုဖြစ်နိုင်မလဲ။ ယေဟောဝါရဲ့ကတိတွေ ပြည့်စုံလာမယ်ဆိုတာကို ပိုယုံကြည်စေတယ်။ (ယောရှု ၂၃:၁၄) ဘုရားကို ချစ်တဲ့မေတ္တာ တိုးပွားလာပြီး မှန်ရာကို ပိုလုပ်ချင်စေတယ်။ (ဆာ. ၉၇:၁၀) ဒါဆို ဘယ်လို စလုပ်မလဲ။ အကြံပြုချက်တွေ ဖော်ပြထားတယ်။

ဒံယေလ ကျမ်းစာ လေ့လာနေ
  • ဘာကို လေ့လာရမလဲ။ အသင်းတော် အစည်းအဝေးတွေအတွက် ပုံမှန်ကြိုတင်ပြင်ဆင်ရမယ်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို ဖတ်တဲ့အခါ ကိုယ်နားမလည်တဲ့ အချက်တွေကို အချိန်ပေး လေ့လာရင် ပိုအကျိုးရှိတယ်။ တချို့က ကျမ်းစာကြိုဟောချက်တွေ၊ စွမ်းအားတော်အရည်အသွေး တစ်မျိုးစီ၊ ပေါလုရဲ့ သာသနာပြု ခရီးစဉ်တွေ၊ ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို ရွေးချယ် လေ့လာကြတယ်။ တကယ်လို့ ကျမ်းစာနဲ့ပတ်သက်တဲ့ မေးခွန်းပေါ်လာရင် အဲဒါကို မှတ်ထားပြီး နောက်လေ့လာမှုလုပ်တဲ့အခါ သုံးသပ်ပါ။

  • သိချင်တာတွေကို ဘယ်မှာရှာရမလဲ။ ကျမ်းစာ အဖိုးတန်ဘဏ္ဍာ ရှာတွေ့ဖို့ အကူကိရိယာများ ဗီဒီယိုကို ကြည့်ပါ။ စမ်းကြည့်တဲ့အနေနဲ့ ဒံယေလ ၇ မှာပါတဲ့ သားရဲတွေဟာ ဘယ်အာဏာစက်ကို ပုံဆောင်သလဲဆိုတာ ရှာဖွေပါ။

  • လေ့လာမှုအတွက် အချိန်ဘယ်လောက် ပေးရမလဲ။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ ပုံမှန်လေ့လာရမယ်။ အစပိုင်းမှာ အချိန်နည်းနည်းနဲ့ စပါ၊ နောက်ပိုင်း တဖြည်းဖြည်း အချိန်တိုးပေးနိုင်တယ်။ ကျမ်းစာလေ့လာတာက ဝှက်ထားတဲ့ ရတနာကို ရှာတာနဲ့တူတယ်၊ ရတနာတွေ တွေ့လာလေ ပိုလေ့လာချင်လေပဲ။ (ပညာ. ၂:၃-၆) ကျမ်းစာအသိပညာ ပိုသိချင်စိတ် တိုးများလာမယ်၊ ကိုယ်ပိုင်လေ့လာမှုလည်း ပုံမှန်ဖြစ်နေမယ်။—၁ ပေ. ၂:၂။

    ဖေဖော်ဝါရီ ၂၀၁၂ နိုးလော့! စာ. ၁၈-၂၀ [အင်္ဂလိပ်] မှာပါတဲ့ လေ့လာမှုကို ပျော်စရာဖြစ်အောင် လုပ်နိုင်တဲ့ အကြံပြုချက်တွေကို ကြည့်ပါ။

ဒံယေလ ၇ မှာပါတဲ့ သားရဲတွေဟာ ဘယ်အာဏာစက်ကို ပုံဆောင်သလဲ။

  • ခြင်္သေ့နဲ့တူပြီး လင်းယုန်တောင်ပံရှိတဲ့ သားရဲ

    ဒံ. ၇:၄

  • ဝက်ဝံနဲ့တူပြီး နံရိုးလေးချောင်း ကိုက်ထားတဲ့ သားရဲ

    ဒံ. ၇:၅

  • ကျားသစ်နဲ့တူပြီး ခေါင်းလေးလုံး၊ ကျောမှာ တောင်ပုံလေးခုရှိတဲ့ သားရဲ

    ဒံ. ၇:၆

  • သံသွားကြီးတွေနဲ့ ချိုဆယ်ချောင်းရှိတဲ့ ကြောက်စရာသားရဲ

    ဒံ. ၇:၇

ထပ်ဆင့်မေးခွန်း–

ဒံယေလ ၇:၈၊ ၂၄ ဘယ်လို ပြည့်စုံခဲ့သလဲ။

ချိုဆယ်ချောင်းထဲမှာ မျက်စိနဲ့ ပါးစပ်ရှိတဲ့ ချိုငယ်ပေါက်လာပြီး ချိုးသုံးချောင်း ကျွတ်ထွက်သွား

နောက်ထပ် လေ့လာရန်–

ဗျာဒိတ် ၁၃ မှာပါတဲ့ သားရဲတွေက ဘာကို ပုံဆောင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ