ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဩဂုတ် စာ. ၅
  • ရှေ့ဆောင်လုပ်ပြီး ယေဟောဝါကို ချီးမွမ်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်လုပ်ပြီး ယေဟောဝါကို ချီးမွမ်းပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ယေဟောဝါကို ချီးမွမ်းနိုင်တဲ့ အခွင့်ထူးတွေ တိုးများလာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သင်အရန်ရှေ့ဆောင်နိုင်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဩဂုတ် စာ. ၅
ကမ်းခြေမှာ ညီအစ်ကိုတစ်ယောက်က အမျိုးသားတစ်ယောက်ကို ကျမ်းစာ ဖတ်ပြနေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ရှေ့ဆောင် လုပ်ပြီး ယေဟောဝါကို ချီးမွမ်းပါ

ယေဟောဝါကို ချီးမွမ်းဖို့ အစ္စရေးတွေမှာ သိပ်ကောင်းတဲ့ အကြောင်းရင်းတွေ ရှိခဲ့တယ်။ သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး ဖာရောစစ်တပ်လက်ကနေ ကယ်တင်ခဲ့တယ်။ (ထွ ၁၅:၁၊ ၂) ယေဟောဝါဟာ မိမိရဲ့ လူမျိုးအတွက် ကောင်းတာတွေ ဆက်ပြီး လုပ်ပေးနေပါတယ်။ ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။—ဆ ၁၁၆:၁၂။

တစ်နည်းကတော့ အရန်ရှေ့ဆောင် ဒါမှမဟုတ် မှန်မှန်ရှေ့ဆောင် လုပ်ခြင်း ဖြစ်တယ်။ ရှေ့ဆောင်လုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်နိုင်တဲ့ ခွန်အား ပေးဖို့ ဆုတောင်းနိုင်တယ်။ (ဖိ ၂:၁၃) ညီအစ်ကို/မ များစွာကတော့ အရင်ဆုံး အရန်ရှေ့ဆောင် စလုပ်တယ်။ မတ်လ၊ ဧပြီလနဲ့ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့ လမှာ နာရီ ၃၀ ဒါမှမဟုတ် နာရီ ၅၀ နှစ်သက်ရာကို ရွေးပြီး အရန်ရှေ့ဆောင် လုပ်နိုင်တယ်။ အရန်ရှေ့ဆောင် လုပ်ရတာ ပျော်လာတဲ့အခါ မှန်မှန်ရှေ့ဆောင် လုပ်ချင်လာပါလိမ့်မယ်။ လောကအလုပ်ကို အချိန်ပြည့် လုပ်သူတွေ၊ ကျန်းမာရေး သိပ်မကောင်းသူတွေတောင် မှန်မှန်ရှေ့ဆောင် လုပ်နိုင်ကြတယ်။ (mwb ၁၆.၀၇ ၈) သေချာတာကတော့ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အတတ်နိုင်ဆုံး ချီးမွမ်းမှုကို ခံထိုက်ပါတယ်။—၁ရာ ၁၆:၂၅။

မွန်ဂိုလီယားက ညီအစ်မသုံးယောက် ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ‘မွန်ဂိုလီယားက ညီအစ်မသုံးယောက်’ ဗီဒီယိုထဲက ပြကွက်။ ရှေ့ဆောင်ညီအစ်မ သုံးယောက်ထဲက အန်ဒါရာ ဘတ်စကားပေါ် တက်ဖို့ ပြင်နေစဉ်။

    ညီအစ်မသုံးယောက်ဟာ ရှေ့ဆောင် လုပ်ဖို့ ဘယ်အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရသလဲ။

  • ‘မွန်ဂိုလီယားက ညီအစ်မသုံးယောက်’ ဗီဒီယိုထဲက ပြကွက်။ ရှေ့ဆောင်ညီအစ်မ သုံးယောက်ထဲက အွရေမ် ဗေသလ ထမင်းစားခန်းမှာ အလုပ်လုပ်နေစဉ်။

    သူတို့ ဘာကောင်းချီးတွေ ခံစားခဲ့ရသလဲ။

  • ‘မွန်ဂိုလီယားက ညီအစ်မသုံးယောက်’ ဗီဒီယိုထဲက ပြကွက်။ ရှေ့ဆောင်ညီအစ်မ သုံးယောက်ထဲက ဒေါရစ်ခ်ျခန်း အမျိုးသားတစ်ယောက်ကို ဟောပြောနေစဉ်။

    သူတို့ မှန်မှန်ရှေ့ဆောင် လုပ်လို့ ဘယ် ထပ်ဆင့်အခွင့်အရေးတွေ ရခဲ့သလဲ။

  • ‘မွန်ဂိုလီယားက ညီအစ်မသုံးယောက်’ ဗီဒီယိုထဲက ပြကွက်။ ရှေ့ဆောင်ညီအစ်မ သုံးယောက်နဲ့ သူတို့ရဲ့ အမေကို တွေ့ရစဉ်။

    သူတို့ရဲ့ စံနမူနာက တခြားသူတွေကို ဘယ်လို အကျိုးသက်ရောက်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ