ခရစ်ယာန်အသက်တာလမ်းစဉ်
ကျွန်တော်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ မှတ်မိတယ်
တခြားသူတွေအတွက် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ပေးခဲ့တာတွေ တန်ဖိုးထား မခံရဘူး၊ မေ့သွားကြပြီလို့ ခံစားရနိုင်တယ်။ ယေဟောဝါအတွက် လုပ်ဆောင်ပေးခဲ့တာတွေကော။ ကျွန်တော်တို့ စိတ်နှလုံး အကြွင်းမဲ့ ကြိုးစားလုပ်ဆောင်ခဲ့တာတွေကို ဘုရား ဘယ်တော့မှ မမေ့ဘူး။ ကျန်းမာရေးကြောင့် အရင်ကလောက် မလုပ်နိုင်တော့ရင်တောင် ကျွန်တော်တို့ကို ဘုရား ပစ်မထားဘူး။—ဟီ ၆:၁၀။
ယေဟောဝါ မှတ်မိတယ် ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ညီအစ်ကို ဟိဘ်ရှမဲန်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ ဘာတာဝန်တွေ ထမ်းဆောင်ခဲ့သလဲ။
ဇနီး ဆုံးသွားပြီးနောက်နဲ့ အသက်အရွယ် အိုမင်းချိန်မှာ ညီအစ်ကို ဟိဘ်ရှမဲန်ကို ယေဟောဝါ ဘယ်နည်းတွေနဲ့ မှတ်မိနေသလဲ။
အချိန်ပြည့်လုပ်ငန်းဟာ ညီအစ်ကို ဟိဘ်ရှမဲန်ရဲ့ အသက်တာကို ကြွယ်ဝစေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။—ပ ၁၀:၂၂