ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ နိုဝင်ဘာ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဗျာဒိတ်ကျမ်းက ဘုရားရန်သူတွေအတွက် ဘာအဓိပ္ပာယ် ရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ကြောက်စရာကောင်းတဲ့ သားရဲတွေကို မကြောက်နဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ နိုဝင်ဘာ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

မကြာခင် တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ ယေဟောဝါ ဘာ “အကြံ” ထည့်ပေးမလဲ

ကြီးစွာသောဒုက္ခအစနဲ့ပတ်သက်ပြီး ဗျာဒိတ် ၁၇:၁၆၊ ၁၇ မှာ ဒီလိုဖော်ပြထားတယ်– “ခင်ဗျား မြင်ရတဲ့ ချိုဆယ်ချောင်း ရှိတဲ့ သားရဲက ပြည့်တန်ဆာကို မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။ သူ့အသားကို စားပြီး သူ့ကို အစအန မကျန်အောင် မီးရှို့ပစ်လိမ့်မယ်။ ဘုရားသခင်က မိမိရဲ့အကြံကို သူတို့ရဲ့ စိတ်ထဲ ထည့်ပေးပြီး အကောင်အထည်ဖော်လိမ့်မယ်။ သူတို့က . . . သားရဲကို နိုင်ငံ ပေးအပ်ပြီး သူတို့မှာ ရှိတဲ့ တူညီတဲ့ အကြံကို အကောင်အထည်ဖော်လိမ့်မယ်။” တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ ယေဟောဝါ ထည့်ပေးမယ့် “အကြံ” ဟာ မှားယွင်းတဲ့ ဘာသာရေးကို ဖျက်ဆီးပစ်ဖို့အကြံ ဖြစ်တယ်လို့ အဖွဲ့အစည်း အရင်က ရှင်းပြခဲ့တယ်။

ဒါပေမဲ့ နားလည်မှု ပြုပြင်ပြောင်းလဲဖို့ လိုလာတယ်။ တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ ယေဟောဝါ ထည့်ပေးမယ့် “အကြံ” ဟာ “သားရဲကို နိုင်ငံ ပေးအပ်” ဖို့ အကြံ ဖြစ်တယ်။ ဒီကြိုဟောချက် ဘယ်လို ပြည့်စုံလာမလဲဆိုတာ နားလည်ဖို့ အောက်ပါမေးခွန်းတွေကို သုံးသပ်ကြည့်ပါ။

ကြိုဟောချက်မှာ ပါသူတွေဟာ ဘာကို ကိုယ်စားပြုသလဲ။ “မဟာဗာဗုလုန်” လို့လည်း ခေါ်တဲ့ “ပြည့်တန်ဆာ” ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ မှားယွင်းတဲ့ ဘာသာရေးအားလုံးကို ကိုယ်စားပြုတယ်။ “နီမြန်းတဲ့ သားရဲ” ဟာ ၁၉၁၉ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်းအဖြစ် စတင်တည်ထောင်ပြီး လက်ရှိမှာ ကုလသမဂ္ဂအဖြစ် ရပ်တည်နေတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းကို ကိုယ်စားပြုတယ်။ (ဗျာ. ၁၇:၃-၅) “ချိုဆယ်ချောင်း” ဟာ သားရဲကို ထောက်ခံတဲ့ အစိုးရအားလုံးကို ကိုယ်စားပြုတယ်။

ပြည့်တန်ဆာနဲ့ နီမြန်းတဲ့ သားရဲ ဆက်ဆံရေးက ဘာလဲ။ သားရဲပေါ်မှာ ပြည့်တန်ဆာ “ထိုင်နေ” တယ်။ ဆိုလိုတာက သားရဲကို ပြည့်တန်ဆာ ထောက်ခံတဲ့အပြင် ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားနေတယ်။

ပြည့်တန်ဆာ ဘာဖြစ်သွားမလဲ။ သားရဲကော သားရဲကို ထောက်ခံတဲ့ ချိုဆယ်ချောင်းပါ “ပြည့်တန်ဆာကို မုန်းလိမ့်မယ်။” မုန်းလွန်းလို့ ပြည့်တန်ဆာရဲ့ စည်းစိမ်တွေကို သိမ်းယူပြီး သူ့ဆိုးညစ်မှုတွေကို ဖော်ထုတ်ကြမယ်။ အဲဒီနောက် ပြည့်တန်ဆာကို အစတုံး ဖျက်ဆီးပစ်ဖို့ဆိုတဲ့ ယေဟောဝါရဲ့ တရားစီရင်ချက်ကို အကောင်အထည်ဖော်ကြမယ်။ (ဗျာ. ၁၇:၁။ ၁၈:၈) အဲဒါဟာ မှားယွင်းတဲ့ ဘာသာရေးရဲ့ နိဂုံးပဲ။ ဒါပေမဲ့ အဲဒီအချိန် မတိုင်ခင်မှာ လူ့အုပ်ချုပ်မှုသမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးသေးတာတစ်ခု တိုင်းနိုင်ငံတွေကို ယေဟောဝါ လုပ်စေမယ်။

တိုင်းနိုင်ငံတွေကို ယေဟောဝါ ဘာလုပ်စေမလဲ။ ချိုဆယ်ချောင်း ဖြစ်တဲ့ တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ “မိမိရဲ့အကြံ” ကို ယေဟောဝါ ထည့်မယ်။ နီမြန်းတဲ့ သားရဲ၊ ကုလသမဂ္ဂကို “သူတို့ရဲ့ တန်ခိုးနဲ့ အာဏာ” ပေးအပ်ဖို့ အကြံပါ။ (ဗျာ. ၁၇:၁၃) ဘာကို ဆိုလိုသလဲ စဉ်းစားကြည့်ပါ။ သားရဲဆီ တန်ခိုးနဲ့ အာဏာ ပေးအပ်ဖို့ အစိုးရတွေ သူတို့ဘာသာသူတို့ အကြံပေါ်လာမှာ မဟုတ်ဘူး။ ယေဟောဝါ အကြံထည့်ပေးမှာ။ (ပညာ. ၂၁:၁။ ဟေရှာယ ၄၄:၂၈ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် အာဏာကို တတိတိ လွှဲအပ်မှာ မဟုတ်ဘူး။ ရုတ်တရက် အာဏာကုန် လွှဲအပ်မှာ။ အဲဒီတော့မှပဲ အာဏာကုန် ရခါစ သားရဲက မှားယွင်းတဲ့ ဘာသာရေးအားလုံးကို တစ်ကြိမ်တည်းအပြီး ဖျက်ဆီးပစ်ခြင်းအားဖြင့် ယေဟောဝါရဲ့ တရားစီရင်ချက်ကို အကောင်အထည်ဖော်မယ်။

ကျွန်တော်တို့ ဘာမျှော်လင့်ထားရမလဲ။ ကုလသမဂ္ဂကို အစိုးရတွေ တစ်စတစ်စ ပိုထောက်ခံလာတယ်ဆိုတဲ့ သတင်းမျိုး ကျွန်တော်တို့ မျှော်လင့်နေဖို့ မလိုဘူး။ ဒါဆိုရင် ဘာမျှော်လင့်ထားရမလဲ။ ရုတ်တရက်ဆိုသလို ကုလသမဂ္ဂကို မိမိတို့ရဲ့ အာဏာ ပေးအပ်ဖို့ တိုင်းနိုင်ငံတွေရဲ့ စိတ်ထဲ ယေဟောဝါ အကြံထည့်ပေးမယ်။ အဲဒီလိုထည့်ပေးလိုက်တာနဲ့ ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာ ကျွန်တော်တို့ သိရမယ်။ မကြာခင် အပြောင်းအလဲတွေ ရုတ်တရက် ဖြစ်လာတော့မှာမို့လို့ “အိပ်မနေဘဲ နိုးနိုးကြားကြားနဲ့ သတိရှိနေကြစို့။”—၁ သက်. ၅:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ