ကျမ်းစာအသုံးအနှုန်း
“ဘုရားသခင်ဆီက ဆုကျေးဇူး” ကို အသုံးချပါ
ညီအစ်ကို/မတွေနဲ့ အပြန်အလှန် အားပေးနိုင်တာ ကျွန်တော်တို့ သိပ်နှစ်သက်ကြတယ်။ ဒါပေမဲ့ တကယ်အားပေးမှု ဖြစ်ဖို့ဆိုရင် အတူတူ ရှိနေရုံနဲ့ မလုံလောက်ဘူး။ အချင်းချင်းရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်စွမ်းဟာ “ဘုရားသခင်ဆီက ဆုကျေးဇူး” ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ရော. ၁:၁၁၊ ၁၂) အဲဒီဆုကျေးဇူးကို ဘယ်လို အပြည့်အဝ အသုံးချနိုင်သလဲ။
အပြောအဆိုနဲ့ အားပေးပါ။ ဥပမာ၊ အစည်းအဝေးမှာ မှတ်ချက်တွေပေးတဲ့အခါ ကိုယ့်အကြောင်း ပြောလွန်းတာမျိုးကို ရှောင်ပါ။ ယေဟောဝါ သင်ပေးတာ၊ ကျမ်းစာကနေ သိလာတာ၊ ညီအစ်ကို/မတွေဆီကနေ သင်ယူရတာတွေအကြောင်း မှတ်ချက်ပေးပါ။ ညီအစ်ကို/မတွေနဲ့ စကားစမြည်ပြောတဲ့အခါ ယုံကြည်ခြင်း ခိုင်ခံ့စေမယ့် အကြောင်းအရာတွေ ပြောနိုင်တယ်။
လုပ်ရပ်နဲ့ အားပေးပါ။ ဥပမာ၊ အခက်အခဲတွေ ရှိပေမဲ့ သင် အချိန်ပြည့်အမှုဆောင်နေတာကို ညီအစ်ကို/မတွေ မြင်တဲ့အခါ အားရှိနိုင်တယ်။ အလုပ်ပင်ပန်းပေမဲ့ ဒါမှမဟုတ် ကျန်းမာရေး မကောင်းပေမဲ့ ကြားရက်အစည်းအဝေး မှန်မှန်တက်တာကလည်း ညီအစ်ကို/မတွေကို အားရှိစေနိုင်တယ်။
အပြောအဆို၊ လုပ်ရပ်အားဖြင့် ညီအစ်ကို/မတွေကို သင် အားပေးနေသလား။ ညီအစ်ကို/မတွေ ဝေမျှတဲ့ “ဘုရားသခင်ဆီက ဆုကျေးဇူး” ကိုကော လက်ခံနေရဲ့လား။