ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb15 စာ. ၈၂-စာ. ၈၅ ပိုဒ်. ၃
  • ဒိုမီနီကန်သမ္မတနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒိုမီနီကန်သမ္မတနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်
  • ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb15 စာ. ၈၂-စာ. ၈၅ ပိုဒ်. ၃
စာမျက်နှာ ၈၂ ပါ ရုပ်ပုံ

ဒိုမီနီကန်သမ္မတနိုင်ငံ

ဒိုမီနီကန်သမ္မတနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

စာမျက်နှာ ၈၃ ပါ မြေပုံ

နယ်မြေ ဟစ္စပေနီယိုလာကျွန်းရဲ့သုံးပုံနှစ်ပုံလောက်က ဒိုမီနီကန်နိုင်ငံဖြစ်ပြီး နောက်တစ်ပုံက ဟေတီနိုင်ငံဖြစ်တယ်။ ဒိုမီနီကန်နိုင်ငံရဲ့ ပထဝီအနေအထားကိုကြည့်ရင် အပူပိုင်းမိုးသစ်တောတွေ၊ မိုးထိုးနေတဲ့တောင်တန်းတွေ၊ လမုတောတွေနဲ့ သဲကန္တာရတွေ အမျိုးမျိုးရောပြွမ်းနေတာကို တွေ့ရတယ်။ အမြင့်ဆုံးတောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀,၄၁၇ ပေရှိတဲ့ ပီကို ဒွါတဲတောင်ဖြစ်တယ်။ ကမ်းရိုးတန်းအများစုမှာ လှပတဲ့ ဖြူလွလွသဲသောင်ပြင်တွေရှိပြီး ကုန်းတွင်းပိုင်းမှာ ဆီဘာအူချိုင့်ဝှမ်းလို မြေသြဇာကောင်းတဲ့ချိုင့်ဝှမ်းတွေရှိတယ်။

လူမျိုး အများစုက ဥရောပ- အာဖရိက ကပြားတွေ ဖြစ်တယ်။ လူမျိုးစုတချို့လည်း ရှိတယ်။ တိုင်းတစ်ပါးကနေ ပြောင်းရွှေ့လာသူတွေထဲမှာ ဟေတီလူမျိုးက အများဆုံးပဲ။

ဘာသာစကား စပိန်စကားက ရုံးသုံးဘာသာစကားဖြစ်တယ်။

စာမျက်နှာ ၈၄၊ ၈၅ ပါ ရုပ်ပုံ

ညီအစ်ကိုညီအစ်မတွေ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေကြ

အသက်မွေးဝမ်းကျောင်း နိုင်ငံရဲ့အဓိက ဝင်ငွေရရှိတဲ့လုပ်ငန်းတွေက သတ္တုတူးဖော်ရေး၊ သကြား၊ ကော်ဖီ၊ ဆေးရွက်ကြီးလုပ်ငန်းဖြစ်တယ်။ မကြာသေးခင်က ခရီးသွားလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းကြောင့် စီးပွားရေးတိုးတက်လာတယ်။

ရာသီဥတု အပူပိုင်းဒေသရာသီဥတုဖြစ်ပြီး မျှတတယ်။ တစ်နှစ်ပတ်လုံး ပျမ်းမျှအပူချိန်က ၂၅ ဒီဂရီစင်တီဂရိတ်ရှိတယ်။ တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန်က အရှေ့မြောက်ဘက် တောင်တန်းဒေသတွေမှာ ၈၀ လက်မအထက်ရှိပြီး ခြောက်သွေ့တဲ့ဒေသတွေမှာတော့ ၃၀ လက်မအောက်ရှိတယ်။ တစ်ခါတလေ အပူပိုင်းမုန်တိုင်းနဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်တွေ ခံရတတ်တယ်။

ယဉ်ကျေးမှု ဆန်၊ ပဲနဲ့ အသီးအရွက်တွေက အဓိကအစားအစာဖြစ်တယ်။ ဒိုမီနီကန်လူမျိုးတွေဟာ ပင်လယ်စာ၊ အပူပိုင်းဒေသထွက်သီးနှံ၊ ပန်းငရုတ်နဲ့ ငှက်ပျောကြော်ကိုလည်း ကြိုက်နှစ်သက်ကြတယ်။ အဲဒီအစားအစာတချို့ကို လာဘန်ဒေရာ ဒိုမီနီကာနာ (ဒိုမီနီကန်အလံ) လို့ခေါ်တဲ့ နာမည်ကြီးဟင်းလျာတစ်မျိုးမှာ တွေ့ရတယ်။ ကျွန်းသူကျွန်းသားတွေဟာ ဘေ့စ်ဘောကစားတာ၊ သီဆိုကခုန်တာနဲ့ အထူးသဖြင့် မရင်ဂေအကကို ကြိုက်ကြတယ်။ ပတ္တလားနဲ့ဆင်တူတဲ့ တူရိယာတစ်မျိုးအပြင် ဂီတာ၊ ဗုံ၊ ပလွေ တီးမှုတ်တာကိုလည်း နှစ်သက်ကြတယ်။

နယ်မြေ (စတုရန်းမိုင်)

၁၈,၇၉၂

လူဦးရေ

၁၀,၄၀၄,၀၀၀

၂၀၁၄ ကြေညာသူအရေအတွက်

၃၈,၁၆၁

ကြေညာသူတစ်ယောက်ဟောရမယ့် လူဦးရေအချိုး

၂၇၃

၂၀၁၄ အောက်မေ့ရာပွဲ တက်ရောက်သူ

၁၃၂,၇၆၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ